မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

သတင်းကောင်းဆိုတာ ဘာလဲ

သတင်းကောင်းဆိုတာ ဘာလဲ

၁။ ဘုရား​သခင်​ဆီက​လာတဲ့ သတင်း​က ဘာလဲ။

ဘုရား​သခင်​က လူတွေ​ကို ဒီ​ကမ္ဘာပေါ်မှာ ပျော်ပျော်​ရွှင်​ရွှင် နေထိုင်​စေချင်တယ်။ ကမ္ဘာ​အပါအဝင် အရာခပ်သိမ်း​ကို ဖန်ဆင်း​ခဲ့တာ​က လူတွေ​ကို ချစ်​လို့​ဖြစ်တယ်။ မကြာခင် လူတွေ​အတွက် ကောင်းမွန်​တဲ့ အနာဂတ်​ကို ပြင်ဆင်ပေး​ပါ​တော့မယ်။ ဆင်းရဲဒုက္ခ ဖြစ်ပေါ်​စေတဲ့ အကြောင်းရင်း​တွေကို ဖယ်ရှား​ပေး​ပြီး လူတွေ​ကို သက်သာရာရ​စေ​ပါ​တော့မယ်။​—ယေရမိ ၂၉:၁၁ ကိုဖတ်ပါ။

ဘယ်​လူ့အုပ်ချုပ်မှု​ကမှ အကြမ်းဖက်မှု၊ ရောဂါ​နဲ့ သေခြင်း​တို့​ကို မဖယ်ရှား​ပေးနိုင်​ခဲ့​ ပါဘူး။ ဒါပေမဲ့ သတင်းကောင်း ရှိ​ပါတယ်။ မကြာခင် လူ့အုပ်ချုပ်မှု​အားလုံး​ကို ဘုရားသခင့်​ အုပ်ချုပ်မှု​နဲ့ အစားထိုး​ပါ​တော့မယ်။ ဘုရားသခင့်​အုပ်ချုပ်မှုကို လက်အောက်ခံ​တဲ့​သူ တွေဟာ ငြိမ်သက်​အေးချမ်း​ပြီး ကျန်းမာ​နေကြ​ပါလိမ့်မယ်။​—ဟေရှာယ ၂၅:၈။ ၃၃:၂၄။ ဒံယေလ ၂:၄၄၊ ၄၅ တို့ကိုဖတ်ပါ။

၂။ အခု​ချိန်မှာ သတင်းကောင်းကို ဘာကြောင့် အာရုံစိုက်​သင့်သလဲ။

ဒီ​ကမ္ဘာ​ပေါ်ကနေ လူဆိုး​တွေကို ဘုရား​သခင် ဖယ်ရှားပြီး​မှသာ ဆင်းရဲဒုက္ခ​တွေ အဆုံးတိုင်​ပါလိမ့်မယ်။ (ဇေဖနိ ၂:၃) ဘယ်တော့ အဆုံးတိုင်​မှာ​လဲ။ အခု လူတွေ​ကို ခြိမ်းခြောက်​နေတဲ့ အခြေအနေ​တွေအကြောင်း ကျမ်းစာမှာ ကြိုပြော​ထားပါတယ်။ အခု ကမ္ဘာပေါ်မှာ ဖြစ်နေ​တဲ့​အရာတွေ​က ဘုရား​သခင် အရေးယူ​လုပ်ဆောင်​မယ့်​အချိန် နီးကပ်​လာပြီ​ဆိုတာ ဖော်ပြနေတယ်။​—၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။

၃။ ကျွန်တော်တို့ ဘာ​လုပ်သင့်​သလဲ။

ကျမ်းစာမှာ​ပါတဲ့ ဘုရား​သခင်​အကြောင်း လေ့လာ​သင့်ပါတယ်။ ကျမ်းစာ​ဟာ​ မေတ္တာ​ပြည့်ဝ​တဲ့​ဖခင်​တစ်​ဦး ပေးလိုက်​တဲ့ စာတစ်စောင်​နဲ့​တူ​တယ်။ အခုအချိန်မှာ ကောင်းမွန်​တဲ့​အသက်တာ​နဲ့ အနာဂတ်မှာ ထာဝရ​အသက်​ကို ဘယ်လို​ရ​နိုင်တယ် ဆိုတာ​တွေကို​ ကျမ်းစာ​မှာ ဖော်ပြထားတယ်။ သင် ကျမ်းစာ​လေ့လာ​နေတာကို တချို့​လူတွေ ကြိုက်​ချင်​မှ ကြိုက်​ပါလိမ့်မယ်။ ဒါပေမဲ့ ကောင်းမွန်​တဲ့​အနာဂတ်​ကို ကျွန်တော်တို့ ပိုင်ဆိုင်​နိုင်တယ်​ဆိုတာ ဘုရား​သခင် ကတိပြု​ထားတဲ့အတွက် တခြား​သူတွေ​ကြောင့် မ​လေ့လာ​ဘဲ မနေ​သင့်​ပါဘူး။​—ပညာအလိမ္မာ ၂၉:၂၅။ ဗျာဒိတ် ၁၄:၆၊ ၇ တို့ကိုဖတ်ပါ။