မာတိကာဆီ ကျော်သွား

ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား

ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား

ဘယ်လို ထင်သလဲ

  • အဆုံးတိုင်မယ်။

  • အဆုံးတိုင်မှာ မဟုတ်ဘူး။

  • အဆုံးတိုင်ကောင်း တိုင်လိမ့်မယ်။

ကျမ်းစာအဆို

“ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ဘုရားသခင် ဖြစ်ပေါ်စေတာ မဟုတ်ဘူးဆိုတဲ့ အာမခံချက်။—ယာကုပ် ၁:၁၃

ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ ဘယ်လို ခံစားနေရတယ်ဆိုတာ ဘုရားသခင် သိမြင်တယ်ဆိုတဲ့ အသိကနေ ခံစားရတဲ့ နှစ်သိမ့်မှု။—ဇာခရိ ၂:၈

ဆင်းရဲဒုက္ခအားလုံး အဆုံးတိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်။—ဆာလံ ၃၇:၉-၁၁

ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား

စိတ်ချနိုင်တဲ့ အကြောင်းရင်း အနည်းဆုံး နှစ်ခု ရှိပါတယ်–

  • ဘုရားသခင်ဟာ ဆင်းရဲဒုက္ခတွေနဲ့ မတရားမှုတွေကို မုန်းတီးတယ်။ ကျမ်းစာခေတ်က ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေ မညှာမတာ ဖိနှိပ်ဆက်ဆံခံရတဲ့အခါ ဘုရားသခင် ဘယ်လို ခံစားခဲ့ရတယ် ဆိုတာကို သုံးသပ်ကြည့်ပါ။ သူတို့ “မတရား ဆက်ဆံ” ခံရတဲ့အတွက် ဘုရားသခင် စိတ်ထိခိုက်ခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—တရားသူကြီး ၂:၁၈

    တခြားသူတွေ ဒုက္ခရောက်အောင် ပြုလုပ်တဲ့သူတွေကို ဘုရားသခင် အလွန်မုန်းတီးတယ်။ ဥပမာ၊ “အပြစ်မဲ့သူကို သတ်တဲ့ လက်” ကို ဘုရားသခင် ရွံရှာတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။—ပညာအလိမ္မာ ၆:၁၆၊ ၁၇

  • ဘုရားသခင်က ကျွန်တော်တို့ တစ်ယောက်ချင်းစီကို ဂရုစိုက်တယ်။ လူသားတွေပဲ “ကိုယ့်စိတ်ဒုက္ခဝေဒနာကို” သိတာ မဟုတ်ဘဲ ယေဟောဝါဘုရားလည်း သိပါတယ်။—၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀

    ယေဟောဝါဘုရားဟာ မိမိရဲ့ နိုင်ငံတော်အားဖြင့် လူတစ်ယောက်ချင်းစီရဲ့ ဆင်းရဲဒုက္ခတွေကို မကြာခင် အဆုံးသတ် ပေးပါတော့မယ်။ (မဿဲ ၆:၉၊ ၁၀) ဒီအတောအတွင်း ဘုရားသခင်ဟာ မိမိကို စိတ်ရင်းမှန်နဲ့ ရှာဖွေတဲ့သူတွေကို နှစ်သိမ့်ပေးနေပါတယ်။—တမန်တော် ၁၇:၂၇။ ၂ ကောရိန္သု ၁:၃၊ ၄

စဉ်းစားကြည့်ပါ

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုတာလဲ။

အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို ရောမ ၅:၁၂ နဲ့ ၂ ပေတရု ၃:၉ တို့မှာ ဖတ်ကြည့်ပါ။