ပညာအလိမ္မာ ၁၃:၁-၂၅

  • အကြံ​ဉာဏ်​တောင်း​ခံ​သူ​တွေ ဉာဏ်​ပညာ​ရှိ (၁၀)

  • မျှော်​လင့်​တဲ့​အရာ ကြန့်​ကြာ​နေ​ရင် စိတ်​အား​လျှော့ (၁၂)

  • သစ္စာ​ရှိ​တဲ့​စေ​တ​မန် ကောင်း​ကျိုး သယ်​ဆောင်​လာ (၁၇)

  • ဉာဏ်​ပညာ​ရှိ​တဲ့​သူ​နဲ့ ပေါင်း​ရင် ဉာဏ်​ပညာ​ရှိ (၂၀)

  • ဆုံးမ​တာ​ဟာ ချစ်​ရာ​ရောက် (၂၄)

၁၃  ဉာဏ်​ပညာ​ရှိ​တဲ့​သား​က ဖခင်​ဆုံးမ​တာ​ကို လက်ခံ​တတ်​တယ်။+ မထီ​လေး​စား​လုပ်​သူ​က​တော့​ ပြစ်တင်​ဆုံးမ​တာ​ကို နား​မ​ထောင်​ဘူး။+  ၂  ကိုယ်​ပြော​တဲ့​စကား​တွေ​ကြောင့် ကိုယ်​တိုင် ကောင်း​ကျိုး​ခံစား​ရ​တတ်​တယ်။+ သစ္စာ​ဖောက်​သူ​က​တော့ အကြမ်း​ဖက်​ဖို့​ပဲ ဆန္ဒ​ပြင်း​ပြနေ​တယ်။  ၃  နှုတ်​စောင့်​စည်း​သူ​ဟာ အသက်​ကို စောင့်​ရှောက်​တဲ့​သူ​ပဲ။+ နှုတ်​မစောင့်​စည်း​သူ​က​တော့ ပျက်စီး​ရ​လိမ့်​မယ်။+  ၄  လူ​ပျင်း​က လို​ချင်​တောင့်​တ​ပေမဲ့ သူ့​မှာ ဘာ​မှ​မရှိ​ဘူး။+ ဝီ​ရိ​ယ​ရှိ​သူ​က​တော့ လို​အင်​ဆန္ဒ​ပြည့်​ဝ​လိမ့်​မယ်။+  ၅  ဖြောင့်​မတ်​သူ​က မု​သာ​စကား​ကို မုန်း​တယ်။+ လူ​ဆိုး​ရဲ့ လုပ်​ရပ်တွေ​က​တော့​ အရှက်​ကွဲ​ပြီး ရှုတ်​ချ​ခံ​ ရ​လိမ့်​မယ်။  ၆  ဖြောင့်​မတ်​မှု​က အပြစ်​မဲ့​လမ်း​စဉ်​လိုက်​တဲ့​သူ​ကို ကာ​ကွယ်​ပေး​တယ်။+ ဆိုး​ညစ်​မှု​က​တော့ အပြစ်​လုပ်​တဲ့​သူ​ကို ပြို​လဲ​စေ​တယ်။  ၇  ဘာ​မှ မပိုင်​ဆိုင်​ပေမဲ့ ချမ်း​သာ​တဲ့​ပုံဖမ်း​နေ​သူ​တွေ ရှိ​တယ်။+ ကျိ​ကျိ​တက်​ချမ်း​သာ​ပေမဲ့ ဆင်းရဲ​တဲ့​ပုံ​ဖမ်း​နေ​သူ​တွေ​လည်း ရှိ​တယ်။  ၈  ချမ်း​သာ​သူ​က အသက်​ချမ်း​သာ​ရ​ဖို့ စည်း​စိမ်​ဥစ္စာ​ကို ပေး​ရ​တယ်။+ ဆင်း​ရဲ​သား​ကို​တော့ ခြိမ်း​ခြောက်​မယ့်​သူ​တောင် မရှိ​ဘူး။+  ၉  ဖြောင့်​မတ်​သူ​ရဲ့​အလင်း​က ထွန်း​လင်း​တောက်​ပတယ်။+ လူ​ဆိုး​ရဲ့ မီး​ခွက်​က​တော့ ငြိမ်း​သတ်​ခံ​ရ​လိမ့်​မယ်။+ ၁၀  ရောင့်​တက်​ခြင်း​က ရန်​တွေ့​ခြင်း​ကို​ပဲ ဖြစ်​စေ​တယ်။+ အကြံ​ဉာဏ် တောင်း​ခံ​သူ​တွေ​ဆီ​မှာ​တော့ ဉာဏ်​ပညာ​ရှိ​တယ်။+ ၁၁  တစ်​ခ​ဏ​အတွင်း​မှာ​ရ​တဲ့ စည်း​စိမ်​ဥစ္စာ​ဟာ ယုတ်​လျော့​သွား​လိမ့်​မယ်။+ တစ်​စ​တစ်​စ စု​ဆောင်း​ပြီး ရ​လာ​တဲ့ စည်း​စိမ်​ဥစ္စာ​က​တော့ တိုး​ပွား​လာ​လိမ့်​မယ်။ ၁၂  မျှော်​လင့်​နေ​တဲ့​အရာ​က ကြန့်​ကြာ​နေ​ရင် စိတ်​အား​လျော့​စေ​တယ်။+ လို​အင်​ဆန္ဒ ပြည့်​ဝ​တဲ့​အခါ​မှာ​တော့ အသက်​ပင်​ပဲ။+ ၁၃  သွန်သင်​ချက်​ကို မထီ​မဲ့​မြင်​လုပ်​တဲ့​သူ​ဟာ ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မယ်။+ ပညတ်​ချက်​ကို လေး​စား​တဲ့​သူ​က​တော့ ဆု​ချ​ခံ​ရ​မယ်။+ ၁၄  ဉာဏ်​ပညာ​ရှိ​သူ​ရဲ့ သွန်သင်​ချက်​ဟာ အသက်​စမ်း​ရေ​ပဲ။+ သေခြင်း​ရဲ့​ကျော့​ကွင်း​တွေ​ကို ရှောင်​ရှား​စေ​နိုင်​တယ်။ ၁၅  ထိုး​ထွင်း​ဉာဏ်​ထက်​မြက်​ရင် မျက်​နှာ​သာ​ရ​တတ်​တယ်။ သစ္စာ​ဖောက်​သူ​ရဲ့​လမ်း​က​တော့ ခက်​ခဲ​ကြမ်း​တမ်း​တယ်။ ၁၆  အမြော်​အမြင်​ရှိ​သူ​က အသိ​ပညာ​နဲ့​အညီ ပြု​မူ​တတ်​တယ်။+ လူ​မိုက်​က​တော့ ကိုယ့်​မိုက်​မဲ​မှု​ကို ဖော်​ထုတ်​တတ်​တယ်။+ ၁၇  ဆိုး​ညစ်​တဲ့​စေ​တ​မန်​ဟာ ဒုက္ခ​ကြုံ​ရ​လိမ့်​မယ်။+ သစ္စာ​ရှိ​တဲ့​တ​မန်​က​တော့ ကောင်း​ကျိုး​တွေ သယ်​ဆောင်​လာ​တယ်။+ ၁၈  ဆုံးမ​စကား​ကို အရေး​မလုပ်​တဲ့​သူ​ဟာ ဆင်း​ရဲ​ခြင်း​နဲ့ အရှက်​ကွဲ​ခြင်း​ကို ကြုံ​ရ​တတ်​တယ်။ ပဲ့​ပြင်​မှု​ကို လက်ခံ​တဲ့​သူ​က​တော့ ဂုဏ်​တင်​ခံ​ရ​မယ်။+ ၁၉  လို​အင်​ဆန္ဒ​ပြည့်​ဝ​တဲ့​အခါ ပီ​တိ​ဖြာ​တတ်​တယ်။+ လူ​မိုက်​က မကောင်း​မှု​ကို မရှောင်​လွဲ​ချင်​ဘူး။+ ၂၀  ဉာဏ်​ပညာ​ရှိ​သူ​နဲ့ ပေါင်း​ဖော်ရင် ဉာဏ်​ပညာ​ရှိ​လာ​မယ်။+ လူ​မိုက်​နဲ့ ပေါင်း​ဖော်ရင်​တော့ ဒုက္ခလှလှ တွေ့​လိမ့်​မယ်။+ ၂၁  အပြစ်​လုပ်​သူ​တွေ​နောက်​ကို ဘေး​ဆိုး​တွေ လိုက်​တတ်တယ်။+ ဖြောင့်​မတ်​သူ​က​တော့ ကြီး​ပွား​ တိုး​တက်​လိမ့်​မယ်။+ ၂၂  သူ​တော်​ကောင်း​က မြေး​မြစ်​တွေ​အတွက် အမွေ​ချန်​ထား​တတ်​တယ်။ အပြစ်​လုပ်​သူ​ရဲ့ စည်း​စိမ်​က​တော့ ဖြောင့်​မတ်​သူ​အတွက်​ပဲ ဖြစ်​သွား​လိမ့်​မယ်။+ ၂၃  ဆင်း​ရဲ​သား​တွေ ထယ်​ထိုး​ထား​တဲ့  လယ်​မြေဟာ စား​စ​ရာတွေ လှိုင်​လှိုင်​ဖြစ်​ထွန်း​တယ်။ ဒါ​ပေမဲ့ တ​ရား​မမျှ​တ​မှု​ကြောင့် ဖယ်​ရှား​ခံ​ရ​နိုင်​တယ်။ ၂၄  ကြိမ်​လုံး မသုံး​ချင်​တဲ့​သူ​ဟာ သား​သမီး​ကို မုန်း​တဲ့​သူ​ပဲ။+ သား​သမီး​ကို ချစ်​တဲ့​သူ​က​တော့ ဆုံးမ​ဖို့ ဘယ်​တော့​မှ ပျက်​ကွက်​မှာ မဟုတ်​ဘူး။*+ ၂၅  ဖြောင့်​မတ်​သူ​ဟာ အာ​သာ​ပြေတဲ့​အထိ စား​ရ​လိမ့်​မယ်။+ လူ​ဆိုး​က​တော့ ဗိုက်​ဟောင်း​လောင်း ဖြစ်​ရ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

“ချက်​ချင်း ဆုံးမ​တတ်​တယ်” လည်း​ဖြစ်​နိုင်။