ဟီဘရူး ၁၃:၁-၂၅

  • နိ​ဂုံး​ချုပ်​ အား​ပေး​စ​ကား၊ နှုတ်​ဆက်​စ​ကား (၁-၂၅)

    • ဧည့်​ဝတ်​ကျေ​ပွန်​ဖို့ မမေ့​ပါ​နဲ့ ()

    • အိမ်​ထောင်​မင်္ဂလာ​ကို လေး​စား​ရ​မယ် ()

    • ဦး​ဆောင်​သူ​တွေ​ကို နာ​ခံ​ပါ (၁၇)

    • ဘု​ရား​သခင်​ကို ချီး​မွမ်း​ခြင်း ပူ​ဇော်​သက္ကာ ဆက်သပါ (၁၅၊ ၁၆)

၁၃  ညီရင်း​အစ်​ကို​မေတ္တာ​နဲ့ အချင်း​ချင်း  ချစ်​မြဲချစ်​နေ​ကြ​ပါ။+ ၂  ဧည့်​ဝတ်​ကျေ​ပွန်​ဖို့* မမေ့​ပါ​နဲ့။+ ဧည့်​ဝတ်​ပြု​ခဲ့​သူ​တ​ချို့​က  ကောင်း​ကင်​တ​မန်​တွေ​မှန်း  မသိ​ဘဲ  ဧည့်​ဝတ်​ပြု​ခဲ့​ကြ​တယ်။+ ၃  အကျဉ်း​ကျ​နေ​တဲ့​သူ​တွေကို  ကိုယ်​လည်း  သူ​တို့​နဲ့​အတူ အကျဉ်း​ကျ​နေတယ်​လို့  သဘော​ထား​ပြီး+ သတိ​ရ​ကြ​ပါ။+  ခင်​ဗျား​တို့​ကိုယ်​တိုင်​ ကမ္ဘာ​ပေါ်​မှာ အသက်​ရှင်​နေ​တုန်း​ဖြစ်​လို့*  ညှဉ်း​ဆဲ​ခံ​ရ​သူ​တွေ​ကို သတိ​ရ​ကြ​ပါ။ ၄  အိမ်​ထောင်​မင်္ဂလာ​ကို  လူ​တိုင်း လေး​စား​ရ​မယ်။ အိမ်​ထောင်​မင်္ဂလာ​ကို  မညစ်​ညူး​စေ​ပါ​နဲ့။+  လိင်​အကျင့်​ယို​ယွင်း​သူ​တွေ၊* အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ​တွေ​ကို ဘု​ရား​သခင် ပြစ်​ဒဏ်​စီ​ရင်​လိမ့်​မယ်။+ ၅  ခင်​ဗျား​တို့​ရဲ့​ဘ​ဝ​မှာ ငွေ​တပ်​မက်​တာ​ကို ရှောင်​ပါ။+ ရှိတာ​လေး​နဲ့ ရောင့်ရဲ​တင်း​တိမ်​ပါ။+ “မင်း​တို့​ကို ငါ ဘယ်​တော့​မှ​ပစ်​ထား​မှာ မဟုတ်​ဘူး။ ဘယ်​တော့​မှ စွန့်​ခွာ​မှာ မဟုတ်​ဘူး”+ လို့ ဘု​ရား​သခင် ပြော​ထား​တာ​ပဲ။ ၆  ဒါ​ကြောင့် “ယေဟောဝါ​ဟာ* ကူ​ညီ​မစ​ရှင်​ဖြစ်​တဲ့​အတွက် ငါ ဘာ​ကို​မှ​မ​ကြောက်​ဘူး။ လူ​က ငါ့​ကို ဘာ​လုပ်​နိုင်​မှာ​လဲ”+ ဆို​ပြီး ကျွန်​တော်​တို့ ရဲရဲ​ဝံ့​ဝံ့ ပြော​နိုင်​တယ်။ ၇  ခင်​ဗျား​တို့​ကို  ဦး​ဆောင်​နေ​သူ​တွေ၊+  ဘု​ရား​သခင့်  တ​ရား​စ​ကား​အကြောင်း ဟော​ပြော​သွန်​သင်​ပေး​ခဲ့​သူ​တွေ​ကို သတိ​ရ​ပါ။ သူ​တို့​ရဲ့ လုပ်​ရပ်​ကြောင့်​ဖြစ်​လာ​တဲ့ ကောင်း​ကျိုး​တွေ​ကို စဉ်း​စား​ဆင်​ခြင်​ပြီး သူ​တို့​ရဲ့​ယုံ​ကြည်​ခြင်း​ကို အတု​ယူ​ပါ။+ ၈  ယေရှု​ခ​ရစ်​ဟာ အရင်​တုန်း​က​ရော၊ အခု​ရော၊ နောင်​ရော ထာ​ဝ​ရ​မပြောင်း​လဲ​ဘူး။ ၉  ထူး​ဆန်း​တဲ့  သွန်​သင်​ချက်​အ​မျိုးမျိုး​ကြောင့်  လမ်း​မလွဲ​သွား​ပါ​နဲ့။ အစား​အစာ​ကို* မဟုတ်​ဘဲ မဟာ​က​ရု​ဏာ​ကို အား​ထား​ပြီး စိတ်​နှ​လုံး​ကို ခိုင်​ခံ့​အောင်​လုပ်​ပါ။  အစား​အစာ​ကို​ပဲ အရေးပေး​လွန်း​တဲ့​သူ​ဟာ ဘာ​အကျိုး​မှ မရ​ဘူး။+ ၁၀  ကျွန်​တော်​တို့​မှာ  ပူ​ဇော်ရာ​ပလ္လင်​တစ်​ခု  ရှိ​တယ်။  ဒါ​ပေမဲ့  တဲ​တော်​မှာ အမှု​ဆောင်​တဲ့​သူ​တွေ​က အဲ​ဒီ​ပလ္လင်​ပေါ် ဆက်​သထား​တာ​ကို စား​သုံး​ခွင့်​မရှိ​ဘူး။+ ၁၁  ပု​ရော​ဟိတ်​မင်း​က တိရစ္ဆာန်တွေရဲ့ သွေး​ကို အပြစ်​ဖြေရာ​အလှူ​အဖြစ်  အသန့်​ရှင်း​ဆုံး​အခန်း​ထဲ ယူ​သွား​ရ​တယ်။ အကောင်​တွေ​ကို​တော့ စခန်း​အပြင်  ထုတ်​ပြီး  မီး​ရှို့​ရ​တယ်။+ ၁၂  ဒါ​ကြောင့် ယေရှု​က​လည်း လူ​တွေ​ကို မိမိ​သွေး​နဲ့ သန့်​စင်​ပေး​နိုင်​ဖို့+ မြို့​တံ​ခါး​ရဲ့​အပြင်​ဘက်​မှာ+ အသေခံ​ခဲ့​တယ်။ ၁၃  ဒါ​ကြောင့် ယေရှု​ရှိ​ရာ  စ​ခန်း​အပြင်​ကို​ထွက်​ပြီး ယေရှု​ခံ​ခဲ့ရ​တဲ့ ကဲ့​ရဲ့​ရှုတ်​ချ​မှု​တွေ​ကို ခံ​ယူ​ကြ​စို့။+ ၁၄  ဒီ​နေ​ရာ​မှာ​တော့ ကျွန်​တော်​တို့​အတွက် တည်​မြဲတဲ့​မြို့ မရှိ​ဘူး။ နောင်​တည်​မယ့်​မြို့​ကို​ပဲ စိတ်​ထက်​သန်​စွာ ကျွန်​တော်​တို့ စောင့်​မျှော်​နေ​တယ်။+ ၁၅  ဒါ​ကြောင့်  ယေရှု​က​တစ်​ဆင့် ဘုရား​သခင်​ကို အမြဲချီး​မွမ်း​ကြ​စို့။+ အဲ​ဒီ​လို​ချီး​မွမ်း​တာ​က ဘု​ရား​သခင်​ဆီ ပူဇော်​သက္ကာ ဆက်​သတာ​နဲ့ တူ​တယ်။ ကျွန်​တော်​တို့​က ဘု​ရား​သခင်​ရဲ့​နာ​မည်​ကို လူ​အများ​သိ​အောင်+ နှုတ်​နဲ့​ချီး​မွမ်း​ကြ​တယ်။+ ၁၆  ဒါ့​အပြင် ကောင်း​မှု​ပြု​ဖို့၊ ကိုယ့်​မှာ​ရှိ​တာ​ကို သူ​တစ်​ပါး​ကို ဝေ​မျှ​ဖို့ မမေ့​ပါ​နဲ့။+ ဘာ​လို့​လဲ​ဆို​တော့ အဲ​ဒီ​လို​ပူ​ဇော်​သက္ကာတွေ​ကို ဘုရား​သခင် နှစ်​သက်​တယ်။+ ၁၇  ခင်​ဗျား​တို့​ကို  ဦး​ဆောင်​တဲ့​သူ​တွေ​ကို နာ​ခံ​ပါ၊+ လက်​အောက်​ခံ​ပါ။+ ခင်​ဗျား​တို့​ကို  သူ​တို့  ဂရု​စိုက်​စောင့်​ရှောက်​ပေး​နေ​တယ်။ တ​ကယ်​တော့ အဲ​ဒီ​အတွက် သူ​တို့​ကိုယ်​တိုင် ဖြေရှင်း​ချက်​ပေး​ရ​မှာ။+ သူ​တို့​ရဲ့​တာ​ဝန်​ကို ပျော်​ပျော်​ရွှင်​ရွှင် မဟုတ်​ဘဲ သက်​ပြင်း​ချ​ပြီး လုပ်​ဆောင်​နေ​ရရင်​တော့  ခင်​ဗျား​တို့​ပဲ​အ​ကျိုး​ယုတ်​လိမ့်​မယ်။ ၁၈  ကျွန်​တော်​တို့​အတွက် အမြဲဆု​တောင်း​ပေး​ပါ။  ကျွန်​တော်​တို့​ဟာ အရာရာ​မှာ ရိုး​ရိုး​သား​သား ကျင့်​ကြံ​ပြု​မူ​ချင်​စိတ် ရှိ​နေ​တဲ့​အတွက် အမှား​အမှန်​သိ​စိတ် ကြည်​လင်​နေ​မှန်း ကိုယ့်​ကိုယ်​ကိုယ် ယုံ​တယ်။+ ၁၉  ခင်​ဗျား​တို့​ဆီ ကျွန်​တော် အမြန်​ဆုံး​ရောက်​လာ​နိုင်​အောင် ဆု​တောင်း​ပေး​ကြ​ပါ​လို့​လည်း အထူး​တိုက်​တွန်း​ချင်​တယ်။ ၂၀  ငြိမ်​သက်​ခြင်း​ရဲ့​အရှင်  ဘု​ရား​သခင်​က သိုး​ထိန်း​ကြီး+ သခင်​ယေရှု​ကို ထာ​ဝ​ရ​ပဋိ​ညာဉ်ရဲ့​သွေး​နဲ့ တစ်​ပါ​တည်း သေခြင်း​က​နေ ထ​မြောက်​စေ​ခဲ့​တယ်။ ၂၁  ဘု​ရား​သခင်​က ခင်​ဗျား​တို့​ကို မိမိ​ရဲ့​အလို​တော်​ဆောင်​နိုင်​ဖို့ ကောင်း​တဲ့​အရာ​မှန်​သမျှ​နဲ့ ပြည့်​စုံ​အောင် လုပ်​ပေး​ပါ​စေ။ မိမိ​နှစ်​သက်​ရာ​ကို လုပ်​ဆောင်​နိုင်​ဖို့ ခင်​ဗျား​တို့​ကို ယေရှု​ခ​ရစ်​က​တစ်​ဆင့် လှုံ့​ဆော်​ပေး​ပါ​စေ။ ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်  အစဉ်​ထာ​ဝ​ရ  ထင်​ရှား​ပါ​စေ။ အာမင်။* ၂၂  ညီ​အစ်​ကို​တို့၊  ဒီ​အား​ပေး​စာ​ကို  ဖတ်​တဲ့​အခါ စိတ်​ရှည်​ရှည်​နဲ့ နား​ထောင်​ဖို့ တိုက်​တွန်း​ချင်​တယ်။ ကျွန်​တော်ရေး​တဲ့​ စာ​က  တို​တို​လေး​ပါ။ ၂၃  ညီ​အစ်​ကို​တိမောသေ  လွတ်​လာ​ပြီဆို​တဲ့  အကြောင်း​ကို​လည်း   သိ​စေချင်တယ်။ မကြာ​ခင် ခင်​ဗျား​တို့​ဆီ  သူလာတဲ့​အခါ ကျွန်​တော်​လည်း အတူ​  လိုက်​လာ​မယ်။ ၂၄  ခင်​ဗျား​တို့​ကို ဦး​ဆောင်​နေ​သူ​တွေ၊ သန့်​ရှင်း​သူ​တွေ အား​လုံး​ကို နှုတ်​ဆက်​ပေး​ပါ။ အီ​တ​လီ​ပြည်​မှာ+  ရှိ​နေ​တဲ့​သူ​တွေ​လည်း ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​ပါ​တယ်။ ၂၅  ခင်​ဗျား​တို့​အား​လုံး မဟာ​က​ရု​ဏာ ခံ​စား​ရ​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “သူ​စိမ်း​တွေ​ကို ကြင်​နာ​မှု​ပြဖို့။”
“သူ​တို့​နဲ့​အတူ ဒုက္ခ​ခံ​စား​နေ​ရ​သလို​မျိုး” လည်း​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။
အစား​အစာ​နဲ့​ပတ်​သက်​တဲ့ စည်း​မျဉ်း​တွေ​ကို ဆို​လို။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”