မာတိကာဆီ ကျော်သွား

ချမ်း​စ​ဖို့​က တောရိုင်းတိရစ္ဆာန်​တွေကို ကာကွယ်​ပေးနေ

ချမ်း​စ​ဖို့​က တောရိုင်းတိရစ္ဆာန်​တွေကို ကာကွယ်​ပေးနေ

ဗြိတိန်​နိုင်ငံရှိ ယေဟောဝါသက်သေတွေ​က အက်​ဆက် စီရင်​စု​က ချမ်း​စ​ဖို့​မြို့အနီး​မှာ ဌာနခွဲရုံး​အသစ်​ကို စ​ဆောက်​နေပြီ။ ဒီ​တကယ် လှပတဲ့ နေရာမှာ တောရိုင်းတိရစ္ဆာန် အမျိုး​အမ​ယ် အတော်များများ ရှိပြီး ဗြိတိန်​နိုင်ငံက ဒီ​တိရစ္ဆာန်တွေကို တောရိုင်းတိရစ္ဆာန်​နဲ့ ကျေးလက်​ဒေသ ဥပဒေ ၁၉၈၁ က ဘေးမဲ့​ပေးထားတယ်။ ဆောက်လုပ်ရေး​အတွင်း ဒီ​ဥပဒေ​ကို လိုက်နာ​ဖို့နဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေ​ကို ထိန်းသိမ်း​စောင့်ရှောက်​ဖို့ ယေဟောဝါသက်သေတွေ ဘာလုပ်​နေကြ​သလဲ။

နီ​ညို​ရော​င် အမြီး​စု​တ်ဖွား​ကြွက်​အတွက် တံတား​ထိုး​ပေးနေ

ဆောက်လုပ်ရေး လုပ်နေတဲ့ နေရာကို နီ​ညို​ရော​င် အမြီး​စု​တ်ဖွား​ကြွက်​တွေ မ​ရောက်လာ​ရအောင် လုပ်ငန်းခွင်​က သစ်​တွေကို အသုံးပြုပြီး သူတို့ နေစရာ အသိုက်​ကလေးတွေကို အဝေးကြီး​မှာ ဆောက်​ပေးထား​ကြတယ်။ ဒီ​ကြွက်​မျိုး​အတွက် အထူး တီထွင်​ထားတဲ့ ကုန်း​တံတား​တစ်ခုကို အဝင်​လမ်းသစ်​မှာ ဆောက်​ပေးထားတယ်။ သူတို့ ကျက်စား​တဲ့ သစ်ပင်​နဲ့ ချုံ​တန်း​စည်းရိုး​တွေကို ဆက်သွယ်​ပေးဖို့ ဖြစ်တယ်။ အဲဒီအပြင် ဒီ​ကြွက်​တွေ​အတွက် ချုံ​တန်း​စည်းရိုး​ကိုလည်း သက်သေခံတွေ ပြုပြင်​ထိန်းသိမ်း​ပေး​ကြတယ်။ နှစ်စဉ်​နှစ်​တိုင်း ဆောင်း​ခို​ရာသီမှာ ချုံ​တန်း​စည်းရိုး​တစ်ပိုင်း​စီ​ကို အလှည့်ကျ ဖြတ်​ညှိ​ပေးတာ​ကြောင့် ဒီ​ကြွက်​လေး​တွေရဲ့ စားကျက်မြေ​ဟာ ရှင်သန်​ပေါများ​နေပါတယ်။

နီ​ညို​ရော​င် အမြီး​စု​တ်ဖွား​ကြွက်​အတွက် အသိုက်​တွေ တပ်ဆင်​ပေးနေ

သက်သေခံတွေ​က မြက်​မြွေ၊ ပု​တ်​သင်၊ ကင်း​လိပ်​ချော​တွေ​နဲ့ ခြေလက်​မပါတဲ့ ကင်း​လိပ်​ချော​လို (blindworms) အကောင်​တွေကို​လည်း ကာကွယ်​ပေးထားတယ်။ ဂေဟဗေဒ ပညာရှင်တွေက ဒီ​တွားသွား​သတ္တဝါ​တွေ ယာယီ ခိုအောင်း​ဖို့ လုပ်​ထားတဲ့ အိမ်မိုး​အုတ်​ကြွ​ပ်​ပြား​တွေ​အောက်​က စုသိမ်း​ပြီး ဆောက်လုပ်ရေး ဧရိယာ​နဲ့ ခပ်လှမ်းလှမ်း​နေရာတွေကို ရွှေ့​ပြောင်း​ပေး​ကြတယ်။ တွားသွား​သတ္တဝါ​တွေ ကျက်စား​ရာ နေရာ​အသစ်​မှာ သူတို့ ခိုအောင်း​ဖို့ အကန့်​တွေ​နဲ့ ဆောက်လုပ်ရေး ဧရိယာ​ထဲ မဝင်​နိုင်အောင် အထူး အကာအရံ​တွေ ပြုလုပ်​ထားတယ်။ ဒီ​အကာအရံ​ကို သက်သေခံတွေ ပုံမှန် စစ်ဆေး​ပေးတယ်။

နီ​ညို​ရော​င် အမြီး​စု​တ်ဖွား​ကြွက်

ည​အချိန်​မှ ပျံသန်း​တဲ့ လင်းနို့​တွေကို အနှောင့်အယှက် မဖြစ်စေဖို့ သိပ်​မ​ထိန်လင်း​တဲ့ LED မီးလုံး​တွေကို ဆိုက်​မှာ အသုံးပြုကြတယ်။ ဒီ​မီးလုံး​တွေ​က ယာဉ်​အသွားအလာ ရှိ​မှ လင်းလာတယ်။ လင်းနို့​တွေ​က လုပ်ငန်းခွင် ပတ်ပတ်လည်​က ချုံ​တန်း​စည်းရိုး​တွေ​မှာ ည​အချိန်​ကျ​မှ​ပဲ အစာ​ရှာ​စား​တတ်​လို့ ဒီ​ခြံစည်းရိုး​တွေကို ထိန်းသိမ်း​ပေးထားတယ်။ ပြီးတော့ ချုံ​တန်း​စည်းရိုး​အသစ် ၁ မိုင်​ခွဲ​လောက် အမြဲ စိုက်ပျိုး​ပေးတယ်။ လုပ်ငန်းခွင်​မှာ ရှိတဲ့ သစ်ပင်​တချို့ကို ခုတ်လှဲ​ဖို့ လို​လာ​ရင်​လည်း အလုပ်သမားတွေ​က လင်းနို့​တွေ ခိုအောင်း​ဖို့ အသိုက်​တွေ၊ ဘူး​တွေ အစားထိုး​တပ်ဆင်​ပေးတယ်။

လင်းနို့​တွေ​အတွက် သေတ္တာ​တွေ တပ်ဆင်​ပေးနေ

သက်သေခံတွေ​က တန်ဖိုးရှိတဲ့ သက်တမ်းရင့် အပင်​တွေကို မထိခိုက်​မိအောင် ဒီ​အပင်​တွေ အမြစ်စွဲ​တဲ့​နေရာဆီ ဆောက်လုပ်ရေး​ယာဉ်​တွေ မရောက်ရ​အောင် တာ​ဆီး​ပေးထားတယ်။ ဒီ​သက်တမ်းရင့်​အပင်​တွေ​က ကျောရိုးမဲ့ တိရစ္ဆာန်၊ လင်းနို့​နဲ့ ငှက်​မျိုးစိတ်တွေ နားခို​တဲ့​နေရာ ဖြစ်တယ်။ ဒီလို​နည်းအမျိုးမျိုးနဲ့ ချမ်း​စ​ဖို့​အရပ်​က တောရိုင်းတိရစ္ဆာန်​တွေကို သက်သေခံတွေ​က ဆက်​ကာကွယ်ပေး​နေကြပါတယ်။