မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ သွန်သင်ရာ

သမ္မာကျမ်းစာ သွန်သင်ရာ

ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ တရားမျှတမှု ရှိ​နိုင်​ပါ​ဦး​မလား

သင် ဘယ်လို ထင်​ပါသလဲ

  • ရှိ​နိုင်တယ်

  • မရှိ​နိုင်​ဘူး

  • ရှိ​ကောင်း​ရှိ​နိုင်တယ်

ကျမ်းစာ သွန်သင်ရာ

“ယေဟောဝါက နိမ့်ကျ​သူတွေ​ဘက်က​နေ ခုခံကာကွယ်​ပေးမယ်၊ နွမ်းပါးသူ​တွေကို တရား​သဖြင့် စီရင်​ပေးမယ်​ဆိုတာ ကျွန်တော်​သိ​ပါတယ်။” (ဆာလံ ၁၄၀:၁၂) ကမ္ဘာပေါ်မှာ စစ်မှန်တဲ့​တရားမျှတမှု ရှိလာ​အောင် ဘုရားနိုင်ငံတော်​က လုပ်ဆောင်​ပေးမယ်။

ကျမ်းစာ​မှ နောက်ထပ်​သင်ယူနိုင်ရာများ

  • လောလောဆယ် ကမ္ဘာပေါ်မှာ​ရှိနေ​တဲ့ မမျှတမှု​တွေကို ဘုရားသခင် မြင်​တယ်။ ကိုယ်တော် တည့်မတ်ပေး​မယ်။ —ဒေသနာ ၅:၈

  • ဘုရားသခင်ရဲ့ တရားမျှတမှု​ကြောင့် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှု​နဲ့ လုံခြုံမှု ရှိလာ​မယ်။—ဟေရှာယ ၃၂:၁၆-၁၈

ဘုရားသခင်​ဟာ လူ​တစ်မျိုး​ကို နောက်​တစ်မျိုး​ထက် မျက်နှာသာ ပို​ပေးသလား

လူတချို့ ယုံကြည်ရာ . . . ဘုရားသခင်​က လူတချို့ကို ကောင်းချီးပေး​ပြီး တချို့ကို​ကျတော့ ကျိန်စာတိုက်​တယ်။ လူအားလုံး​ကို ဘုရား တန်းတူ​သဘောထား​တယ်လို့ ယုံကြည်သူ​တွေလည်း ရှိတယ်။ သင် ဘယ်လို ထင်​ပါသလဲ။

ကျမ်းစာ သွန်သင်ရာ

‘ဘုရားသခင် မျက်နှာမလိုက်​ဘူး။ ဘယ်​လူမျိုး​ဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ​ပြီး မှန်ရာ​လုပ်​မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှု​ကို ရတယ်။’ (တမန်တော် ၁၀:၃၄၊ ၃၅) ဘုရား​ရှေ့မှာ လူအားလုံး​ဟာ တန်းတူ​ပဲ။

ကျမ်းစာ​မှ နောက်ထပ်​သင်ယူနိုင်ရာများ

  • ကျမ်းစာမှာ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့​လူတွေ” အတွက် “သတင်းကောင်း” ပါတယ်။ —ဗျာဒိတ် ၁၄:၆