ဟေရှာယ ၅၅:၁-၁၃

  • အဖိုး​အခ​မပေး​ဘဲ စား​သောက်​ဖို့ ဖိတ်​ခေါ် (၁-၅)

  • ယေဟောဝါ​ကို၊ နှုတ်​ထွက်​စကား​တွေ​ကို ရှာ​ပါ (၆-၁၃)

    • ဘု​ရားရဲ့​လမ်း​စဉ်​ဟာ လူ့​လမ်း​စဉ်​ထက် မြင့်မား (၈၊ ၉)

    • ဘု​ရားရဲ့​နှုတ်​ထွက်​စကား ကျိန်း​သေအောင်မြင် (၁၀၊ ၁၁)

၅၅  ရေ​ငတ်​နေ​သူ​အပေါင်း​တို့၊+ ရေရှိ​ရာ​ကို လာ​ကြ။+ ငွေ​မရှိ​သူတို့၊ လာ​ကြ။ ဝယ်​စား​ကြ။ ငွေ​မပေး​ဘဲ၊ အဖိုး​အခ မပေး​ဘဲ+ စပျစ်​ဝိုင်​နဲ့​  နို့​ကို ဝယ်​ကြ။+  ၂  စား​စ​ရာ​မဟုတ်​တဲ့​အရာ​အတွက် ဘာ​လို့ ငွေ​ကုန်​ခံ​နေ​တာ​လဲ။ အဆာ​မပြေနိုင်​တဲ့​အရာ​အတွက် ဘာ​လို့ ချွေး​နှဲ​စာ​ကို ဖြုန်း​နေ​တာ​လဲ။ ငါ​ပြော​တာ​ကို အသေအချာ နားထောင်​ကြ။ ကောင်း​တဲ့​အစာ​ကို​ပဲ စား​ကြ။+ ဒါ​ဆို​ရင် အဆီ​အနှစ်​ပြည့်​ဝ​တဲ့ အစာ​ကို မင်း​တို့ မြိန်​ရေ​ရှက်​ရေ စား​ရ​လိမ့်​မယ်။+  ၃  နား​စွင့်​ကြ။ ငါ့​ဆီ လာ​ကြ။+ နား​ထောင်​ကြ။ ဒါ​ဆို မင်း​တို့ ဆက်​အသက်​ရှင်​လိမ့်​မယ်။ ငါ​က မင်း​တို့​နဲ့ ထာ​ဝ​ရ​ပဋိ​ညာဉ် ဖွဲ့မယ်။+ ဒါဝိဒ်​ကို ကတိ​ပေး​ခဲ့​တဲ့ ခိုင်​မြဲတဲ့​မေတ္တာ​မျိုး မင်း​တို့​ကို ပြမယ်။ အဲဒီ​မေတ္တာ​ဟာ ယုံ​ကြည်​စိတ်​ချ​ထိုက်​တယ်။+  ၄  ကြည့်​ပါ။ လူမျိုး​တွေ​အတွက် သက်သေ​အဖြစ် သူ့​ကို ငါ​ခန့်​လိုက်​ပြီ။+ လူမျိုး​တွေ​အတွက် ခေါင်း​ဆောင်​အဖြစ်၊+ အမိန့်​ပေး​သူ​အဖြစ်+ ခန့်လိုက်​ပြီ။  ၅  ကြည့်​ပါ။ မင်း​က မသိ​တဲ့​လူမျိုး​တစ်​မျိုး​ကို ခေါ်​လာ​လိမ့်​မယ်။ မင်း​ကို​မသိ​တဲ့ လူမျိုး​ထဲ​က လူ​တွေ​က​လည်း အစ္စရေး​တို့​ရဲ့ သန့်​ရှင်း​တဲ့​အရှင် ယေဟောဝါ​ဘု​ရား​ကြောင့်+ မင်းဆီ ပြေး​လာ​လိမ့်​မယ်။ မင်း​ကို ဘု​ရား​ဂုဏ်​တင်​မှာ ဖြစ်​လို့​ပဲ။+  ၆  ယေဟောဝါ​ကို တွေ့​နိုင်​တုန်း​မှာ ရှာ​ကြ။+ အနား​မှာ​ရှိ​နေ​တုန်း ခေါ်​ပြီး ဆုတောင်း​ကြ။+  ၇  လူ​ဆိုး​က မိမိ​လမ်း​စဉ်​ကို စွန့်​ပါ​စေ။+ လူ​ယုတ်​မာ​က​လည်း မိမိ​အကြံ​အစည်​တွေ​ကို စွန့်​ပါ​စေ။ ကရု​ဏာ​ပြမယ့် ယေဟောဝါ​ဆီ ပြန်​လှည့်​လာ​ပါ​စေ။+ ဘု​ရား​သခင်​က အကြွင်း​မဲ့ ခွင့်​လွှတ်​လိမ့်​မယ်။+  ၈  ယေဟောဝါ ပြော​တာ​က– “ငါ့​အကြံ​အစည်​ဟာ မင်း​တို့​ရဲ့ အကြံ​အစည်​နဲ့ မတူ​ဘူး။+ ငါ့​လမ်း​စဉ်​လည်း မင်း​တို့​ရဲ့​လမ်း​စဉ်​နဲ့ မတူ​ဘူး။  ၉  မိုး​ကောင်း​ကင်​ဟာ မြေကြီး​ထက် မြင့်​မား​သလို ငါ့​လမ်း​စဉ်​ဟာ မင်း​တို့​ရဲ့​လမ်း​စဉ်​ထက်၊ ငါ့​အကြံ​အစည်​ဟာ မင်း​တို့​ရဲ့ အကြံ​အစည်​ထက် မြင့်​မား​တယ်။+ ၁၀  မိုး​တွေ၊ နှင်း​တွေ​ဟာ ကောင်း​ကင်​က​နေ ကျ​လာ​ပြီး​နောက် မြေကြီး​စို​စွတ်​အောင်၊ သီး​နှံ​ဖြစ်​ထွန်း​အောင် မလုပ်​ပေး​ဘဲ၊ မျိုး​ကြဲ​သူ​အတွက် မျိုး​စေ့၊ စား​သုံး​သူ​အတွက် စား​စ​ရာ​မပေး​ဘဲ ပြန်​တက်​သွား​ရိုး​ထုံး​စံ မရှိ​ဘူး။ ၁၁  ငါ့​နှုတ်​ထွက်​စကား​လည်း အဲဒီ​လို​ပဲ ဖြစ်​မယ်။+ မပြည့်​စုံ​ဘဲ ငါ့​ဆီ​ပြန်​လာ​မှာ မဟုတ်​ဘူး။+ ငါ​အလို​ရှိ​ရာ မှန်​သမျှ​ကို ကျိန်း​သေ ပြီး​မြောက်​စေ​မယ်။+ ငါ​စေ​ခိုင်း​တဲ့​အတိုင်း ကျိန်း​သေ အောင်​မြင်​မယ်။ ၁၂  မင်း​တို့ ဝမ်း​သာ​အား​ရ ထွက်​သွား​ရ​လိမ့်​မယ်။+ ချော​ချော​မော​မော ပြန်​လာ​မယ်။+ မင်း​တို့​ပြန်​ရောက်​လာ​တဲ့​အခါ တောင်​တန်း​တောင်​ကုန်း​တွေ ပျော်​မြူး​ပြီး ရွှင်​လန်း​စွာ ကြွေး​ကြော်​မယ်။+ တော​သစ်​ပင်​တွေ​လည်း လက်​ခုပ်​တီး​မယ်။+ ၁၃  ဆူး​ချုံ​အစား ဂျူ​နီ​ပါ​ထင်း​ရှူး​ပင် ပေါက်​လာ​မယ်။+ ဆူး​ဖက်​ယား​ပင်​အစား မု​ရ​တု​ပင်* ပေါက်​လာ​မယ်။ ဒါ​ဟာ ပျက်​စီး​မသွား​မယ့် ထာ​ဝ​ရ​အထောက်​အထား ဖြစ်​မယ်။ ငါ​ယေဟောဝါ​လည်း ဂုဏ်​သတင်း ကျော်​စော​လိမ့်​မယ်။”+

အောက်ခြေမှတ်ချက်များ

အရွက်​ပြောင်​လက်​ပြီး အပွင့်​ဖြူ​ဖွေး မွှေး​ကြိုင်​တဲ့ ချုံ​ပင်။