မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ဂျူး​ဗိမာန်တော် အစောင့်​ရဲမက်တွေ​ဆိုတာ ဘယ်သူတွေလဲ။ သူတို့ရဲ့ တာဝန်​က ဘာလဲ။

ပုရောဟိတ် မဟုတ်တဲ့ လေဝိ​အမျိုးသားတွေရဲ့ တာဝန်ထဲမှာ ဗိမာန်တော် အစောင့်​ရဲ​မက်​တာဝန်လည်း ပါတယ်။ သူတို့က ဗိမာန်တော်မှူး​ရဲ့ လက်အောက်မှာ ရှိတယ်။ အစောင့်​ရဲမက်​တွေရဲ့ တာဝန်နဲ့​ပတ်သက်ပြီး ဂျူး​စာရေး​ဆရာ ဖီလို ဒီလိုဖော်ပြတယ်– “တချို့က ဗိမာန်တော်ဝင်း ဝင်ပေါက်​မှာ၊ တချို့ကတော့ သန့်ရှင်း​ရာ ဌာန​ရှေ့မှာ စောင့်ကြပ်​ကြတယ်။ သန့်ရှင်း​ရာ ဌာန​ထဲ အခွင့်​မရှိသူတွေ ရည်ရွယ်ချက်​ရှိ​ရှိ ဒါမှမဟုတ် မတော်တဆ ဝင်​မလာ​စေဖို့ ဖြစ်တယ်။ တချို့က ဗိမာန်တော်​ပတ်လည်​ကို မနက်​ည အလှည့်ကျ ကင်း​လှည့်​ရတယ်။”

ဂျူး​တရားရုံးချုပ်​က အစောင့်​ရဲမက်တွေ​ကို လိုအပ်​သလို သုံးနိုင်တယ်။ သူတို့ဟာ လက်နက်ကိုင်​ဆောင်ဖို့ ရောမ​အစိုးရ​က ခွင့်ပြု​ထားတဲ့ တစ်ခုတည်းသော ဂျူး​အုပ်စု ဖြစ်တယ်။

“နေ့တိုင်း ဗိမာန်တော်မှာ သွန်သင်​နေတုန်းက​တော့ မ​ဖမ်း​ကြဘူး ဆိုပြီး အဖမ်းခံရ​ချိန်မှာ ယေရှု ပြောတဲ့​စကားအ​ရ (မ. ၂၆:၅၅) ယေရှုကို လာ​ဖမ်း​သူတွေဟာ ဗိမာန်တော် အစောင့်​ရဲမက်တွေ ဖြစ်ကြောင်း ထင်ရှားတယ်” လို့ ကျမ်းပညာရှင် ဂျို​အေကင် ရေ​ရီ​မီ​အက်စ် ပြောတယ်။ အဲဒီ​မတိုင်ခင် ယေရှုကို လာ​ဖမ်း​သူတွေဟာ​လည်း ဗိမာန်တော် အစောင့်​ရဲမက်တွေ ဖြစ်တယ်လို့ စာရေးသူ ယူဆတယ်။ (ယော. ၇:၃၂၊ ၄၅၊ ၄၆) နောက်ပိုင်း ယေရှု​တပည့်တွေကို ဖမ်းခေါ်​လာဖို့ ဗိမာန်တော်မှူး​နဲ့ ရဲ​မက်​တချို့ကို ဂျူး​တရားရုံးချုပ်​က လွှတ်လိုက်တယ်။ တမန်တော် ပေါလုကို ဗိမာန်တော်​ကနေ ဆွဲထုတ်​တာ​လည်း ဗိမာန်တော် အစောင့်​ရဲမက်တွေ ဖြစ်နိုင်တယ်။—တ. ၄:၁-၃။ ၅:၁၇-၂၇။ ၂၁:၂၇-၃၀