ဂလာတိ ၆:၁-၁၈

  • အချင်း​ချင်း​ရဲ့​ဝန်​ကို ထမ်း​ပေး​ကြ​ပါ (၁-၁၀)

    • မျိုး​စေ့​ကြဲ​တဲ့​အတိုင်း ရိတ်​သိမ်း​ရ (၇၊ ၈)

  • အရေ​ဖျား​ဖြတ်​ခြင်း အကျိုး​မရှိ (၁၁-၁၆)

    • ဘု​ရား​ဖန်​ဆင်း​လိုက်​တဲ့ အသစ်​သော​အရာ (၁၅)

  • နိ​ဂုံး​စ​ကား (၁၇၊ ၁၈)

 ညီအစ်​ကို​တို့၊  တစ်​ယောက်​ယောက်​ဟာ သတိ​မထား​မိ​ဘဲ ခြေ​လှမ်း​မှား​သွား​တယ်​ဆို​ရင် ဘု​ရားရေးရာ အရည်​အသွေး​ရှိ​တဲ့ ခင်​ဗျား​တို့​က အဲ​ဒီ​လို​လူ​ကို နူး​ညံ့​သိမ်​မွေ့​တဲ့​စိတ်​နဲ့+ တည့်​မတ်​ပေး​လိုက်​ပါ။  ဒါ​ပေမဲ့  ကိုယ်​တိုင်​လည်း+ အပြစ်​သွေး​ဆောင်​ခံ​ရ​နိုင်​တာ​မို့ အမြဲသတိ​ထား​ကြ​ပါ။+ ၂  အချင်း​ချင်း​ရဲ့ ဝန်​တွေ​ကို ကူ​ထမ်း​ပေး​ကြ​ပါ။+ ဒါ​ဆို​ရင် ခ​ရစ်​တော်ရဲ့​တ​ရား​ကို လိုက်​နာ​ရာရောက်​လိမ့်​မယ်။+ ၃  ဘာ​မှ​မ​ဟုတ်​ဘဲ​နဲ့ ကိုယ့်​ကိုယ်​ကိုယ် အရေး​ပါ​သူ​လို့​ထင်​နေ​ရင်+ ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​နေ​တာ​ပဲ။ ၄  လူ​တိုင်း ကိုယ့်​လုပ်​ရပ်တွေ​ကို​ပဲ ဆန်း​စစ်​ပါ။+ သူ​တစ်​ပါး​နဲ့ မနှိုင်း​ယှဉ်​ပါ​နဲ့။+ ဒါ​ဆို​ရင် ကိုယ့်​လုပ်​ရပ်​နဲ့​ပတ်​သက်​ပြီး ပျော်​ရွှင်​ကျေ​နပ်​ရ​လိမ့်​မယ်။ ၅  ဘာ​လို့​လဲ​ဆို​တော့ လူ​တိုင်း ကိုယ့်​တာ​ဝန်​ကိုယ် ထမ်း​ရ​မှာ​ဖြစ်​လို့​ပဲ။+ ၆  ဒါ့​အပြင်  တ​ရား​စ​ကား​တော် သင်ယူ​သူ​တိုင်း​ဟာ  သင်​ပေး​တဲ့​သူ​ကို ကောင်း​မွန်​ရာ​မှန်​သမျှ  မျှ​ဝေ​ပေး​ပါ​စေ။+ ၇  လှည့်​စား​မခံ​ကြ​ပါ​နဲ့။ ဘု​ရား​သခင်​ကို မခန့်​လေး​စား​လုပ်​လို့ မရ​ဘူး။ လူ​ဟာ မျိုး​စေ့​ကြဲ​တဲ့​အတိုင်း ရိတ်​သိမ်း​ရ​လိမ့်​မယ်။+ ၈  အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​အ​တိုင်း မျိုး​စေ့​ကြဲ​တဲ့​သူ​က အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​အတိုင်း ပျက်​စီး​ခြင်း​ကို​ပဲ ရိတ်​သိမ်း​ရ​လိမ့်​မယ်။ စွမ်း​အား​တော် လမ်း​ပြတဲ့​အတိုင်း မျိုး​စေ့​ကြဲ​တဲ့​သူ​က​တော့ စွမ်း​အား​တော် လမ်း​ပြတဲ့​အတိုင်း ထာ​ဝ​ရ​အသက်​ကို  ရိတ်​သိမ်း​ရ​လိမ့်​မယ်။+ ၉  ဒါ​ကြောင့် မွန်မြတ်​တဲ့​အရာတွေ​ကို လက်​မလျှော့​ဘဲ ဆက်​လုပ်​ကြ​စို့။ လက်​မလျှော့​ဘူး​ဆို​ရင်  အချိန်​တန်​တဲ့​အခါ အသီး​အပွင့်​တွေ​ကို  ရိတ်​သိမ်း​ရ​လိမ့်​မယ်။+ ၁၀  ဒါ​ကြောင့် အခွင့်​အရေးရ​သရွေ့ လူ​တိုင်း​ကို ကောင်း​မှု​ပြု​ကြ​စို့။ အထူး​သဖြင့် ယုံ​ကြည်​ခြင်း​တူ​တဲ့​သူ​တွေ​ကို ကောင်း​မှု​ပြု​ကြ​စို့။ ၁၁  ခင်​ဗျား​တို့​ဆီ ကျွန်​တော်​ကိုယ်​တိုင် စာ​လုံး​ကြီး​တွေ​နဲ့ ရေး​လိုက်​တယ်​ဆို​တာ ကြည့်​ကြ​ပါ။ ၁၂  လူ​အထင်​ကြီး​ခံ​ချင်​တဲ့​သူ​တွေ​ဟာ  ခ​ရစ်​တော်ရဲ့  ဒုက္ခ​သစ်​တိုင်​ကြောင့်*  နှိပ်​စက်​ညှဉ်း​ဆဲ​မခံ​ချင်​လို့ ခင်ဗျား​တို့​ကို အတင်း​အကျပ် အရေ​ဖျား​ဖြတ်​ခိုင်း​နေ​တာ။ ၁၃  တ​ကယ်​တော့ အရေ​ဖျား​ဖြတ်​ထား​သူ​တွေ ကိုယ်​တိုင်​က ပညတ်​တ​ရား​ကို  မစောင့်​ထိန်း​ကြ​ပါ​ဘူး။+ ခင်ဗျား​တို့​ကို​ကျ​တော့ အရေ​ဖျား​ဖြတ်​စေ​ချင်​ကြ​တယ်။ အဲ​ဒါ​မှ ခင်ဗျား​တို့​ရဲ့ အပြင်​ပန်း​ခ​န္ဓာ​နဲ့​ပတ်​သက်​ပြီး သူ​တို့ ကြွား​နိုင်​မှာ​လေ။ ၁၄  ကျွန်​တော်​က​တော့ ဒုက္ခ​သစ်​တိုင်​ပေါ် အသေခံ​ခဲ့​တဲ့ သခင်​ယေရှု​ခရစ်​အကြောင်း​က​လွဲ​ပြီး+  ဘာ​အတွက်​မှ မကြွား​ပါ​ရ​စေ​နဲ့။ ကျွန်​တော့်​အမြင်​မှာ  ဒီ​လော​က​ဟာ  ခ​ရစ်​တော်​အား​ဖြင့် သေဆုံး​နေ​ပြီ။ လော​က​အမြင်​မှာလည်း  ကျွန်​တော်  သေဆုံး​နေ​ပြီ။ ၁၅  အရေ​ဖျား​ဖြတ်​တာ၊  မဖြတ်​တာ​ဟာ အရေး​မကြီး​ပါ​ဘူး။+ ဘု​ရား​သခင် ဖန်ဆင်း​လိုက်​တဲ့  အသစ်​သော​အရာ​က​သာ+ အရေး​ကြီး​တာ​ပါ။ ၁၆  ဒီ​ကျင့်​ဝတ်​အတိုင်း စ​နစ်​တ​ကျ လျှောက်​လှမ်း​သူတွေ​အပေါ်၊ ဘု​ရား​သခင်​ရဲ့ အစ္စရေး​လူမျိုးအပေါ်+ ငြိမ်​သက်​ခြင်း​နဲ့ က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ။ ၁၇  ကျွန်​တော့်​ကိုယ်​မှာ  ယေရှု​ရဲ့​ကျွန်​ဆို​ပြီး အမှတ်​အသား ခတ်​နှိပ်​ထား​ပြီဖြစ်​လို့+ အခု​က​စ​ပြီး ကျွန်​တော့်​ကို ဘယ်​သူ​မှ ဒုက္ခ​မပေး​ကြ​ပါ​နဲ့။ ၁၈  ညီ​အစ်​ကို​တို့၊ အရည်​အသွေး​ကောင်း​တွေ ပြသတဲ့​အတွက် ခင်​ဗျား​တို့​ဆီ​မှာ သခင်​ယေရှု​ခ​ရစ်ရဲ့ မဟာ​က​ရု​ဏာ သက်​ရောက်​ပါ​စေ။ အာ​မင်။*

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”