ဝတ်ပြုရာ ၁၉:၁-၃၇

  • သန့်ရှင်းခြင်း​ဆိုင်ရာ ပညတ်​အမျိုးမျိုး (၁-၃၇)

    • တော်မှန်​စွာ ရိတ်သိမ်း (၉၊ ၁၀)

    • နားမကြား၊ မျက်မမြင်​တို့ကို ထောက်ထား​ခြင်း (၁၄)

    • သွား​ပု​ပ်​လေလွင့် မပြော​နဲ့ (၁၆)

    • အငြိုး​မထား​နဲ့ (၁၈)

    • မှော်အတတ်၊ နတ်ဆိုး​ပညာ​ကို တားမြစ် (၂၆၃၁)

    • ဆေးမင်ကြောင်​ထိုး​ခြင်း​ကို တားမြစ် (၂၈)

    • အသက်ကြီးသူ​ကို လေးစား​ပါ (၃၂)

    • တိုင်းတစ်ပါးသား​များ​ကို ဆက်ဆံပုံ (၃၃၊ ၃၄)

၁၉  ယေဟောဝါ​က  မောရှေ​ကို မိန့်မှာ​တယ်– ၂  “အစ္စရေး​တစ်မျိုး​လုံးကို ပြော​လိုက်ပါ– ‘မင်း​တို့​ရဲ့​ဘုရား ငါ​ယေဟောဝါဟာ သန့်ရှင်း​တဲ့​အတွက် မင်း​တို့​လည်း သန့်ရှင်း​ရမယ်။+ ၃  “‘မိဘ​ကို ရိုသေ​ပါ။+ ဥပုသ်​နေ့​တွေကို စောင့်ထိန်း​ပါ။+ ငါ​ဟာ မင်း​တို့​ရဲ့​ဘုရား ယေဟောဝါ​ပဲ။ ၄  အသုံးမဝင်​တဲ့ ဘုရားတွေဆီ ပြန်လှည့်​မသွား​နဲ့။+ ရုပ်တု​တွေ သွန်း​လုပ်ပြီး မကိုးကွယ်​နဲ့။+ ငါ​ဟာ မင်း​တို့​ရဲ့​ဘုရား ယေဟောဝါ​ပဲ။ ၅  “‘ယေဟောဝါ​ဆီ မိတ်သဟာယ ပူဇော်သက္ကာ ဆက်သ​မယ်ဆိုရင်+ နှစ်သက်မှု​ရစေ​မယ့် နည်း​အတိုင်း ဆက်သ​ပါ။+ ၆  ဆက်သ​တဲ့​နေ့​နဲ့ နောက်​တစ်နေ့​မှာ ယဇ်​သားကို စား​ရမယ်။ သုံးရက်​မြောက်​နေ့​အထိ ကျန်​သေး​ရင်​တော့ မီးရှို့​ပစ်ရ​မယ်။+ ၇  သုံးရက်​မြောက်​နေ့​မှာ စား​ရင် ရွံ​စ​ရာ​ဖြစ်လို့ နှစ်သက်မှု​ရမှာ မဟုတ်ဘူး။ ၈  စားတဲ့​သူ​ဟာ အပြစ်​အတွက် ပြစ်ဒဏ်​ခံရမယ်။ ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်​ရာကို မထီလေးစား​လုပ်တဲ့​အတွက် သူ့ကို ပယ်ရှင်း​ရမယ်။ ၉  “‘လယ်​ရိတ်သိမ်း​တဲ့​အ​ခါ လယ်ကွက်​အနား​တစ်လျှောက်​က ကော​က်​ပင်​တွေကို အကုန်​မ​ရိတ်​နဲ့။ ရိတ်သိမ်း​ပြီးနောက် ကျန်တာ​တွေကို ပြန်​မ​ကော​က်​နဲ့။+ ၁၀  စပျစ်သီး အကြွင်းအကျန်​တွေကို ပြန်​မ​ခူး​နဲ့။ ကျ​ကျန်​ခဲ့တဲ့ စပျစ်သီး​တွေကိုလည်း ပြန်​မ​ကော​က်​နဲ့။ ဆင်းရဲ​သားတွေ၊+  တိုင်းတစ်ပါး​သားတွေ​အတွက် ချန်​ထားရမယ်။ ငါ​ဟာ မင်း​တို့​ရဲ့​ဘုရား ယေဟောဝါ​ပဲ။ ၁၁  “‘သူတစ်ပါး​ပစ္စည်း  မခိုး​နဲ့။+ အချင်းချင်း မလှည့်စား​နဲ့။+ က​လိမ်​က​ကျစ် မလုပ်နဲ့။ ၁၂  ငါ့​နာမည်​ကိုသုံးပြီး မဟုတ်မမှန် မ​ကျိန်ဆို​နဲ့။+ မင်း​တို့​ဘုရားသခင်ရဲ့ နာမည်ဟာ ကဲ့ရဲ့​စ​ရာ ဖြစ်သွားလိမ့်မယ်။ ငါ​ဟာ ယေဟောဝါ​ပဲ။ ၁၃  သူတစ်ပါး​ကို ဖြတ်စားလျှပ်စား​မလုပ်နဲ့။+ မ​လုယက်​နဲ့။+ စာရင်း​ငှား​ကို လုပ်အားခ နေ့​ချင်း ရှင်း​ပေးလိုက်ပါ။ နောက်​နေ့​မနက်​အထိ မဆိုင်း​ထား​နဲ့။+ ၁၄  “‘နားမကြားသူ​ကို မ​ကျိန်ဆဲ​နဲ့။ မျက်မမြင်​ရှေ့မှာ ခလုတ်တိုက်​စ​ရာ မချ​ထား​နဲ့။+ ဘုရားသခင်ကို ကြောက်ရွံ့​ပါ။+ ငါ​ဟာ ယေဟောဝါ​ပဲ။ ၁၅  “‘အမှုအခင်း​တွေကို မတရား မစီရင်​နဲ့။ ဆင်းရဲသား​မို့​လို့​ဆို​ပြီး မျက်နှာသာ မပေး​မိ​စေ​နဲ့။ ချမ်းသာ​လို့​ဆို​ပြီး မျက်နှာမလိုက်​နဲ့။+ လူ​လူ​ချင်း မျှမျှတတ စီရင်​ပါ။ ၁၆  “‘အရပ်​တကာ​လည်ပြီး သွား​ပု​ပ်​လေလွင့် မပြော​နဲ့။+ ကို​ယ့်​အပေါင်းအဖော်​ကို သေ​ကြောင်း​မကြံစည်​နဲ့။*+ ငါ​ဟာ ယေဟောဝါ​ပဲ။ ၁၇  “‘ကို​ယ့်​ညီအစ်ကို​ကို  မုန်း​တဲ့​စိတ်  မထား​နဲ့။+  ကို​ယ့်​အပေါင်းအဖော်​ကို  ဆုံး​မပါ။+  မဆုံးမ​ရင်  သူ့အပြစ်​အတွက် ကို​ယ့်​မှာ​လည်း တာဝန်​ရှိတယ်။ ၁၈  “‘အချင်းချင်း  လက်စားမချေ​နဲ့၊+ အငြိုး​မထား​နဲ့။ လူ​လူ​ချင်း​ကို ကိုယ်နဲ့ထပ်တူ ချစ်​ပါ။+ ငါ​ဟာ ယေဟောဝါ​ပဲ။ ၁၉  “‘မင်း​တို့​လိုက်နာ​ရမယ့် ဥပဒေ​တွေကတော့–  မျိုး​မတူ​တဲ့  ခြံမွေးတိရစ္ဆာန်​နှစ်ကောင်​ကို မျိုး​မ​စပ်​နဲ့။ မျိုးစေ့​နှစ်မျိုး​ကို ရော​ပြီး မ​ကြဲ​နဲ့။+ ချည်​နှစ်မျိုး​ရော​ပြီး ရက်လုပ်​ထားတဲ့ အဝတ်​ကို မ​ဝတ်​နဲ့။+ ၂၀  “‘လူတစ်ယောက်က  ကို​ယ့်​ကျွန်မကို  တခြား​လူ​ဆီ  မယားငယ်​အဖြစ်​ရောင်းဖို့  ကတိပေး​ထား​ပေ​မဲ့ လာ​မရွေး​ယူ​ခင်၊  မလွတ်​လပ်​ခင်မှာ သူနဲ့​လိင်ဆက်ဆံ​ရင်  နှစ်ယောက်​စလုံးကို ပြစ်ဒဏ်ပေး​ရမယ်။  ဒါပေမဲ့  ကျွန်မဟာ လွတ်လပ်​သူ မဟုတ်​သေး​တဲ့​အတွက် သူတို့ကို သေဒဏ်​မပေး​ရဘူး။ ၂၁  အဲဒီ​လူ​ဟာ သိုးထီး​တစ်ကောင်​ကို ဒုစရိုက်​ဖြေ​ရာ အလှူ​အဖြစ် ယေဟောဝါ​ရှေ့ တွေ့ဆုံ​ရာ​တဲတော် ဝင်ပေါက်​ဆီ ယူလာ​ရမယ်။+ ၂၂  ပုရောဟိတ်​က ဒုစရိုက်​ဖြေ​ရာ​အလှူ​ဖြစ်တဲ့ သိုးထီး​ကို​ပူဇော်ပြီး အဲဒီ​လူ​ကျူးလွန်ခဲ့တဲ့ အပြစ်​အတွက် ယေဟောဝါ​ရှေ့မှာ အပြစ်ဖြေ​ပေး​ရမယ်။ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရ​လိမ့်မယ်။ ၂၃  “‘ငါ​ပေးမယ့်​တိုင်းပြည်​ကို ရောက်​ပြီးနောက်  သီး​ပင်​စားပင်​တွေ စိုက်ပျိုး​တဲ့​အ​ခါ  အသီးအပွင့်​တွေကို မစင်ကြယ်​တဲ့​အသီး၊ တားမြစ်​ထားတဲ့ အသီး​လို့   ယူမှတ်​ရမယ်။ သုံးနှစ်​လုံးလုံး မစား​ရဘူး။ ၂၄  လေးနှစ်​မြောက်​မှာ​တော့ အသီး​အားလုံး သန့်ရှင်း​သွား​ပြီ​ဖြစ်လို့ ယေဟောဝါ​ဆီ ဝမ်းမြောက်ဝမ်းသာ ဆက်သ​ရမယ်။+ ၂၅  ငါးနှစ်​မြောက်​ကျ​မှ အသီးအပွင့်​တွေကို မင်း​တို့​စား​ရမယ်။ ဒီအတိုင်း​သာ လုပ်မယ်ဆိုရင် သီးနှံ​တွေ အထွက်တိုး​မယ်။ ငါ​ဟာ မင်း​တို့​ရဲ့​ဘုရား ယေဟောဝါ​ပဲ။ ၂၆  “‘သွေး​ပါတဲ့​အစာကို မစား​နဲ့။+ “‘အတိတ်နိမိတ်  မဖတ်​နဲ့။  မှော်အတတ် မလို​က်​စား​နဲ့။+ ၂၇  “‘ဦးခေါင်း​ဘေးပတ်လည်​က  ဆံပင်ကို  မ​ရိတ်​နဲ့။  မုတ်ဆိတ်​မွေး​ကို  ပုံပျက်ပန်းပျက်  ဖြစ်အောင် မ​ရိတ်​နဲ့။*+ ၂၈  “‘သေလွန်သူ​အတွက်  ကို​ယ့်​အ​သားကို  ဓား​နဲ့​မ​မွှန်း​နဲ့။+ ဆေးမင်ကြောင် မ​ထိုး​နဲ့။ ငါ​ဟာ ယေဟောဝါ​ပဲ။ ၂၉  “‘ကို​ယ့်​သမီးကို ပြည့်တန်ဆာ​လုပ်​ခိုင်း​ပြီး အသရေ​မ​ဖျက်​နဲ့။+ အဲဒီလိုလုပ်ရင် တိုင်းပြည်​ဟာ ပြည့်တန်ဆာ​တွေကြောင့် ညစ်ညမ်း​လာမယ်။+ ၃၀  “‘ဥပုသ်​နေ့​ကို စောင့်ထိန်း​ပါ။+ သန့်ရှင်းရာဌာန​တော်ကို ကြည်ညိုလေးစား​ပါ။ ငါ​ဟာ ယေဟောဝါ​ပဲ။ ၃၁  “‘နတ်​က​တော်​တွေဆီ မသွား​နဲ့။+ ဗေဒင်​မ​မေး​နဲ့။+ သူတို့​ကြောင့် ညစ်ညူး​သွား​လိမ့်မယ်။ ငါ​ဟာ မင်း​တို့​ရဲ့​ဘုရား ယေဟောဝါ​ပဲ။ ၃၂  “‘ဆံပင်​ဖြူ​တဲ့​သူ​ကို ရိုသေ​ပါ။+ သက်ကြီးရွယ်အို​ကို  လေးစား​ပါ။+ ဘုရားသခင်ကို ကြောက်ရွံ့​ပါ။+ ငါ​ဟာ ယေဟောဝါ​ပဲ။ ၃၃  “‘မင်း​တို့​တိုင်းပြည်​မှာ  လာ​အခြေချ​တဲ့ တိုင်းတစ်ပါး​သားကို မ​ညှဉ်းဆဲ​ရဘူး။+ ၃၄  လာ​အခြေချ​တဲ့ တိုင်းတစ်ပါး​သားကို ကို​ယ့်​ပြည်သား​လိုပဲ ယူမှတ်​ရမယ်။+ သူ့ကို ကိုယ်နဲ့ထပ်တူ ချစ်​ရမယ်။ မင်း​တို့​လည်း အီဂျစ်ပြည်​မှာ တိုင်းတစ်ပါးသား​ဖြစ်ခဲ့​ဖူး​တာပဲ။+ ငါ​ဟာ မင်း​တို့​ရဲ့​ဘုရား ယေဟောဝါ​ဖြစ်တယ်။ ၃၅  “‘တိုင်းထွာ​တဲ့​အ​ခါ၊ ချိန်တွယ်​တဲ့​အ​ခါ၊ ခြင်တွယ်​တဲ့​အ​ခါ မရိုးမသားမလုပ်နဲ့။+ ၃၆  တိကျတဲ့​ချိန်ခွင်၊ တိကျတဲ့​အလေး၊ တိကျတဲ့ ကုန်​ခြောက်​အ​ခြင်​အ​တွယ်၊*  တိကျတဲ့  အရည်​အ​ခြင်​အ​တွယ်​ကို* သုံး​ရမယ်။+ ငါ​ဟာ မင်း​တို့ကို  အီဂျစ်ပြည်​က​နေ  ခေါ်ထုတ်​လာတဲ့ ယေဟောဝါ​ဘုရား​ပဲ။ ၃၇  ဒါကြောင့် ငါ့​ဥပဒေ​တွေ၊ တရားစီရင်ချက်​တွေကို လိုက်နာ​ပါ။+  ငါ​ဟာ ယေဟောဝါ​ပဲ။’”

အောက်ခြေမှတ်ချက်များ

“ကို​ယ့်​အပေါင်းအဖော် အသက်ဘေး​ကြုံ​တဲ့​အ​ခါ ရပ်ကြည့်​မနေ​နဲ့” လည်း​ဖြစ်နိုင်။
အယူမှား​ဘာသာရေး ဓလေ့​ထုံးစံတွေကို ဆိုလိုတာ ဖြစ်နိုင်။
မူရင်း၊ “တိကျတဲ့ ဧ​ဖာ။” နောက်ဆက်တွဲ ခ​၁၄ ကို​ကြည့်။
မူရင်း၊ “တိကျတဲ့ ဟိန်။” နောက်ဆက်တွဲ ခ​၁၄ ကို​ကြည့်။