မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပန်းတိုင်တွေ​ဟာ ပုံစံပြာနဲ့ တူတယ်။ ကြိုးစား​ရင် တကယ်​ဖြစ်လာနိုင်တယ်။

လူငယ်များ​အတွက်

၁၂– ပန်းတိုင်များ

၁၂– ပန်းတိုင်များ

ဆိုလိုရင်း

ပန်းတိုင်​ဆိုတာ ဖြစ်ချင်​တဲ့ စိတ်ကူး​အိပ်မက်​လောက်​ပဲ မဟုတ်ဘူး။ တကယ့်​ပန်းတိုင်တွေ​မှာ အစီအစဉ်ချတာ၊ ပြောင်းသာလဲသာ​ရှိတာ၊ ဖြတ်လမ်း​မလိုက်ဘဲ အလုပ်​ကြိုးစားတာ ပါဝင်တယ်။

ပန်းတိုင်​ရောက်ဖို့ ရက်သတ္တပတ်​အနည်းငယ်​ကြာတဲ့ ရေ​တို​ပန်းတိုင်တွေ၊ လအနည်းငယ်​ကြာတဲ့ အလယ်အလတ်​ပန်းတိုင်တွေ၊ နှစ်နဲ့ချီ​တဲ့​ကြာတဲ့ ရေရှည်​ပန်းတိုင်တွေ ရှိတယ်။ ရေ​တို၊ အလယ်အလတ် ပန်းတိုင်တွေကို ပြည့်မီပြီဆိုရင် ရေရှည်​ပန်းတိုင် ပြည့်မီနိုင်မယ်။

ဘာကြောင့် အရေးကြီးသလဲ

ပန်းတိုင်​ပြည့်မီခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု တိုးစေတယ်။ ခင်မင်​ရင်းနှီးမှု တိုးစေတယ်။ ပိုပျော်ရွှင်စေတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု။ ပန်းတိုင်​လေး​တွေ ချမှတ်ပြီး ပြည့်မီသွားတဲ့အခါ ပန်းတိုင်​ကြီး​တွေ ချမှတ်​ဖို့ ယုံကြည်စိတ်ချမှု ရှိလာတယ်။ ရွယ်တူချင်း​ဖိအား​စတဲ့ နေ့စဉ်​ပြဿနာတွေ ကြုံလာရတဲ့အခါမှာလည်း ယုံကြည်စိတ်ချမှု ပိုရှိလာတယ်။

ခင်မင်​ရင်းနှီးမှု။ ရည်မှန်းချက် ပန်းတိုင်​ရှိတဲ့သူ၊ ကိုယ်​လုပ်ချင်တာကို ဖြစ်မြောက်အောင် လုပ်တတ်တဲ့​သူနဲ့ လူတွေ ခင်မင်​ရင်းနှီးချင်ကြတယ်။ ခင်မင်​ရင်းနှီးမှု တိုးစေတဲ့ အကောင်းဆုံး နည်းတစ်နည်းကတော့ ပန်းတိုင်​တစ်ခုကို ကိုယ့်​မိတ်ဆွေ​နဲ့​အတူ တက်လှမ်းခြင်း​ပါပဲ။

ပျော်ရွှင်မှု။ ချမှတ်​ထားတဲ့​ပန်းတိုင်ကို ပြည့်မီတဲ့အခါ ပြီးမြောက်အောင်မြင်တယ်လို့ ခံစားရတယ်။

“ပန်းတိုင်​ထား​ရတာ ကြိုက်တယ်။ ပန်းတိုင်​ရှိရင် လုပ်စရာ၊ ကြိုး​စားစရာ​တစ်ခုခု ရှိသွားတယ်။ ပြည့်မီသွားတဲ့အခါ ‘ငါ တကယ် လုပ်​နိုင်ပြီ။ စီစဉ်ထားတဲ့​အတိုင်း ဖြစ်​သွားပြီ’ လို့ ဝမ်းသာ​အားရ ပြော​နိုင်တယ်။”—ခရစ္စတိုဖာ။

ကျမ်းစာ အခြေခံမူ။ “မိုးလေဝသ ကောင်းမွန်​လာချိန်​ကို​သာ စောင့်ဆိုင်း​နေတတ်​သူသည် အဘယ်အခါ၌မျှ အသီးအနှံ​များ​ကို စိုက်ပျိုး​ရိတ်သိမ်း​ရလိမ့်မည် မဟုတ်။”—ဒေသနာ ၁၁:၄ခေတ်သုံး​မြန်မာ သမ္မာကျမ်း။

လုပ်ဆောင်နိုင်ရာ

ပန်းတိုင်တွေ ချမှတ်ပြီး ပြည့်မီဖို့ အောက်ပါအတိုင်း လုပ်ဆောင်ပါ။

ခွဲခြား​သတ်မှတ်ပါ။ ပန်းတိုင်တွေကို စာရင်း​လုပ်ပြီး ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် ဦးစားပေး​သတ်မှတ်ပါ။

အစီအစဉ် ဆွဲပါ။ ပန်းတိုင်​တစ်ခုစီ​အတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ–

  • ပန်းတိုင် ပြီးမြောက်​နိုင်​တဲ့ အချိန်ကို သတ်မှတ်ပါ။

  • လုပ်ဆောင်ရမယ့်​အချက်တွေကို စီစဉ်​ပါ။

  • အတားအဆီးတွေကို မျှော်လင့်​ထားပါ။ ကျော်လွှား​မယ့်​ နည်းကို စဉ်းစား​ထားပါ။

လက်တွေ့​လုပ်ဆောင်ပါ။ အားလုံး အဆင်ပြေ​သွားတဲ့​အထိ စောင့်​မနေပါနဲ့။ ‘ပန်းတိုင်​ရောက်ဖို့ ဦးဆုံး ဘာလုပ်နိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ပြီးတဲ့နောက် လက်တွေ့ လုပ်ဆောင်ပါ။ တစ်ခုစီ ပြည့်မီ​တိုင်း တိုးတက်မှုကို မှတ်ထားပါ။

ကျမ်းစာ အခြေခံမူ။ “ဝီရိယ​ရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်​လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅