မာတိကာဆီ ကျော်သွား

လိုက်နာရန် စည်းကမ်းများ

လိုက်နာရန် စည်းကမ်းများ

ကြိုဆိုပါတယ်။

ဒီဝက်ဘ်ဆိုက်ကို ဘုရားသခင်၊ သမ္မာကျမ်းစာနဲ့ ယေဟောဝါသက်သေတွေအကြောင်း ပိုလေ့လာနိုင်အောင် ပြင်ဆင်ပေးထားတာဖြစ်တယ်။ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ဖတ်နိုင်တယ်၊ ကြည့်နိုင်တယ်၊ ကူးယူနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကနေ တခြားသူတွေကို အကျိုးရစေချင်ပါတယ်။ ဒါပေမဲ့ ဒီဝက်ဘ်ဆိုက်မှာပါရှိတဲ့အရာတွေကို နောက်ထပ်ဝက်ဘ်ဆိုက်တစ်ခုမှာ ဒါမှမဟုတ် application မှာ ထပ်မတင်ပါနဲ့။ တခြားသူတွေကို ဝေမျှပေးချင်ရင် အောက်ပါလိုက်နာရန် စည်းကမ်းများမှာ ဖော်ပြထားတဲ့အတိုင်း ဒီဝက်ဘ်ဆိုက်ကိုပဲ ညွှန်ပြပေးနိုင်ပါတယ်။

 မူပိုင်ခွင့်

© ၂၀၂၄ Watch Tower Bible and Tract Society of Pennsylvania, Inc. မူပိုင်။

ဒီဝက်ဘ်ဆိုက်ကို Watchtower Bible and Tract Society of New York, Inc. (“Watchtower”)၊ (“ကင်းမျှော်စင် အသင်း”) က တင်ထားပြီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ တခြားဖော်ပြချက်တွေ မပါရင် ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ စာသားတွေနဲ့ အချက်အလက်အားလုံးဟာ Watch Tower Bible and Tract Society of Pennsylvania (“Watchtower”)၊ (“ကင်းမျှော်စင် အသင်း”) ရဲ့ ပိုင်ဆိုင်ရာ ဖြစ်ပါတယ်။

 အမှတ်တံဆိပ်များ

Adobe, Adobe အမှတ်တံဆိပ်နဲ့ Acrobat, Acrobat အမှတ်တံဆိပ်တွေဟာ Adobe အစုအဖွဲ့ရဲ့ တရားဝင် မှတ်ပုံတင်ထားရာတွေ ဖြစ်တယ်။ Apple၊ iTunes နဲ့ iPod တို့ဟာ Apple ကုမ္ပဏီရဲ့ အမှတ်တံဆိပ် ဖြစ်တယ်။ Microsoft, Microsoft အမှတ်တံဆိပ်၊ Microsoft Office, Microsoft Office 365 အပါအဝင် Microsoft software နဲ့ပစ္စည်းတွေဟာ Microsoft ကုမ္ပဏီရဲ့ အမှတ်တံဆိပ် ဖြစ်တယ်။ Android ဟာ Google LLC ရဲ့ အမှတ်တံဆိပ် ဖြစ်တယ်။ Android robot ဟာ Google က ထုတ်ကုန်သစ် ဒါမှမဟုတ် ပြင်ဆင်ထားတာ ဖြစ်တယ်။ Creative Commons 3.0 Attribution License (https://creativecommons.org/licenses/by/3.0/us/) မှာဖော်ပြထားတဲ့ စည်းကမ်းချက်များနဲ့အညီ အသုံးပြုပါတယ်။ တခြားအမှတ်တံဆိပ်နဲ့ မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်တွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်ရာတွေ ဖြစ်ပါတယ်။

 လိုက်နာရန် စည်းကမ်းများနဲ့ ဝက်ဘ်ဆိုက် အသုံးပြုခွင့်

ဒီဝက်ဘ်ဆိုက်ကို အသုံးပြုမယ်ဆိုရင် လိုက်နာရန် စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်။ သင့်အနေနဲ့ ဒီဝက်ဘ်ဆိုက်ကို အသုံးပြုတယ်ဆိုရင် တခြားလိုက်နာရန် စည်းကမ်းချက် (“လိုက်နာရန် စည်းကမ်းချက်” အားလုံး) ကို အပြည့်အဝ သဘောတူကြောင်း ဖော်ပြရာရောက်တယ်။ စည်းကမ်းချက်တစ်ခုခုကို မလိုက်နာနိုင်ရင် ဒီဝက်ဘ်ဆိုက်ကို အသုံးမပြုပါနဲ့။

ဒီဝက်ဘ်ဆိုက်ကို တော်မှန်စွာ ဘယ်လို သုံးမလဲ။ အောက်ဖော်ပြပါ စည်းကမ်းတွေကို လိုက်နာပါ–

  • ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကင်းမျှော်စင်ရဲ့ မူပိုင် ဖြစ်တဲ့ အီလက်ထရောနစ် စာစောင်၊ တေးသီချင်း၊ ဓာတ်ပုံ၊ စာသား၊ ပန်းချီ၊ ဗီဒီယိုတို့ကို ကြည့်နိုင်တယ်၊ ကိုယ်ပိုင်အတွက် ကူးယူနိုင်တယ်၊ စာရွက်နဲ့ ထုတ်ယူနိုင်တယ်။ ပြန်လည်ရောင်းချခွင့်တော့ မရှိပါဘူး။

  • ကူးယူနိုင်တဲ့ စာပေ၊ ဗီဒီယို၊ အသံသွင်းထားရာတွေရဲ့ link ကို တခြားသူတွေဆီ ပို့နိုင်တယ်။ ကိုယ်တိုင် ကူးပြီးသားကိုလည်း ဝေမျှနိုင်ပါတယ်။

  • ဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ပန်းချီ၊ အီလက်ထရောနစ် စာစောင်၊ အမှတ်တံဆိပ်၊ တေးသီချင်း၊ ဓာတ်ပုံ၊ ဗီဒီယို၊ ဆောင်းပါးတို့ကို အင်တာနက် (တခြားဝက်ဘ်ဆိုက်၊ ဖိုင်ဖြန့်ဝေပေးတဲ့ ဆိုက်၊ ဗီဒီယို ဖြန့်ဝေပေးတဲ့ဆိုက်၊ လူမှုကွန်ရက်) မှာ မတင်ရပါ။

  • ဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ပန်းချီ၊ အီလက်ထရောနစ် စာစောင်၊ အမှတ်တံဆိပ်၊ တေးသီချင်း၊ ဓာတ်ပုံ၊ စာသား၊ ဗီဒီယိုတို့ကို (တခြားဆော့ဖ်ဝဲ အက်ပလီကေးရှင်းက အသုံးပြုထားတဲ့ ဆာဗာအတွက် လွှင့်တင်ခြင်း အပါအဝင်) ဘယ်ဆော့ဖ်ဝဲ အက်ပလီကေးရှင်းနဲ့ဖြစ်ပါစေ၊ တစ်စိတ်တစ်ပိုင်းနဲ့ဖြစ်ပါစေ ဖြန့်ဝေတာမျိုး မပြုရပါ။

  • ဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ပန်းချီ၊ အီလက်ထရောနစ် စာစောင်၊ အမှတ်တံဆိပ်၊ တေးသီချင်း၊ ဓာတ်ပုံ၊ စာသား၊ ဗီဒီယိုတို့ကို ငွေကြေးအကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ မိတ္တူပွားခြင်းတို့ကို (အကျိုးအမြတ် မယူဘူးဆိုရင်တောင်) မပြုရပါ။

  • ဖြန့်ဝေဖို့ ရည်ရွယ်ချက်နဲ့ Data, HTML, ရုပ်ပုံ၊ စာသားတို့ကို စုဆောင်းနိုင်တဲ့၊ မိတ္တူပွားနိုင်တဲ့၊ ကူးယူနိုင်တဲ့ ဆော့ဖ်ဝဲတွေ၊ ကိရိယာတွေ၊ နည်းပညာတွေကို မဖန်တီးပါနဲ့။ (ဒီဆိုက်မှာ အီလက်ထရောနစ် စာစောင်တွေကို ကူးယူနိုင်စေတဲ့ အခမဲ့ EPUB, PDF, MP3, MP4 တွေ ဖြန့်ဝေပေးတာကို တားမြစ်ခြင်း မဟုတ်ပါ။)

  • ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့ တခြားနည်းလမ်းကို သုံးပြီးတော့ ဒီဝက်ဘ်ဆိုက် ဒါမှမဟုတ် ဝန်ဆောင်မှုကို ဝင်ရောက်နှောင့်ယှက်ခြင်း မပြုရပါ။

  • ဒီဝက်ဘ်ဆိုက်ကို ဖျက်လိုဖျက်ဆီးသဘောနဲ့ ဝင်ရောက် အသုံးပြုခြင်း၊ ဝက်ဘ်ဆိုက်ထဲမှာ ရရှိနိုင်တာတွေကို ပျက်စီးချွတ်ယွင်းစေခြင်းမျိုး မလုပ်ရပါ။

  • ဒီဝက်ဘ်ဆိုက်ကို ဥပဒေနဲ့ မညီညွတ်တဲ့၊ မရိုးသားတဲ့၊ ထိခိုက်နစ်နာစေတဲ့နည်းနဲ့ အသုံးမပြုရပါ။ ဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ပန်းချီ၊ အီလက်ထရောနစ် စာစောင်၊ အမှတ်တံဆိပ်၊ တေးသီချင်း၊ ဓာတ်ပုံ၊ စာသား၊ ဗီဒီယိုတို့ကို ဈေးကွက်တင်ရောင်းချဖို့ ရည်ရွယ်ချက်အတွက် အသုံးမပြုရပါ။

  • ဒီဝက်ဘ်ဆိုက်မှာ ဂူဂဲလ်မြေပုံကို အသုံးပြုထားပါတယ်။ ဂူဂဲလ်ဝက်ဘ်ဆိုက်ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ ဒီဝက်ဆိုက်ကနေ ဂူဂဲလ်မြေပုံကို အသုံးပြုမယ်ဆိုရင် Google Maps/Google Earth ရဲ့ လိုက်နာရန်စည်းကမ်းများကို လိုက်နာဖို့လိုတယ်။ အပ်ဒိတ်လုပ်တာတွေကို ကျွန်တော်တို့ မသိနိုင်တဲ့အတွက် ဂူဂဲလ် မြေပုံဝက်ဘ်ဆိုက်ရဲ့ ဝန်ဆောင်မှုတွေကို အသုံးမပြုခင် လိုက်နာရမယ့် စည်းကမ်းတွေကို ပြန်သုံးသပ်ပါ။ စည်းကမ်းတွေ မလိုက်နာနိုင်ဘူးဆိုရင် ဂူဂဲလ်မြေပုံ ဝန်ဆောင်မှုကို အသုံးမပြုပါနဲ့။ ဂူဂဲလ်မြေပုံက ဘယ်ကိုယ်ရေးအချက်အလက်ကိုမှ ဒီဝက်ဘ်ဆိုက်ကို ပြန်မပို့ပေးပါ။

ဆေးပညာကဏ္ဍ

 ဒီကဏ္ဍမှာပါတဲ့ အကြောင်းအရာတွေဟာ အသိပညာပေးဖို့သက်သက်ပဲ ဖြစ်ပါတယ်။ ဆေးဝါးနဲ့ပတ်သက်ပြီး အကြံပေးတာ မဟုတ်သလို ဆရာဝန်တွေရဲ့ အကြံပြုချက်၊ ရောဂါစစ်ချက်၊ ကုသနည်းတွေကို အစားထိုးဖို့လည်း မရည်ရွယ်ပါဘူး။ ဒီဆေးပညာကဏ္ဍမှာ ဖော်ပြထားတဲ့ စမ်းသပ်ချက်တွေ၊ ဆရာဝန်တွေ၊ ဆေးဝါးတွေ၊ ကုသနည်းတွေ၊ အကြံပေးချက်တွေနဲ့ တခြားအချက်အလက်တွေကို ထောက်ခံအတည်ပြုတာလည်း မဟုတ်ပါဘူး။

ရောဂါအခြေအနေ၊ ကုသမှုနဲ့ပတ်သက်ပြီး မေးစရာရှိမယ်ဆိုရင် တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ပါ။

ဒီဆေးပညာကဏ္ဍမှာ တိကျမှန်ကန်တဲ့ နောက်ဆုံးအချက်အလက်တွေကို ဖော်ပြပေးသွားပါမယ်။ ဒါပေမဲ့ ဒီကဏ္ဍကနေ ဝင်ရောက်ဖတ်ရှုနိုင်တဲ့ အချက်အလက်တွေဟာ အခြေအနေကို အရှိအတိုင်း ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီအချက်တွေကို တိုက်ရိုက်သဘောနဲ့ဖြစ်စေ၊ သွယ်ဝိုက်သဘောနဲ့ဖြစ်စေ အာမခံပေးတာ မဟုတ်ပါဘူး။ အဲဒီအချက်အလက်တွေဟာ ယုံကြည်စိတ်ချလို့ရတယ်၊ တိကျမှန်ကန်တယ်၊ အချိန်တိုင်း အသုံးဝင်တယ်၊ ပြီးပြည့်စုံတယ်ဆိုပြီး အာမခံပေးထားတာ မဟုတ်ဘူး။ ဖော်ပြထားတဲ့ အချက်အလက်တွေအတိုင်း လုပ်ဆောင်လို့ အမှားအယွင်းတွေ ပါမယ်ဆိုရင် ဒီဝက်ဘ်ဆိုက်က တာဝန်မယူပါဘူး။ ဖော်ပြထားတဲ့ အချက်အလက်တွေအတိုင်း လုပ်ဆောင်တာက သင့်ရဲ့ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ အဲဒီအချက်အတိုင်း လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေ၊ အနာတရဖြစ်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေ၊ ငွေကြေးဆုံးရှုံးမှုတွေအတွက် ဒီဝက်ဘ်ဆိုက်ကို အပြစ်တင်လို့ မရပါ။ အာမခံချက်ပေါ် မူတည်ပြီး လုပ်တာဖြစ်စေ၊ စာချုပ်စာတမ်းပေါ် မူတည်ပြီးလုပ်တာဖြစ်စေ၊ စာချုပ်စာတမ်းကို ချိုးဖောက်ပြီး လုပ်တာဖြစ်စေ၊ တရားရေးရာလုပ်ထုံးပေါ် မူတည်ပြီး လုပ်တာပဲဖြစ်စေ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ကို အကြောင်းကြားသည်ဖြစ်စေ၊ အကြောင်းမကြားသည်ဖြစ်စေ ဒီဝက်ဘ်ဆိုက်ရဲ့ တာဝန်မဟုတ်ပါ။

အာမ,မခံပါ၊ တာဝန်မယူပါ

 ဒီဝက်ဘ်ဆိုက်နဲ့ ဒီဝက်ဘ်ဆိုက်ကနေ ရရှိနိုင်တဲ့ သတင်း၊ အချက်အလက်၊ အကြောင်းအရာနဲ့ တခြားဝန်ဆောင်မှုအားလုံးကို ကင်းမျှော်စင်က “အရှိအတိုင်း” ပြင်ဆင်ထားတာ ဖြစ်တယ်။ ကင်းမျှော်စင်က ဘယ်အမျိုးအစား၊ ဘယ်ဖော်ပြချက်၊ ဘယ်ရည်ညွှန်းချက်အတွက်မဆို ကိုယ်စားလှယ်၊ အာမခံ မရှိပါ။

ဒီဝက်ဘ်ဆိုက်ဟာ ဗိုင်းရပ်စ် ဒါမှမဟုတ် တခြား အန္တရာယ်ရှိအရာတွေ ကင်းတယ်လို့ ကင်းမျှော်စင်က အာမ,မခံပါ။ ဝန်ဆောင်မှုတစ်ခုခု၊ အချက်အလက်၊ အကြောင်းအရာ တစ်ခုခုထဲတစ်ဆင့် ဝင်လို့ ပေါ်ပေါက်လာတဲ့ ထိခိုက်မှုတွေအတွက် ကင်းမျှော်စင်မှာ တာဝန်မရှိပါ၊ ဒီဝက်ဆိုက်ကနေတစ်ဆင့် တခြားဝန်ဆောင်မှုတွေထဲ ဝင်တဲ့အတွက် တိုက်ရိုက်၊ သွယ်ဝိုက်၊ မတော်တဆ၊ ဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။

စည်းကမ်းများကို ဖောက်ဖျက်ရင်

 လိုက်နာရန် စည်းကမ်းများကို မလိုက်နာဘဲ အသုံးပြုတယ်ဆိုရင် ကင်းမျှော်စင် (အသင်း) က ကင်းမျှော်စင် (အသင်း) ရဲ့ တခြားမူပိုင်ခွင့်တွေနဲ့အညီ သင့်ကို အရေးယူမှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ခွင့်၊ ဝက်ဘ်ဆိုက်ထဲဝင်ရောက်ဖို့ တောင်းခံတဲ့ အင်တာနက် ဝန်ဆောင်မှုပေးသူတွေကို ဆက်သွယ်ပြီး ဒီဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ဖို့ အသုံးပြုတဲ့လိပ်စာ (IP Address) ကို ကန့်သတ်ပိတ်ပင်နိုင်ပါတယ်။ ဒါမှမဟုတ် နှောင့်ယှက်ဖျက်ဆီးတာကို ကာကွယ်ဖို့ တရားဥပဒေအရ အရေးယူမှာ ဖြစ်တယ်။

ပြုပြင်ပြောင်းလဲခြင်း

 ဝက်ဘ်ဆိုက် အသုံးပြုတာနဲ့ပတ်သက်တဲ့ လိုက်နာရန် စည်းကမ်းများကို ကင်းမျှော်စင် (အသင်း) က ပြန်လည်ပြင်ဆင်တည်းဖြတ်နိုင်တယ်။ အဲဒီပြင်ဆင်ချက်တွေဟာ အသိပေးကြေညာတဲ့နေ့ကစပြီး အကျိုးသက်ရောက်ပါမယ်။ လိုက်နာရန် စည်းကမ်းများနဲ့ပတ်သက်တဲ့ နောက်ဆုံးပြုပြင်ပြောင်းလဲတာတွေကို သိရှိနိုင်ဖို့ ဒီစာမျက်နှာကို မှန်မှန် ဖတ်ရှုပါ။

ဥပဒေနဲ့ တရားစီရင်ပိုင်ခွင့်

 လိုက်နာရန် စည်းကမ်းများကို အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်အစိုးရရဲ့ ဥပဒေနဲ့အညီ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ လိုက်နာရန် စည်းကမ်းနဲ့ပတ်သက်တဲ့ အရေးယူမှုတွေဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် ဗဟိုအစိုးရတရားရုံးရဲ့ စီရင်ချက်အတိုင်း ဖြစ်ပါတယ်။

ဆက်အကျုံးဝင်နေဆဲ

 တရားစီရင်ပိုင်ခွင့် အပြည့်အဝရှိတဲ့ တရားရုံးက စည်းကမ်းချက်တွေထဲက တစ်ခုကို ပယ်တယ်၊ မသက်ဆိုင်ဘူး၊ အတည်မပြုဘူး၊ ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ဆုံးဖြတ်တယ်ဆိုရင်တောင် ကျန်ရှိတဲ့ စည်းကမ်းချက်တွေကတော့ ဆက်ပြီး အကျိုးသက်ရောက်နေပါမယ်။ ကင်းမျှော်စင် (အသင်း) က လိုက်နာရန် စည်းကမ်းချက်တစ်ခုခု ပယ်ဖျက်ကြောင်း တရားဝင် မထုတ်ပြန်ထားဘူးဆိုရင် အဲဒီစည်းကမ်းကို လိုက်စရာ မလိုဘူးလို့ မယူမှတ်ရဘူး။

သဘောတူညီချက်

 သင်နဲ့ ကင်းမျှော်စင် (အသင်း) သဘောတူညီထားတဲ့ ဝက်ဘ်ဆိုက်အသုံးပြုခြင်းနဲ့ပတ်သက်ပြီး လိုက်နာရန် စည်းကမ်းချက်အားလုံးကို အထက်ဖော်ပြပါသဘောတူညီချက်တွေနဲ့ အစားထိုးထားပါတယ်။