၁ တိမောသေ ၅:၁-၂၅

  • အသက်​ငယ်​သူ၊ အသက်​ကြီး​သူ​တွေ​ကို ပြု​မူ​ဆက်ဆံသင့်ပုံ (၁၊ ၂)

  • မု​ဆိုး​မတွေ​ကို ထောက်​မ (၃-၁၆)

    • ကိုယ့်​အိမ်​သူ​အိမ်​သား​တွေ​ကို ထောက်​မခြင်း ()

  • အလုပ်​ကြိုး​စား​တဲ့ အကြီး​အကဲ​များ​ကို လေးစား (၁၇-၂၅)

    • ‘စ​ပျစ်​ဝိုင် နည်း​နည်း သောက်​ပေး​ပါ’ (၂၃)

 အသက်​ကြီး​တဲ့ အမျိုး​သား​ကို ပြင်း​ပြင်း​ထန်​ထန် ဝေ​ဖန်​ပြစ်​တင်​တာ​မျိုး မလုပ်​ပါ​နဲ့။+ အဲ​ဒီ​အစား ဖခင်​တစ်​ယောက်​လို  တောင်း​တောင်း​ပန်​ပန် ပြော​ဆို​ပါ။ ငယ်​ရွယ်​တဲ့​အမျိုး​သား​တွေ​ကို ညီ​လို  သဘော​ထား​ပြီး ပြော​ဆို​ပါ။ ၂  အသက်​ကြီး​တဲ့ အမျိုး​သမီး​တွေ​ကို မိခင်​လို၊ ငယ်​ရွယ်​တဲ့ အမျိုး​သမီး​တွေ​ကို နှ​မလို သဘော​ထား​ပြီး ရိုး​သား​ဖြူ​စင်​စွာ ဆက်​ဆံ​ပါ။ ၃  အမှန်​တ​ကယ် ခို​ကိုး​ရာ​မဲ့​နေ​တဲ့ မုဆိုး​မတွေ​ကို တ​လေး​တ​စား​နဲ့ ဂရု​စိုက်​စောင့်​ရှောက်​ပါ။+ ၄  သူ​တို့​မှာ သား​မြေး​တွေ​ရှိ​ရင်​တော့ သား​မြေး​တွေ​က မိသား​စု​ဝင်​တွေ​ကို  ကြည့်​ရှု​စောင့်​ရှောက်​ခြင်း​အား​ဖြင့် ဘု​ရား​တ​ရား​ကိုင်း​ရှိုင်း​တတ်​ဖို့ ဦး​ဆုံး သင်​ယူ​ရ​မယ်၊+ မိ​ဘ​ဘိုး​ဘွား​တွေ​ကို ကျေး​ဇူး​ဆပ်​ရ​မယ်။+ ဒီ​လို​လုပ်​တာ​ကို ဘု​ရား​သခင် နှစ်​သက်​တယ်။+ ၅  အမှန်​တ​ကယ် ခို​ကိုး​ရာ​မဲ့​ပြီး စောင့်​ရှောက်​သူ​မရှိ ဖြစ်​နေ​တဲ့ မုဆိုး​မဟာ ဘု​ရား​သခင်​ကို မျှော်​ကိုး​တတ်​တယ်။+  နေ့​ရော​ည​ပါ တိုး​လျှိုး​အသနား​ခံ​တတ်​တယ်၊ အမြဲဆု​တောင်း​တတ်​တယ်။+ ၆  အပျော်​အပါး​လိုက်​စား​တဲ့ မု​ဆိုး​မတွေ​က​တော့ ရှင်​လျက်​နဲ့ သေနေ​တာ​ပဲ။ ၇  သူ​တို့ ကဲ့​ရဲ့​ပြော​ဆို​မခံ​ရ​အောင် ဒီ​ညွှန်​ကြား​ချက်​တွေ အမြဲပေး​နေ​ပါ။ ၈  ကိုယ်​ကြည့်​ရှု​စောင့်​ရှောက်​ရ​မယ့်​သူ​တွေ​ကို၊ အထူး​သဖြင့် ကိုယ့်​မိ​သား​စု​ဝင်​တွေ​ကို မထောက်​ပံ့​ဘူး​ဆို​ရင် အဲ​ဒီ​လူ​ဟာ ယုံ​ကြည်​ခြင်း​တရား​ကို ငြင်း​ပယ်​တဲ့​သူ​ပဲ၊ မယုံ​ကြည်​သူ​ထက်​တောင် ဆိုး​ရွား​တယ်။+ ၉  ခင်​ပွန်း​တစ်​ဦး​တည်း​ရှိ​ခဲ့​ဖူး​တဲ့ မုဆိုး​မဟာ အသက် ၆၀ ကျော်​နေ​ရင် သူ့​ကို  မု​ဆိုး​မစာ​ရင်း  သွင်း​လိုက်​ပါ။ ၁၀  သူ​ဟာ သား​သမီး​တွေ​ကို ပြု​စု​ပျိုး​ထောင်​တာ၊+ ဧည့်​ဝတ်​ကျေ​ပွန်​တာ၊+ သန့်​ရှင်း​သူ​တွေရဲ့ ခြေ​ကို ဆေး​ပေး​တာ၊+ ဒုက္ခရောက်​နေ​သူ​ကို ကူ​ညီ​မစ​တာ၊+ ကောင်း​မှု​ပြု​ဖို့ ကြိုး​စား​အား​ထုတ်​တာ​စတဲ့  မွန်မြတ်​တဲ့​အလုပ်​တွေ  လုပ်​ဆောင်​ခဲ့လို့ နာ​မည်​ကောင်း​ရ​တဲ့​သူ+ ဖြစ်ရ​မယ်။ ၁၁  ငယ်​ရွယ်​တဲ့  မု​ဆိုး​မတွေ​ကို​တော့ မု​ဆိုး​မစာ​ရင်း မသွင်း​ပါ​နဲ့။ သူ​တို့​ရဲ့​သွေး​သား​ဆန္ဒ​ကြောင့် ခ​ရစ်​တော်​အတွက် အမှု​ဆောင်​ဖို့ အတား​အဆီး​ဖြစ်​လာ​တဲ့​အခါ သူ​တို့ အိမ်​ထောင်​ပြု​ချင်​ကြ​တယ်။ ၁၂  အဲ​ဒီ​လို​ဆို​ရင် အရင်​က​ပေး​ခဲ့​တဲ့ က​တိ​ကို သူ​တို့ ဖျက်​မိ​တဲ့​အတွက် ပြစ်​ဒဏ်​စီ​ရင်​ခံ​ရ​လိမ့်​မယ်။ ၁၃  အဲ​ဒီ​အပြင် သူ​တို့​ဟာ အလုပ်​မလုပ်​ဘဲ အိမ်​တ​ကာ​လည်​တဲ့​သူ​တွေ ဖြစ်​သွား​နိုင်​တယ်။ အလုပ်​မလုပ်​ရုံ​သာ​မက အတင်း​အဖျင်း​ပြော​တဲ့​သူ​တွေ၊ သူ​တစ်​ပါး​ကိစ္စ​မှာ ဝင်​စွက်​ပြီး+ မပြော​သင့်​တာ​ကို ပြော​တဲ့​သူ​တွေ ဖြစ်​သွား​နိုင်​တယ်။ ၁၄  ဒါ​ကြောင့် ငယ်​ရွယ်​တဲ့ မု​ဆိုး​မတွေ​အနေ​နဲ့ အိမ်​ထောင်​ပြု​တာ၊+ သား​သမီး​မွေး​ဖွား​တာ၊+ အိမ်​ထောင်​စီ​မံ​ခန့်​ခွဲ​တာ​တွေ လုပ်​ဆောင်​ဖို့ ငါ​လို​လား​တယ်။  ဒါ​မှ   ဆန့်​ကျင်​သူ​ဘက်​က​နေ ကဲ့​ရဲ့​ပြစ်​တင်​ခွင့် မရ​နိုင်​မှာ​ပါ။ ၁၅  အခု​တောင် မုဆိုး​မတ​ချို့ လမ်း​လွဲ​ပြီး စာတန်​နောက်​ကို ပါ​သွား​ကြ​ပြီ။ ၁၆  ယုံ​ကြည်​သူ အမျိုး​သမီး​တစ်​ယောက်​မှာ  ဆွေ​မျိုး​တော်​တဲ့ မု​ဆိုး​မတွေ​ရှိ​ရင် အဲ​ဒီ​မု​ဆိုး​မတွေ​ကို သူ ကူ​ညီ​ပေး​ရ​မယ်။ အသင်း​တော်​ကို ဝန်​ထုပ်​ဝန်​ပိုး မဖြစ်​ပါ​စေ​နဲ့။ ဒါ​မှ အသင်း​တော်​က အမှန်​တ​ကယ် ခို​ကိုး​ရာ​မဲ့​နေ​တဲ့ မု​ဆိုး​မတွေ​ကို ကူ​ညီ​ပေး​နိုင်မယ်။+ ၁၇  ကောင်း​ကောင်း​မွန်​မွန်  ဦး​စီး​နေ​တဲ့ အကြီး​အကဲ​တွေ၊+ အထူး​သ​ဖြင့် တ​ရား​စ​ကား​အကြောင်း ပြော​ဆို​ခြင်း၊ သွန်​သင်​ခြင်း​တွေ​မှာ ကြိုး​စား​လုပ်​ဆောင်​နေ​သူ​တွေ​ကို+ ရို​သေလေး​စား​မှု နှစ်​ဆ​ခံ​ထိုက်​သူ​တွေလို့+ ယူ​မှတ်​ပါ။ ၁၈  ဘာ​လို့​လဲ​ဆို​တော့  “စ​ပါး​နယ်​နေ​တဲ့  နွား​ကို   ပါး​ချုပ်​မတပ်​ရ​ဘူး၊”+ “အလုပ်​လုပ်​သူ​ဟာ လုပ်​ခ​ကို ရ​ထိုက်​တယ်”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​လို့​ပဲ။ ၁၉  အကြီး​အကဲ​တစ်​ယောက် စွပ်​စွဲ​ခံ​ရ​တယ်​ဆို​ရင် သက်​သေနှစ်​ယောက် ဒါ​မှ​မဟုတ် သုံး​ယောက်​ရဲ့ ထွက်​ဆို​ချက်​မရှိ​ဘဲ လက်​မခံ​ပါ​နဲ့။+ ၂၀  အပြစ်​လုပ်​ရ​တာ အကျင့်​ပါ​နေ​တဲ့​သူ​တွေ​ကို+ လူ​အများ​ရှေ့​မှာ ဆုံး​မပါ။+ ဒါ​မှ တ​ခြား​သူ​တွေ​အတွက် သတိ​ပေး​ချက် ဖြစ်​လိမ့်​မယ်။ ၂၁  တစ်​ဖက်​သတ်​အစွဲ​တွေ၊ ဘက်​လိုက်​တာ​တွေ မရှိ​ဘဲ+ ဒီ​ညွှန်​ကြား​ချက်​တွေ​အတိုင်း လိုက်​နာ​ဖို့ ဘု​ရား​သခင်​နဲ့ ခ​ရစ်​တော်​ယေရှု​ရဲ့ ရှေ့​မှာ၊ ရွေး​ချယ်​ထား​တဲ့ ကောင်း​ကင်​တ​မန်​တွေ​ရှေ့​မှာ မင်း​ကို အလေး​အနက် မှာ​ချင်​တယ်။ ၂၂  အလျင်​စ​လို လက်​တင်​ပြီး ဘယ်​သူ့​ကို​မှ မခန့်​အပ်​ပါ​နဲ့။+ သူ​တစ်​ပါး​ရဲ့​အပြစ်​မှာ ဝင်​မပါ​နဲ့။ ကိုယ်​ကျင့်​တ​ရား စင်​ကြယ်​နေ​ပါ။ ၂၃  မင်း​ရဲ့  အစာ​အိမ်​အတွက်၊ မကြာ​ခ​ဏ ခံ​စား​နေ​ရ​တဲ့ အဖျား​အနာ​အတွက် ရေ​ချည်း​ပဲ သောက်​နေ​မယ့်​အစား စ​ပျစ်​ဝိုင်​နည်း​နည်း သောက်​ပေး​ပါ။ ၂၄  လူ​တ​ချို့​ရဲ့ အပြစ်​ဟာ လူ​သိ​ရှင်​ကြား​ဖြစ်​ပြီး ချက်​ချင်း တ​ရား​စီ​ရင်​ခံ​ရ​တတ်​တယ်။  လူ​တ​ချို့​ရဲ့  အပြစ်​က​တော့ နောက်​မှ​ပဲ ပေါ်​လာ​တတ်​တယ်။+ ၂၅  အလား​တူ၊ ကောင်း​တဲ့​လုပ်​ရပ်တွေ​က​လည်း လူ​သိ​ရှင်​ကြား ဖြစ်​တတ်​တယ်။+ မဖြစ်​သေး​ရင်​တောင် ဖုံး​ထား​လို့​တော့ မရ​ပါ​ဘူး။+

အောက်ခြေမှတ်ချက်များ