မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ခရစ်ယာန်တွေလား။

ယေဟောဝါသက်သေတွေက ခရစ်ယာန်တွေလား။

 ဟုတ်ပါတယ်။ အောက်ပါအကြောင်းရင်းတွေကြောင့် ကျွန်ုပ်တို့ဟာ ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။

  •   ယေရှုခရစ်ရဲ့ သွန်သင်ချက်တွေနဲ့ စံနမူနာကို အနီးကပ် လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ ကြိုးစားကြတယ်။—၁ ပေတရု ၂:၂၁

  •   “ငါတို့ကယ်တင်ခြင်းရရန် ကောင်းကင်အောက်တွင် နာမတစ်ခုတည်းသာ လူတို့ကို ပေးထား၏” ဆိုတဲ့အတိုင်း ကယ်တင်ခြင်းရဖို့အတွက် ယေရှုဟာ အဓိကပုဂ္ဂိုလ်ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်ကြပါတယ်။—တမန်တော် ၄:၁၂

  •   လူတွေ ယေဟောဝါသက်သေဖြစ်လာတဲ့အခါ သူတို့ဟာ ယေရှုရဲ့ နာမမှာ နှစ်ခြင်းခံကြတယ်။—မဿဲ ၂၈:၁၈၊ ၁၉

  •   ယေရှုနာမကိုအမှီပြုပြီး ကျွန်ုပ်တို့ ဆုတောင်းကြတယ်။—ယောဟန် ၁၅:၁၆

  •   ယေရှုဟာ လူသားတိုင်းအပေါ် အုပ်ချုပ်ခွင့်ရထားတဲ့ အခွင့်အာဏာရှိသူ ဒါမှမဟုတ် ဦးခေါင်းဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်ကြတယ်။—၁ ကောရိန္သု ၁၁:၃

 ဒါပေမဲ့ ခရစ်ယာန်လို့ ခေါ်ဆိုကြတဲ့ တခြားဘာသာရေးအုပ်စုတွေနဲ့ ကွဲပြားတာလေးတွေလည်း ရှိပါတယ်။ ဥပမာ၊ ယေရှုဟာ သုံးပါးပေါင်းတစ်ဆူရဲ့ အစိတ်အပိုင်းမဟုတ်ပဲ ဘုရားသခင်ရဲ့ သားတော်ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ သွန်သင်ထားတာကို ကျွန်ုပ်တို့ ယုံကြည်ကြတယ်။ (မာကု ၁၂:၂၉) မသေနိုင်တဲ့ ဝိညာဉ်ရှိတယ်လို့ ကျွန်ုပ်တို့ မယုံကြည်ကြဘူး။ ဘုရားသခင်က လူတွေကို မီးငရဲထဲမှာ ထာဝစဉ်ညှဉ်းဆဲတယ်ဆိုတာကိုလည်း မယုံကြည်ပါဘူး။ ဘာသာရေးအစီအစဉ်တွေမှာ ဦးဆောင်နေတဲ့သူတွေက တခြားသူတွေထက် သာလွန်မြင့်မြတ်စေဖို့ ဘွဲ့ထူးဂုဏ်ထူးတွေ ရှိရမယ်ဆိုတာကိုလည်း လက်မခံကြပါဘူး။—ဒေသနာ ၉:၅၊ ယေဇကျေလ ၁၈:၄၊ မဿဲ ၂၃:၈–၁၀