ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ

ကျမ်းစာမှာ အခြေခံမူတွေ ပါရှိပြီး ဘုရားမေတ္တာတော် ခံစားနေစေနိုင်တဲ့ စာရိတ္တစံနှုန်းတွေကို သင်ပေးတယ်။

အုပ်ချုပ်ရေးအဖွဲ့ထံမှ စာ

ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့က ဘုရားရဲ့ စကားတော် သမ္မာကျမ်းစာပါ အမှန်တရားနဲ့အညီ နေထိုင်နိုင်ပုံအကြောင်း လေ့လာကြဖို့ ယေဟောဝါဘုရားကို ချစ်မြတ်နိုးသူအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

အခန်း ၁

ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်

ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ခိုင်မာနေဖို့ ကြိုးစားအားထုတ်ရမယ်။ ဘယ်လို အောင်မြင်နိုင်မလဲ။

အခန်း ၂

ကြည်လင်တဲ့ အမှားအမှန်သိစိတ်

ဘဝမှာ ဘယ်ကို ဦးတည်ရမလဲ သိဖို့ အမှားအမှန်သိစိတ်ကို ဘုရားသခင် ထည့်သွင်းပေးထားတယ်

အခန်း ၃

ဘုရားသခင်ကို ချစ်တဲ့သူတွေကို မိတ်ဆွေဖွဲ့ပါ

မိတ်ဆွေတွေက ကျွန်တော်တို့အပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်တယ်။ မိတ်ဆွေ ရွေးချယ်တဲ့အခါ ကျမ်းစာအခြေခံမူတွေက ဘယ်လို ကူညီပေးနိုင်သလဲ။

အခန်း ၄

အခွင့်အာဏာကို ဘာကြောင့် လေးစားရသလဲ

မိသားစု၊ အသင်းတော်၊ ရပ်ကွက်မှာ အခွင့်အာဏာ လေးစားကြောင်း ပြဖို့ အကြောင်းကောင်း ရှိတယ်။

အခန်း ၅

လောကနဲ့ သီးခြားနေနိုင်ပုံ

ယေရှုက တပည့်တွေကို ‘ခင်ဗျားတို့ ဒီလောကနဲ့ ဘာမှ မပတ်သက်ဘူး’ လို့ ပြောထားတယ်။ ‘လောက’ ဆိုတာ ဘာလဲ။ ခရစ်ယာန်တွေ ဘာကြောင့် လောကနဲ့ သီးခြားနေရမလဲ။

အခန်း ၆

ဖျော်ဖြေမှု ရွေးချယ်နိုင်ပုံ

ဒီလောကရဲ့ ဖျော်ဖြေမှုဟာ တစ်ပိုင်းတစ်စ ပုပ်နေတဲ့ အသီးနဲ့ တူတယ်။ အကျိုးပြုတဲ့ဖျော်ဖြေမှုကို ရွေးချယ်ပြီး အကျိုးမပြုတဲ့ ဖျော်ဖြေမှုကို ရှောင်ဖို့ ဘာက ကူညီပေးမလဲ။

အခန်း ၇

အသက်ကို ဘုရားသခင်နည်းတူ တန်ဖိုးထားသလား

အသက်၊ သွေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ဘယ်ကျမ်းစာအခြေခံမူတွေက ကူညီပေးသလဲ။

အခန်း ၈

ယေဟောဝါက မိမိလူမျိုးကို သန့်ရှင်းစေချင်

သန့်ရှင်းခြင်းနဲ့ပတ်သက်တဲ့ ဘုရားသခင့် စံနှုန်းတွေဟာ ကိုယ်ခန္ဓာ၊ အဝတ်အစား၊ အိမ်သန့်ရှင်းခြင်းထက်မက ပါဝင်တယ်။ ဝတ်ပြုရေး၊ အမူအကျင့်၊ အတွေးအခေါ်ကိုတောင် အကျိုးသက်ရောက်နိုင်တယ်။

အခန်း ၉

“လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”

လိင်အကျင့်ယိုယွင်းခြင်းဆိုတာ ဘာလဲ။ အဲဒါကို ဘယ်လို ရှောင်နိုင်မလဲ။

အခန်း ၁၀

အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်

အိမ်ထောင်မင်္ဂလာရဲ့ အကျိုးကျေးဇူးတချို့က ဘာတွေလဲ။ အိမ်ထောင်ဖက်ကို ဘယ်လို ကောင်းစွာ ရွေးချယ်နိုင်မလဲ။ အိမ်ထောင် တည်မြဲဖို့ ဘာက ကူညီပေးနိုင်သလဲ။

အခန်း ၁၁

မင်္ဂလာဆောင်ပြီးနောက်ပိုင်း

အိမ်ထောင်တိုင်းမှာ အကောင်းအဆိုး ရှိတယ်။ ပြသာနာကြီးတွေ ရှိခဲ့ဖူးတဲ့ မောင်နှံစုံတွေတောင် ခိုင်မြဲတဲ့ အိမ်ထောင် တည်ဆောက်နိုင်ကြတယ်။

အခန်း ၁၂

“ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ”

အပြောအဆိုက အလွန်အကျိုးပြုနိုင်သလို အလွန်ထိခိုက်စေနိုင်တယ်။ ဒီဆုလက်ဆောင်ကို ကောင်းစွာ အသုံးပြုနိုင်ပုံအကြောင်း ယေဟောဝါ သင်ပေးတယ်။

အခန်း ၁၃

ပွဲနေ့အားလုံးကို ဘုရားသခင် လက်ခံသလား

ပွဲနေ့တွေ၊ အခါကြီးရက်ကြီးတွေဟာ လူ့ဘဝမှာ အရေးကြီးကဏ္ဍတစ်ခု ဖြစ်နေတယ်။ ပွဲနေ့တွေနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ရှုမြင်ပုံကို နားလည်ဖို့ ဘာက ကူညီပေးမလဲ။

အခန်း ၁၄

အရာရာမှာ ရိုးသားပါ

ရိုးသားဖို့ အခက်တွေ့စေနိုင်တဲ့ ကဏ္ဍလေးခုနဲ့ ရိုးသားခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်း သုံးသပ်ကြည့်ပါ။

အခန်း ၁၅

အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ

ဖန်ဆင်းရှင်က ကျွန်တော်တို့ကို လုပ်ဆောင်ရာတွေနဲ့ပတ်သက်ပြီး ကျေနပ်ပျော်ရွှင်မှု ခံစားရစေချင်တယ်။ ဒါကြောင့် အလုပ်မှာ ပျော်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ ခရစ်ယာန်တွေ ရှောင်သင့်တဲ့ အလုပ်အမျိုးအစား ရှိသလား။

အခန်း ၁၆

မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ

စာတန် ချုပ်ကိုင်ထားတဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်နေကြရတယ်။ ဘုရားသခင်နဲ့ ဘယ်လို ရင်းရင်းနှီးနှီး နေနိုင်မလဲ။ ရန်သူ့လက်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်နိုင်မလဲ။

အခန်း ၁၇

ဘုရားမေတ္တာတော် ဆက်ခံစားနေပါ

ကျမ်းရေးသူတစ်ယောက်က ခရစ်ယာန်တွေကို “အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်” ဖို့ အားပေးခဲ့တယ်။ ဘယ်လို တည်ဆောက်နိုင်သလဲ။

ရှင်းလင်းချက်များ

ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ စာအုပ်ပါ စကားလုံးများ၊ စကားစုများရဲ့ အဓိပ္ပာယ်များ