၁ သက်သာလောနိတ် ၅:၁-၂၈

  • ယေဟောဝါ​ရဲ့​နေ့ လာ​နေ​ပြီ (၁-၅)

    • “ငြိမ်း​ချမ်း​ပြီ၊ လုံ​ခြုံ​ပြီ” ()

  • နိုး​နိုး​ကြား​ကြား​နဲ့ သတိ​ရှိ​နေ​ကြ​စို့ (၆-၁၁)

  • တိုက်​တွန်း​ချက်​များ (၁၂-၂၄)

  • နောက်​ဆုံး နှုတ်​ဆက်​စ​ကား (၂၅-၂၈)

 ညီအစ်​ကို​တို့၊ သတ်​မှတ်​ထား​တဲ့ အချိန်​တွေ၊ ကာ​လ​တွေ​နဲ့ ပတ်​သက်​ပြီး  ခင်​ဗျား​တို့​ဆီ   ရေး​စ​ရာ​အ​ကြောင်း ဘာ​မှ​မရှိ​ပါ​ဘူး။ ၂  ဘာ​လို့​လဲ​ဆို​တော့ ယေဟောဝါ​ရဲ့* နေ့​ဟာ+ ည​အချိန်​မှာ သူ​ခိုး​လာ​သလို လာ​လိမ့်​မယ်​ဆို​တာ+ ခင်​ဗျား​တို့ ကောင်း​ကောင်း သိ​ထား​ပြီး​သား​ပဲ။ ၃  “ငြိမ်း​ချမ်း​ပြီ၊ လုံ​ခြုံ​ပြီ” လို့ လူ​တွေ​ပြော​နေ​ချိန်​မှာ​ပဲ ကိုယ်​ဝန်​ဆောင်​မိန်း​မက သား​ဖွား​ဝေ​ဒ​နာ ရုတ်​တ​ရက် ခံ​စား​ရ​သလို မျှော်​လင့်​မထား​တဲ့ ပျက်​စီး​ခြင်း​ဘေး​က​လည်း သူ​တို့​အပေါ် ရုတ်​တ​ရက် ရောက်​လာ​လိမ့်​မယ်။+ ဘယ်​နည်း​နဲ့​မှ လွတ်​မြောက်​မှာ မဟုတ်​ဘူး။ ၄  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​ဟာ သူ​ခိုး​တွေ​လို အမှောင်​ထဲ​မှာ ရှိ​နေ​တာ​မဟုတ်​တော့ အဲ​ဒီ​နေ့ ရုတ်​တ​ရက်​လာ​တဲ့​အခါ အငိုက်​မိ​မှာ မဟုတ်​ဘူး။ ၅  အလင်း​ရဲ့​သား​တွေ၊  နေ့​အချိန်​ရဲ့​သား​တွေ+ ဖြစ်​နေ​ကြ​လို့​ပဲ။ ကျွန်​တော်​တို့​ဟာ ည​အချိန်​နဲ့​ရော အမှောင်​နဲ့​ပါ မအပ်​စပ်​ဘူး။+ ၆  ဒါ​ကြောင့် တ​ခြား​သူ​တွေ​လို အိပ်​မနေ​ဘဲ+ နိုး​နိုး​ကြား​ကြား​နဲ့+ သတိ​ရှိ​နေ​ကြ​စို့။+ ၇  အိပ်​တဲ့​သူ​တွေ​က ည​အချိန်​မှာ အိပ်​တတ်​တယ်။ မူး​ယစ်​တဲ့​သူ​တွေ​က​လည်း  ည​အချိန်​မှာ  မူး​ယစ်​တတ်​တယ်။+ ၈  နေ့​အချိန်​ရဲ့ သား​တွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့​က​တော့ သတိ​ရှိ​နေ​ကြ​စို့။ ယုံ​ကြည်​ခြင်း​နဲ့ ချစ်​ခြင်း​ကို ရင်​အုပ်​တန်​ဆာ​လို ဝတ်​ဆင်​ထား​ကြ​စို့။ ကယ်​တင်​ခြင်း​ရ​မယ်​ဆို​တဲ့ မျှော်​လင့်​ချက်​ကို သံ​ခ​မောက်​လို ဆောင်း​ထား​ကြ​စို့။+ ၉  ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို အမျက်​တော်​သင့်​စေ​ဖို့ မဟုတ်​ဘဲ သခင်​ယေရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​ရ​စေ​ဖို့ ရွေး​ချယ်​ထား​ပြီ။+ ၁၀  ကျွန်​တော်​တို့​အတွက် သခင်​အသေခံ​ခဲ့​တာ​ဟာ+ ကျွန်​တော်​တို့ နိုး​နေ​သည်​ဖြစ်​စေ၊ အိပ်​ပျော်​နေ​သည်​ဖြစ်​စေ* သူ​နဲ့​အတူ ရှိ​နေ​နိုင်​ဖို့​ပဲ။+ ၁၁  ဒါ​ကြောင့် အခု​လို​ပဲ အချင်း​ချင်း ဆက်​ပြီး နှစ်​သိမ့်​အား​ပေး​နေ​ကြ​ပါ။+ ၁၂  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​ဆီ​မှာ​ရှိ​တဲ့ အလုပ်​ကြိုး​စား​သူ​တွေ၊ သခင်​ရဲ့ အမှု​ဆောင်​လုပ်​ငန်း​ကို ဦး​စီး​နေ​သူ​တွေ၊ အကြံ​ပေး​ဆုံး​မနေ​သူ​တွေ​ကို လေး​စား​ကြ​ဖို့ မေတ္တာရပ်​ခံ​ပါ​တယ်။ ၁၃  သူ​တို့​ရဲ့​အလုပ်​ကို ထောက်​ပြီး မေတ္တာ​စိတ်​နဲ့ အထူး​ရို​သေလေး​စား​ကြ​ဖို့+ မေတ္တာရပ်​ခံ​ပါ​တယ်။ အချင်း​ချင်း သင့်​သင့်မြတ်မြတ် ရှိ​ကြ​ပါ။+ ၁၄  ညီ​အစ်​ကို​တို့၊ စည်း​စ​နစ်​မရှိ​သူ​တွေ​ကို သတိ​ပေး​ဖို့၊+ စိတ်​ဓာတ်​ကျ​နေ​သူ​တွေ​ကို ကြင်​ကြင်​နာ​နာ ပြော​ဖို့၊ အား​နည်း​သူ​တွေ​ကို ထောက်​မပေး​ဖို့၊ လူ​တိုင်း​ကို စိတ်​ရှည်​ဖို့+ ခင်​ဗျား​တို့​ကို တိုက်​တွန်း​ပါ​တယ်။ ၁၅  အဆိုး​ကို အဆိုး​နဲ့ မတုံ့​ပြန်​မိ​ဖို့+ သတိ​ထား​ကြ​ပါ။ အချင်း​ချင်း​ကိုဖြစ်​စေ၊  တ​ခြား​သူ​တွေ​ကို​ဖြစ်​စေ ကောင်း​မှု​ပြု​ဖို့ အမြဲကြိုး​စား​ကြ​ပါ။+ ၁၆  အမြဲ  ဝမ်း​မြောက်​နေ​ကြ​ပါ။+ ၁၇  အမြဲမပြတ် ဆု​တောင်း​နေ​ကြ​ပါ။+ ၁၈  အရာရာ​အတွက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​ပါ။+  ခ​ရစ်​တော်​ယေရှု​ရဲ့ နောက်​လိုက်​တွေ​ဖြစ်​တဲ့ ခင်​ဗျား​တို့​ကို ဘု​ရား​သခင် လုပ်​စေ​ချင်​တာ အဲ​ဒါ​ပါ​ပဲ။ ၁၉  စွမ်း​အား​တော်​မီး​ကို မငြိမ်း​စေ​နဲ့။+ ၂၀  ပရော​ဖက်​ပြု​ချက်​တွေ​ကို မထီ​မဲ့​မြင် မလုပ်​ပါ​နဲ့။+ ၂၁  အရာရာ​ကို မှန်​မမှန် အသေအချာ စစ်​ဆေး​ပါ။+ ပြီး​တဲ့​နောက် ကောင်း​မွန်​ရာ​ကို စွဲ​ကိုင်​ထား​ပါ။ ၂၂  မကောင်း​မှု အမျိုး​မျိုး​ကို ရှောင်​ကြပါ။+ ၂၃  ငြိမ်​သက်​ခြင်း​ရဲ့ ဘု​ရား​သခင်​က ခင်​ဗျား​တို့​ကို မိမိ​ရဲ့​လုပ်​ငန်း​အတွက် သီး​သန့်​ဖယ်​ထား​ပါ​စေ။ သခင်​ယေရှု​ခ​ရစ် ရောက်​ရှိ​နေ​ချိန်​အတွင်း​မှာ ခင်​ဗျား​တို့​ရဲ့ စိတ်​ဓာတ်​သာ​မက အသက်​ရော ခန္ဓာ​ပါမကျန် အရာရာ​တိုင်း​မှာ အပြစ်​တင်​စရာ လုံး​ဝ​မရှိ​အောင် စောင့်​ထိန်း​နိုင်​ကြ​ပါ​စေ။+ ၂၄  ခင်​ဗျား​တို့​ကို ရွေး​ချယ်​တဲ့​အရှင်​ဟာ သစ္စာ​ရှိ​တဲ့​အတွက် အဲ​ဒီ​အတိုင်း လုပ်​ဆောင်​ပေး​လိမ့်​မယ်။ ၂၅  ညီ​အစ်​ကို​တို့၊  ကျွန်​တော်​တို့​အတွက် အမြဲ ဆု​တောင်း​ပေး​ကြ​ပါ။+ ၂၆  အချင်း​ချင်း​ကို  သန့်​ရှင်း​တဲ့​အနမ်း​နဲ့ နှုတ်​ဆက်​ကြ​ပါ။ ၂၇  ဒီ​စာ​ကို   ညီ​အစ်​ကို​အား​လုံး​ ဆီ  ဖတ်​ပြဖို့+  သခင်​ရဲ့​နာ​မည်​ကို​အ​မှီ​ပြု​ပြီး ကျွန်​တော် တိုက်​တွန်း​လိုက်​ပါ​တယ်။ ၂၈  သခင်​ယေရှု​ခ​ရစ်ရဲ့ မဟာ​က​ရု​ဏာ​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “သေခြင်း​မှာ အိပ်​ပျော်​နေ​သည်​ဖြစ်​စေ။”