မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၃၇

ရဲစွမ်းသတ္တိ ပေးလှည့်ပါ

ရဲစွမ်းသတ္တိ ပေးလှည့်ပါ

ကူးယူပါ–

(တမန်တော် ၄:၂၉)

  1. ၁။ နိုင်ငံတော်သတင်း ဟောပြောစဉ်၊

    နာမတော် သက်သေခံစဉ်

    လူများစွာ ဆန့်ကျင်တိုက်ခိုက်ကာ၊

    အရှက်ခွဲရှုတ်ချကြငြား၊

    လူကို ကြောက်စိတ်မရှိဘဲ

    ကိုယ်တော့်ကိုပဲ နာခံရမယ်။

    စွမ်းအားတော် မစပေးသနားပါ။

    အို ယေဟောဝါ၊ နားထောင်ပေးပါ။

    (ထပ်ကျော့ပိုဒ်)

    ဟောပြောရဲဖို့ သတ္တိပေးပါ။

    ကြောက်စိတ်ကင်းဖို့ ကူညီပါ။

    ကိုယ်ကို စိတ်ချယုံကြည်စေပါ။

    လူတွေအားလုံး ကြားဖို့ရာ။

    အာမဂေဒုန် ရောက်ဖို့နီးပြီ။

    ထိုနေ့ကြီး ရောက်ရှိလာတဲ့ထိ

    ဟောပြောရဲဖို့ သတ္တိပေးပါ။

    ဆုတောင်းလျက်သာ။

  2. ၂။ ကြောက်ရွံ့စိုးထိတ်စိတ် ဝင်နိုင်ငြား

    မြေမှုန့်မှန်း ကိုယ်တော်သိထား။

    ထောက်မပေးဖို့ အာမခံထား

    ကတိတော်ကို တို့ကိုးစား။

    နှိပ်စက်ရှုတ်ချသူများရဲ့

    ခြိမ်းခြောက်စကားတွေကို ကြားလှည့်။

    နာမတော်နဲ့ ရဲရင့်စွာဟောရာ

    ဆက်လက်မစကူညီပေးပါ။

    (ထပ်ကျော့ပိုဒ်)

    ဟောပြောရဲဖို့ သတ္တိပေးပါ။

    ကြောက်စိတ်ကင်းဖို့ ကူညီပါ။

    ကိုယ်ကို စိတ်ချယုံကြည်စေပါ။

    လူတွေအားလုံး ကြားဖို့ရာ။

    အာမဂေဒုန် ရောက်ဖို့နီးပြီ။

    ထိုနေ့ကြီး ရောက်ရှိလာတဲ့ထိ

    ဟောပြောရဲဖို့ သတ္တိပေးပါ။

    ဆုတောင်းလျက်သာ။

(၁ သက်. ၂:၂; ဟေဗြဲ ၁၀:၃၅ တို့ကိုလည်းကြည့်ပါ။)