မာတိကာဆီ ကျော်သွား

၂၀၂၂၊ ဇန်နဝါရီ ၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

JW Library မှာ ပါတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ ကို ကောင်းကောင်း အသုံးပြုပါ

JW Library မှာ ပါတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ ကို ကောင်းကောင်း အသုံးပြုပါ

၂၀၂၁၊ ဇန်နဝါရီလမှာ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်နဲ့ စာစောင်ကို ထုတ်ဝေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ကြေညာတယ်။ ဒီစာပေတွေက ကျမ်းစာသင်အံမှု ကျင်းပတဲ့အခါ ထိထိရောက်ရောက် သွန်သင်နိုင်ဖို့၊ အပြန်အလှန် ဆွေးနွေးနိုင်ဖို့ ကူညီပေးတယ်။

ဒီဂျစ်တယ် စာအုပ်နဲ့ စာစောင်ကို ကျမ်းစာသင်ပေးသူကော သင်သားအတွက်ပါ ပိုစိတ်ဝင်စားစရာ ဖြစ်စေဖို့ JW Library app မှာ အသွင်အပြင်သစ်တွေ ထည့်ထားပါတယ်။ ဒီအသွင်အပြင်သစ်တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် အချိန်ယူ လေ့လာပါ။

  • သင်သားကို သင်ခန်းစာထဲက အချက်တစ်ချက် ပြပေးချင်သလား။ menu အကွက် ပေါ်လာဖို့ အပိုဒ်ကို ထောက်ပါ။ အပိုဒ်အတွက် လင့်ကို ပို့ပေးဖို့ Share ကို နှိပ်ပါ။

  • အပိုဒ်တစ်ပိုဒ်ရဲ့ အသံဖိုင်ကို သင်သားနဲ့အတူ နားထောင်ချင်သလား။ အပိုဒ်ကို ထောက်ပါ။ အဲဒီစာပိုဒ်အတွက် အသံဖိုင် နားထောင်ဖို့ Play ကို နှိပ်ပါ။

  • ကိုယ်က ဒီဂျစ်တယ်စာအုပ်ကို သုံးပေမဲ့ သင်သားက ပုံနှိပ်စာပေကို သုံးတယ် ဆိုပါစို့။ ပုံနှိပ်စာပေ ပုံစံကို ကြည့်ချင်သလား။ (အပေါ်ပိုင်း ညာဘက်ထောင့်စွန်မှာ အစက်သုံးစက်နဲ့ ဖော်ပြထားတဲ့) More ကနေ Printed Edition ကို ရွေးပါ။ ဒီဂျစ်တယ်စာပေကို ပြန်သွားချင်ရင် Digital Edition ကို ပြန်ရွေးပါ။

  • ဒီဂျစ်တယ်စာပေမှာ သင်သားတွေရဲ့ တိုးတက်မှုကို သိနိုင်အောင် ကူညီပေးချင်ပါသလား။ သင်ခန်းစာပြီးတဲ့ နေ့စွဲ၊ ရည်မှန်းပန်းတိုင် ဆိုတဲ့ လေးထောင့်ကွက်တွေမှာ ဖြည့်ဖို့ အားပေးပါ။ “ဘယ်လောက် ဖတ်ပြီးပြီလဲ” မှာ လေးထောင့်ကွက်ငယ်တွေကို သုံးနိုင်တယ်။