မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တဆေး​ရဲ့ ဆဲလ်​ဟာ အလွန်​တရာ ဆန်းကြယ်​ရှုပ်ထွေး​ပါ​တယ်။ တဆေး​ရဲ့ ဆဲလ်​တစ်ခု​ချင်း​စီ အလယ်မှာ ဒီအဲန်အေ ရှိတယ်။ အဲဒီအပြင် ဆဲလ်​တစ်ခု ရှင်သန်​ဖို့ မော်လီကျူး​တွေ​ကို အမျိုးအစား ရွေးထုတ်၊ သယ်ယူ​ပို့ဆောင်၊ ပြုပြင်​ပြောင်းလဲ​ပေး​တဲ့ သေးငယ်​တဲ့ စက်​ကလေး​တွေ ရှိတယ်။

သက်ရှိ​တွေ​ကနေ ဘာ​သိရသလဲ

သက်ရှိ​တွေ​ကနေ ဘာ​သိရသလဲ

ကျွန်တော်​တို့ ဝန်းကျင်​မှာ​ ရှိတဲ့ သက်ရှိ​တွေ​ဟာ ရှင်သန်၊ ကြီးထွား၊ မျိုးပွား​နေကြတယ်။ သက်ရှိ​တွေ​ကြောင့် ကမ္ဘာ​ဂြိုဟ်​ဟာ ထူးထူးခြားခြား ဆန်းကြယ်​လှပ​နေပါတယ်။ လူသားတွေဟာ သက်ရှိ​တွေ​အကြောင်း အရင်ကထက် ပို​သိလာ​ကြပြီ။ သက်ရှိ​တွေ ဘယ်က စ​သလဲ။ အောက်ပါ​အချက်​တွေ​ကို သုံးသပ်ကြည့်​ပါ။

သက်ရှိ​တွေ​ဟာ ပုံစံ​ပြု​ခံ​ထား​ရ​ကြောင်း ထင်ရှား​တယ်။ သက်ရှိ​တွေ​ဟာ သေးငယ်​တဲ့ ဆဲလ်​တွေ​နဲ့ ဖွဲ့စည်းထား​တာ​ ဖြစ်တယ်။ သက်ရှိ​တွေ ရှင်သန်​မျိုးပွား​နိုင်​ဖို့ ဆဲလ်တွေ​ဟာ စက်ရုံ​ငယ်​လေး​တွေ​လို ဆန်းကြယ်​ရှုပ်ထွေး​တဲ့ အလုပ်​တာဝန်​များစွာ​ကို လုပ်ဆောင်တယ်။ သာမန် သက်ရှိ​တွေ​မှာ​တောင် အဲဒီလို ဆန်းကြယ်​ရှုပ်ထွေး​တဲ့ လုပ်ဆောင်မှုတွေကို တွေ့ရ​တယ်။ ဥပမာ၊ ပေါင်မုန့်​ ဖုတ်​တဲ့​အခါ သုံးတဲ့ တဆေး​ကို စဉ်းစား​ကြည့်​ပါ။ တဆေး​ဟာ ဆဲလ်​တစ်မျိုး​ ဖြစ်တယ်။ လူ့​ဆဲလ်​နဲ့ နှိုင်းယှဉ်​လိုက်ရင် တဆေး​ရဲ့ ဆဲလ်​က ရိုးရှင်း​ပုံ​ရတယ်။ ဒါပေမဲ့ ဆန်းကြယ်​ရှုပ်ထွေး​လှပါတယ်။ တဆေး​ရဲ့ ဆဲလ်​တစ်ခု​ချင်း​စီ​ရဲ့ အလယ်မှာ ဒီအဲန်အေ (DNA) ရှိတယ်။ ဒီအဲန်အေ​က ဆဲလ်​ရဲ့ လုပ်ဆောင်မှုကို ညွှန်ကြား​တယ်။ အစားအစာ​ထဲ တဆေး​ ထည့်​လိုက်တဲ့အခါ ဆဲလ်​တွေ​က တဆေး အာနိသင် ​ပြဖို့ လိုအပ်​တဲ့ လောင်စာ​ ရရှိအောင် ဓာတု​ပစ္စည်း​တွေ​ကို ဖြိုခွဲ​ပေးတယ်။ အစားအစာ​ထဲ မ​ထည့်​ဘူး၊ ဖြိုခွဲ​စ​ရာ​ မရှိဘူး​ဆိုရင် ဆဲလ်​ရဲ့ လုပ်ဆောင်မှု ငြိမ်သက်​သွားတယ်။ ဒါကြောင့် တဆေး​ကို စား​ဖို​ဆောင်​မှာ အချိန်​အတော်ကြာ သိမ်းထား​နိုင်တယ်။ ပေါင်မုန့်​ ဖုတ်​ဖို့ သုံးတဲ့​အချိန်မှာ တဆေး​က ပြန်​အလုပ်လုပ်တယ်။

သိပ္ပံ​ပညာရှင်​တွေ​ဟာ လူ့​ဆဲလ်​အကြောင်း ပို​သိနိုင်ဖို့ တဆေး​ရဲ့ ဆဲလ်​တွေ​အကြောင်း နှစ်ပေါင်း​များစွာ သုတေသန လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ နားမလည်​တဲ့ အချက်များစွာ ရှိနေသေး​တယ်။ “ရိုးရှင်းတဲ့ တဆေး​ရဲ့ လုပ်ဆောင်မှုကို လေ့လာ​ဖို့​တောင် ဇီဝ​ဗေဒ​ ပညာရှင် အလုံအလောက်​ မရှိဘူး” လို့ ဆွီဒင်​နိုင်ငံ၊ နည်း​ပညာ​ တက္ကသိုလ်က ပါမောက္ခ ရော့စ်​ကင်း ပြော​ခဲ့တယ်။

သင် ဘယ်လို ထင်​သလဲ။ ရိုးရှင်းတဲ့ တဆေး​ရဲ့ ဆန်းကြယ်​ရှုပ်ထွေးမှု​က ပုံစံ​ပြု​ခံရ​မှန်း ဖော်ပြ​တဲ့ အထောက်အထား​ပဲ မဟုတ်လား။ ပုံစံ​ပြုသူ​ မရှိဘဲ သူ့အလိုလို ဖြစ်လာ​နိုင်​ပါ့​မလား။

သက်ရှိ​ကနေ​ပဲ သက်ရှိ ဖြစ်ပေါ်​လာနိုင်တယ်။ ဒီအဲန်အေ​ဟာ န​ယူ​က​လီ​ယို​တိုက်​လို့​ ခေါ်​တဲ့ မော်လီကျူး​နဲ့ ဖွဲ့စည်းထား​တယ်။ လူ့​ဆဲလ်​တစ်ခု​ဆီ​မှာ န​ယူ​က​လီ​ယို​တိုက် ၃.၂ ဘီလီယံ ရှိတယ်။ ဒီအဲန်အေ​ထဲမှာ​ ရှိတဲ့ ဓာတု​ဒြပ်​ပေါင်းစု​တွေ​က ပုံစံ​ပြာ​အဖြစ် ဖွဲ့စည်း​ပြီး အင်ဇိုင်း​တွေ၊ ပ​ရို​တိ​န်း​တွေ ထုတ်လုပ်ဖို့ ညွှန်ကြား​တယ်။

န​ယူ​က​လီ​ယို​တိုက်​တွေ အကြိမ် သန်းပေါင်း​များစွာ (၁ အနောက်​မှာ သု​ည ၁၅၀) အလိုအလျောက် ပေါင်းစပ်​ရင်တောင် ဒီအဲန်အေ​ တစ်ကြိမ်​ပဲ ဖြစ်လာ​နိုင်တယ်လို့ သိပ္ပံ​ပညာရှင်​တွေ ဆို​ကြတယ်။ အဲဒီလို ဖြစ်လာ​နိုင်​စ​ရာ​အကြောင်း ရှိ​ပုံ​ မရပါ​ဘူး။

သက်မဲ့​ကနေ သက်ရှိ​ ဖြစ်​လာအောင် သိပ္ပံ​ပညာရှင်​တွေ ဘယ်​တုန်း​ကမှ မ​လုပ်နိုင်​ခဲ့​ကြဘူး။

လူ့​အသက်​က ထူးခြားတယ်။ လူသားတွေဟာ တခြားသက်ရှိ​တွေနဲ့ မတူဘဲ ဘဝကို အပြည့်အဝ ပျော်မွေ့နိုင်​တဲ့ ထူးခြားတဲ့ စွမ်းရည်​တွေ ရှိတယ်။ တီထွင်​ဖန်တီး​နိုင်စွမ်း၊ ပြောဆို ဆက်သွယ်​နိုင်စွမ်း၊ ခံစားချက်​ကို ဖော်ပြ​နိုင်စွမ်း ရှိကြတယ်။ ကြား​နိုင်၊ မြင်နိုင်၊ အရသာ​ခံနိုင်၊ အနံ့ခံ​နိုင်၊ အရောင်အသွေး​တွေ​ကို မြင်နိုင်စွမ်း​လည်း ရှိကြတယ်။ အနာဂတ်​ကို ကြိုတင်​ စီစဉ်​နိုင်တယ်၊ ဘဝ​အဓိပ္ပာယ်​ကို ရှာဖွေ​နိုင်တယ်။

သင် ဘယ်လို ထင်​သလဲ။ သက်ရှိ​တွေ ရှင်သန်​မျိုးပွား​ဖို့ လိုအပ်​လို့ ဒီ​စွမ်းရည်​တွေ ဆင့်ကဲ ဖြစ်ပေါ်​လာတာ​လား ဒါမှ​မဟုတ် အသက်​က မေတ္တာ​ရှိတဲ့ ဖန်ဆင်း​ရှင်​ဆီက လက်ဆောင်​ ဖြစ်​မှန်း ဖော်ပြ​သလား။