မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အက်စ်တာနာမြို့တော်

သူတို့မြေ၊ သူတို့ဓလေ့

ကာဇက်စတန်သို့ အလည်တစ်ခေါက်

ကာဇက်စတန်သို့ အလည်တစ်ခေါက်

ရှေးတုန်းက ကာဇက်လူမျိုးတွေဟာ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ကြတယ်။ အခုချိန်မှာတော့ ကာဇက်လူမျိုးတချို့ဟာ ရာသီအလိုက် စားကျက်ရွှေ့ပြောင်းပြီး တိရစ္ဆာန်တွေ ထိန်းကျောင်းကြတယ်။ နွေရာသီဆိုရင် အေးမြတဲ့ ကုန်းပြင်မြင့်မှာ ထိန်းကျောင်းတယ်၊ ဆောင်းရာသီ နီးလာရင် အအေးပေါ့တဲ့ မြေနိမ့်လွင်ပြင်ဆီ ခေါ်သွားတယ်။

ကာဇက်တချို့ကတော့ မြို့ကြီးတွေမှာ နေထိုင်ကြတယ်။ သူတို့ရဲ့ ရိုးရာဓလေ့၊ အစားအသောက်၊ လက်မှုပညာတွေကတစ်ဆင့် ရှေးတုန်းက လှည့်လည်နေထိုင်သူတွေရဲ့ ဘဝကို ခံစားကြည့်လို့ရတယ်။ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ကဗျာလင်္ကာနဲ့ သီချင်း၊ ရိုးရာတူရိယာနဲ့ တီးခတ်တဲ့ တေးဂီတကို နှစ်သက်ကြတယ်။

ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်တဲ့ ကာဇက်တွေရဲ့ ရွှေ့ပြောင်းရလွယ်တဲ့ ရိုးရာအိမ်ကို ကြည့်ရင် လူတွေဟာ သဘာဝဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်တယ်ဆိုတာ သိရတယ်။ သိုးထိန်းတွေဟာ ရိုးရာအိမ်နဲ့ နေကြတုန်းပဲ။ မြို့ပြမှာနေသူတွေကတော့ အထူးအခမ်းအနားကျမှ သုံးလေ့ရှိတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုလို့ရတဲ့ ရိုးရာအိမ်တွေလည်း ရှိတယ်။ ရိုးရာအိမ်အတွင်းပိုင်း အလှဆင်ထားပုံကို ကြည့်ရင် ကာဇက်အမျိုးသမီးတွေရဲ့ လက်ရာမြောက်တဲ့ ပန်းထိုးဇာထိုးပညာ၊ ရက်ကန်းပညာ၊ ကော်ဇောရက်လုပ်တဲ့ပညာကို တွေ့နိုင်တယ်။

ရိုးရာအိမ်အတွင်းပိုင်း

ကျေးလက်နေ ကာဇက်လူမျိုးတွေဟာ မြင်းတွေကို တန်ဖိုးထားကြတယ်။ မြင်းနဲ့ပတ်သက်တဲ့ ကာဇက်အခေါ်အဝေါ် အနည်းဆုံး ၂၁ မျိုးရှိပြီး အဓိပ္ပာယ် မသိမသာကွဲပြားတယ်။ မြင်းရဲ့ အရောင်အဆင်းကို ဖော်ပြတဲ့ စကားလုံး ၃၀ ကျော်ရှိတယ်။ မြင်းကောင်းမြင်းသန့်ဆိုရင် စျေးကြီးပြီး အဖိုးတန်လက်ဆောင်အဖြစ် ပေးကြတယ်။ ကျေးလက်ဒေသက ကောင်လေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မြင်းစီးသင်ကြတယ်။

ကာဇက်ရိုးရာအစားအစာမှာ အသားပါလေ့ရှိတယ်၊ အပူအစပ်တွေ မပါဘူး။ ကုလားအုတ်နို့နဲ့လုပ်တဲ့ ဒိန်ချဉ်၊ ကျန်းမာရေးနဲ့ညီတယ်ဆိုတဲ့ မြင်းနို့ကို မက်မက်မောမော သောက်ကြတယ်။

အယ်လ်မတီမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို လာရောက် လည်ပတ်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

ရှားပါးတဲ့ နှင်းကျားသစ်ဟာ နွေရာသီမှာ မြင့်မားတဲ့ ကာဇက်စတန်တောင်တန်းပေါ် ကျက်စား