မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Maremagnum/Corbis Documentary via Getty Images

သတိနဲ့ စောင့်နေကြပါ

အစ္စရေးနိုင်ငံကနေ အာမဂေဒုန်စစ်ပွဲ စတင်ဖြစ်ပွားမလား—ကျမ်းစာအဆိုက ဘာလဲ

အစ္စရေးနိုင်ငံကနေ အာမဂေဒုန်စစ်ပွဲ စတင်ဖြစ်ပွားမလား—ကျမ်းစာအဆိုက ဘာလဲ

 အာမဂေဒုန်ဆိုတာ ကမ္ဘာ့ဒေသတစ်ခုလောက်မှာ ဖြစ်ပွားတဲ့စစ်ပွဲမဟုတ်ဘဲ ဘုရားသခင်နဲ့ လူ့အစိုးရရှိရှိသမျှ တိုက်ခိုက်ကြမယ့် ကမ္ဘာချီစစ်ပွဲဖြစ်တယ်လို့ ကျမ်းစာဆိုတယ်။

  •   “နတ်ဆိုးတွေရဲ့ သတင်းစကား . . . တွေက လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေဆီ ထွက်သွားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီးမှာ တိုက်မယ့် စစ်ပွဲအတွက် သူတို့ကို စုရုံးစေတယ်။ သူတို့က ဘုရင်တွေကို ဟီဘရူးစကားနဲ့ အာမဂေဒုန် လို့ခေါ်တဲ့ အရပ်မှာ စုရုံးတယ်။”—ဗျာဒိတ် ၁၆:၁၄၊ ၁၆

 “အာမဂေဒုန်” ဆိုတဲ့စကားဟာ “မေဂိဒေါတောင်” လို့အဓိပ္ပာယ်ရတဲ့ ဟီဘရူးစကားလုံး ‘ဟာမဂေဒုန်’ ကနေ ဆင်းသက်လာတယ်။ မေဂိဒေါဟာ ရှေးခေတ်အစ္စရေးနယ်မြေထဲက မြို့တစ်မြို့ဖြစ်တဲ့အတွက် အစ္စရေးနိုင်ငံကနေ အာမဂေဒုန် စစ်ပွဲစတင်မယ်လို့ လူတချို့ထင်ကြတယ်။ ဒါပေမဲ့ မေဂိဒေါဒေသ ဒါမှမဟုတ် အရှေ့အလယ်ပိုင်း ဒေသတစ်ခုခုဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေ” နဲ့ စစ်တပ်တွေ စုံရုံးနိုင်လောက်တဲ့အထိ ကြီးမားကျယ်ပြန့်ခြင်း မရှိဘူး။

 ဗျာဒိတ်ကျမ်းကို တင်စားချက် “အမှတ်သင်္ကေတတွေ” နဲ့ ရေးထားတာပါ။ (ဗျာဒိတ် ၁:၁) ဒါကြောင့် အာမဂေဒုန်ဆိုတာ ပကတိနေရာဒေသတစ်ခုကို ရည်ညွှန်းနေတာ မဟုတ်ဘဲ ဘုရားသခင့်အုပ်ချုပ်မှုကို တိုင်းနိုင်ငံတွေ နောက်ဆုံးအကြိမ် ဆန့်ကျင်အံတုကြမယ့် ကမ္ဘာချီအခြေအနေကို ရည်ညွှန်းတယ်။—ဗျာဒိတ် ၁၉:၁၁-၁၆၊ ၁၉-၂၁