မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဆင်းရဲနွမ်းပါးမှုကင်းတဲ့ကမ္ဘာ ဖြစ်နိုင်ပါ့မလား

ဆင်းရဲနွမ်းပါးမှုကင်းတဲ့ ကမ္ဘာဖြစ်အောင် ဘုရားသခင် ဘယ်လိုလုပ်ပေးမလဲ။—မဿဲ ၆:၉၊ ၁၀

ဆင်းရဲမွဲတေမှုကြောင့် နှစ်စဉ်လူသန်းပေါင်းများစွာဟာ အာဟာရချို့တဲ့၊ ရောဂါတွေရပြီး သေဆုံးကြတယ်။ ကမ္ဘာပေါ်မှာ ဆင်းရဲ၊ ချမ်းသာမှုဟာ အလွန်ကွာဟနေတယ်။ ဆင်းရဲမွဲတေမှုက ခေတ်အဆက်ဆက်မှာ ရှိနေတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ယောဟန် ၁၂:၈ ကိုဖတ်ပါ။

ဆင်းရဲနွမ်းပါးမှုပပျောက်သွားဖို့ ကမ္ဘာ့သယံဇာတတွေကို မျှမျှတတခွဲဝေပေးနိုင်စွမ်းရှိတဲ့ ကမ္ဘာတစ်ခုလုံးကိုအုပ်ချုပ်မယ့် အစိုးရတစ်ခု လိုအပ်တယ်။ အဲဒီအစိုးရက ဆင်းရဲနွမ်းပါးမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ စစ်ပွဲတွေကို အဆုံးသတ်ပေးနိုင်စွမ်းလည်း ရှိရမယ်။ အဲဒီလိုကမ္ဘာ့အစိုးရတစ်ခု တည်ထောင်ပေးမယ်လို့ ဘုရားသခင် ကတိပြုထားတယ်။ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။

ဆင်းရဲနွမ်းပါးမှုပပျောက်အောင် ဘယ်သူ လုပ်ပေးနိုင်သလဲ

ကမ္ဘာကြီးကို အုပ်ချုပ်ဖို့ သားတော်ယေရှုကို ဘုရားသခင် ခန့်အပ်ထားပြီးပြီ။ (ဆာလံ ၂:၄-၈) ယေရှုက ဆင်းရဲသားတွေကို ကယ်တင်ပြီး ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကိုလည်း အဆုံးတိုင်ပေးမှာဖြစ်တယ်။ဆာလံ ၇၂:၈၊ ၁၂–၁၄ ကိုဖတ်ပါ။

“ငြိမ်သက်ခြင်းအရှင်” ယေရှုက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုအတွက် လုပ်ဆောင်ပေးမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ အဲဒီအခါ ကမ္ဘာတစ်ဝန်းလုံးက လူတွေဟာ ကိုယ်ပိုင်အိမ်မှာနေ၊ ဝါသနာပါရာအလုပ်တွေ လုပ်ခွင့်ရပြီး အစားအသောက် အလျှံအပယ် ရရှိကြမှာဖြစ်တယ်။ဟေရှာယ ၉:၆၊ ၇; ၆၅:၂၁–၂၃ ကိုဖတ်ပါ။