မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အင်ဒိုနီးရှားနိုင်ငံ

ညွှန်ကြားချက်ကိုနာခံလို့ အသက်ရှင်လွတ်မြောက်ခဲ့

ဗလာဆီယပ်စ် ဒါဂိုမက်စ်

ညွှန်ကြားချက်ကိုနာခံလို့ အသက်ရှင်လွတ်မြောက်ခဲ့
  • မွေးဖွားတဲ့နှစ်– ၁၉၆၃

  • နှစ်ခြင်းခံတဲ့နှစ်– ၁၉၉၅

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း– မာလုကူကျွန်းစုထဲက အမ်ဘွန်ကျွန်းမှာ ဘာသာရေးပဋိပက္ခ ဖြစ်ပွားချိန်အတွင်း သိုးတော်စုကို မေတ္တာပါပါ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ အကြီးအကဲဖြစ်တယ်။

၁၉၉၉၊ ဇန်နဝါရီ ၁၉ ရက်မှာ မွတ်စလင်နဲ့ခရစ်ယာန်တွေကြား ဖြစ်ပွားတဲ့ရန်ပွဲကနေ ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ အဲဒီနေရာက ကျွန်တော့်အိမ်နဲ့ဆို ၂ မိုင်လောက် ဝေးတယ်။ အခြေအနေကတော့ ထိန်းမနိုင်သိမ်းမရပဲ။ *

ကျွန်တော့်မိသားစုကို လုံခြုံတဲ့နေရာမှာ ထားပြီးနောက် တခြားကြေညာသူတွေဆီ ဖုန်းဆက်ပြီး အခြေအနေမေးကြည့်တယ်။ စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့၊ အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင်ဖို့ သူတို့ကိုမှာတယ်။ နောက်ပိုင်းမှာ အကြီးအကဲတွေက သိုးတော်စုဆီ လည်ပတ်အားပေးတယ်၊ အုပ်စုလေးတွေဖွဲ့ပြီး စည်းဝေးလုပ်ခိုင်းတယ်။

ဌာနခွဲရုံးက အန္တရာယ်ရှိတဲ့ဒေသမှာနေထိုင်တဲ့ ညီအစ်ကိုညီအစ်မအားလုံးကို ပြောင်းရွှေ့ခိုင်းတယ်။ အဲဒီညွှန်ကြားချက်ကို ကျွန်တော်တို့က မိသားစုတွေကို ပြန်ပြောပြတယ်။ ညီအစ်ကိုတစ်ယောက်က မပြောင်းရွှေ့ခဲ့လို့ နောက်ပိုင်းမှာ လက်နက်ကိုင်လူစုရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်။ ဒါပေမဲ့ ဌာနခွဲရုံးကလာတဲ့ ညွှန်ကြားချက်ကို လိုက်နာသူတိုင်း အသက်ရှင်လွတ်မြောက်ခဲ့ကြတယ်။

^ စာပိုဒ်၊ 1 မာလုကူခရိုင်မှာဖြစ်ပွားတဲ့ အဲဒီပဋိပက္ခဟာ နှစ်နှစ်ကျော်ကြာပြီး ထောင်နဲ့ချီတဲ့လူတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရတယ်။