မာတိကာဆီ ကျော်သွား

ရေ​ဘေး​ကယ်ဆယ်ရေး​လုပ်ငန်း​အတွက် ဟန်​ဂေ​ရီ​နိုင်ငံက ယေဟောဝါ​သက်သေ​များ ချီးမွမ်း​ခံရ

ရေ​ဘေး​ကယ်ဆယ်ရေး​လုပ်ငန်း​အတွက် ဟန်​ဂေ​ရီ​နိုင်ငံက ယေဟောဝါ​သက်သေ​များ ချီးမွမ်း​ခံရ

မိုး​သည်းထန်​စွာ ရွာသွန်း​မှု​ကြောင့် ၂၀၁၃၊ ဇွန်လ​တုန်း​က ဥရောပ​အလယ်ပိုင်း​မှာ ရေ​ဘေးသင့်​ခဲ့တယ်။ ဟန်​ဂေ​ရီ​နိုင်ငံ ဒန်း​ညု​မြစ် တစ်လျှောက်လုံး​နီးပါး သမိုင်း​မှာ အမြင့်ဆုံး စိုးရိမ်​ရေ​မှတ် ရောက်ခဲ့တယ်။

အရေးပေါ် အခြေအနေ​ကြောင့် ဟန်​ဂေ​ရီ လူ့​စွမ်းအား​အရင်းအမြစ် ဝန်ကြီးဌာန​က ရေ​လွမ်း​မိုး​မှု ကာကွယ်ရေး​လုပ်ငန်းမှာ ပါဝင်​ကူညီ​ပေးဖို့ ဟန်​ဂေ​ရီ​နိုင်ငံက ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံး​ကို တောင်းဆိုခဲ့တယ်။ ဒန်း​ညု​မြစ်​တစ်လျှောက်​က အသင်းတော်တွေကို အာဏာပိုင်တွေ​ရဲ့ ကြီးကြပ်မှု​အောက် ရေလွှမ်းမိုးမှု ကာကွယ်ရေး​လုပ်ငန်းတွေမှာ ပါဝင်​ကြဖို့ ဌာနခွဲရုံး​က ဖိတ်ခေါ်ခဲ့​တယ်။

အသင်းတော်​တွေရဲ့ တုံ့ပြန်မှု​က အံ့မခန်း​ပါပဲ။ အသင်းတော် ၇၂ ခု​က ယေဟောဝါ​သက်သေ ၉၀၀ ကျော်ဟာ မြစ်​တစ်လျှောက် ရေ​ထိန်း​တာ​တ​မံ တည်ဆောက်ရေး​မှာ ပါဝင်​ခဲ့​ကြတယ်။ “ယေဟောဝါ​သက်သေ​များ” ရင်​ထိုး​ကပ်​မှာ နာမည်၊ မြို့​နာမည် ရေးထိုး တပ်ဆင်​ထားဖို့ တောင်းဆို​ခံရတယ်။

မြို့​တစ်မြို့​က ဒေသခံ ကြက်ခြေနီ​အဖွဲ့ ကိုယ်စားလှယ်​က အသင်းတော်​တစ်ခုကို စာရေးခဲ့တယ်– “ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ လေးစားပါ​တယ်။ အဝေးကြီး​ကနေ လာကြတယ်။ ခင်ဗျားတို့ရဲ့ စည်းလုံးမှု​မျိုး၊ ကူညီ​ပေးချင်တဲ့ စေတနာ​စိတ်​မျိုးကို တွေ့ရခဲ​ပါတယ်။ ကျွန်တော်တို့​မြို့မှာ ခင်ဗျားတို့ရဲ့ စံနမူနာကောင်း​ကို ဂုဏ်ယူ​မဆုံး​ပါဘူး။”

ဟန်​ဂေ​ရီ ပါလီမန်​အမတ်၊ သဘာဝဘေး ကယ်ဆယ်ရေး​အဖွဲ့ သဘာပတိ​က ယေဟောဝါသက်သေတွေရဲ့ ထောက်မပေး​မှု​အတွက် ကျေးဇူးတင်ကြောင်း ဌာနခွဲရုံး​ကို စာရေး​ပေးပို့​ခဲ့တယ်။