မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဆုတောင်းချက်အားလုံးကို ဘုရားသခင် နားထောင်ပါသလား

လူမျိုးအပေါင်းကလူတွေရဲ့ ဆုတောင်းချက်ကို ဘုရားသခင် နားထောင်ပါတယ်။ (ဆာလံ ၁၄၅:၁၈၊ ၁၉) ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေအားလုံးကို ဘုရားသခင်ထံ ရင်ဖွင့်ဆုတောင်းဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားပါတယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) ဆုတောင်းချက်တချို့ကိုတော့ ဘုရားသခင် နားမထောင်ဘူး။ ဥပမာ၊ စကားတစ်မျိုးတည်း အထပ်ထပ်ရွတ်ပြီး ဆုတောင်းတာကို ဘုရားသခင် မနှစ်သက်ပါဘူး။မဿဲ ၆:၇ ကိုဖတ်ပါ။

ဒါ့အပြင် ပညတ်တော်တွေကို တမင်သက်သက် ချိုးဖောက်နေတဲ့သူတွေရဲ့ ဆုတောင်းသံတွေကိုလည်း ယေဟောဝါဘုရား နားမထောင်ပါဘူး။ (သုတ္တံ ၂၈:၉) ဥပမာ၊ ကျမ်းစာခေတ်က လူ့အသက် သတ်တဲ့အပြစ်ကို ကျူးလွန်တဲ့ အစ္စရေးလူတွေရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားမထောင်ခဲ့ဘူး။ ထင်ရှားတာက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်ကို ဘုရားသခင် နားထောင်စေချင်တယ်ဆိုရင် ကိုယ်တော်ရဲ့ တောင်းဆိုချက်တွေကို ပြည့်မီရမယ်။ဟေရှာယ ၁:၁၅ ကိုဖတ်ပါ။

ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်ကို ဘုရားသခင် နားထောင်စေချင်တယ်ဆိုရင် ဘာလုပ်ရမလဲ

ယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်ဆီ ချဉ်းကပ်ဆုတောင်းလို့ မရနိုင်ဘူး။ (ယာကုပ် ၁:၅၊ ၆) ဘုရားသခင်ဟာ တကယ်တည်ရှိပြီး ကျွန်ုပ်တို့ကို ဂရုစိုက်နေတယ်ဆိုတာ ယုံကြည်ရမယ်။ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့အောင်လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ စစ်မှန်တဲ့ယုံကြည်ခြင်းက သမ္မာကျမ်းစာမှာတွေ့ရတဲ့ အထောက်အထားတွေနဲ့ ကတိတော်တွေအပေါ် အခြေခံလို့ဖြစ်တယ်။ဟေဗြဲ ၁၁:၁၊ ကိုဖတ်ပါ။

ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ စိတ်ရင်းမှန်နဲ့ နှိမ့်ချစွာ ဆုတောင်းဖို့လည်း အရေးကြီးတယ်။ ဘုရားသခင့်သားတော် ယေရှုခရစ်ဟာ နှိမ့်ချစွာ ဆုတောင်းခဲ့တယ်။ (လုကာ ၂၂:၄၁၊ ၄၂) ဘုရားသခင်ကို ကျွန်ုပ်တို့အတွက် ဘာလုပ်ပေးရမယ်လို့ ဆုတောင်းမယ့်အစား ကျမ်းစာကိုဖတ်ပြီး ကိုယ်တော် ကျွန်ုပ်တို့ကို ဘာတောင်းဆိုသလဲဆိုတာ နားလည်ဖို့ ကြိုးစားရမယ်။ ဒါဆိုရင် ကျွန်ုပ်တို့ဟာ ဘုရားသခင့်အလိုတော်နဲ့အညီ ဆုတောင်းနိုင်မှာဖြစ်တယ်။၁ ယောဟန် ၅:၁၄ ကိုဖတ်ပါ။