မာတိကာဆီ ကျော်သွား

ဇွန် ၂၈၊ ၂၀၁၇
ကာဇက်စတန်

တေ​မူ အခါ​မေ​ဒေါ့ဗ်​အပေါ် မတရား​စီရင်ချက်​ကို ကာဇက်​စ​တန် တရားရုံး အတည်ပြု

တေ​မူ အခါ​မေ​ဒေါ့ဗ်​အပေါ် မတရား​စီရင်ချက်​ကို ကာဇက်​စ​တန် တရားရုံး အတည်ပြု

ရာဇဝတ်မှု ကျူးလွန်​တယ်​ဆိုပြီး ထောင်ဒဏ်​ငါးနှစ်​အပြင် ဘာသာရေး​လုပ်ငန်း ဆောင်ရွက်​ခွင့် သုံးနှစ် ပိတ်ပင်​ခံ​ထားရတဲ့ အခါ​မေ​ဒေါ့ဗ်​ရဲ့ အယူခံ​မှု​ကို ၂၀၁၇၊ ဇွန် ၂၀ ရက်​နေ့မှာ အက်စတာ​နာ​မြို့ တရားရုံး​က ပယ်ချ​လိုက်ပါ​တယ်။ ဇွန်လ ၂၀ ရက်​နေ့​က တရား​ခွင်​ကို ရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ လူ့​အခွင့်အရေး ရှေ့နေ​တစ်ယောက်က ဒီလို​ပြောပါ​တယ်- “မစ္စတာ အခါ​မေ​ဒေါ့ဗ်​ရဲ့ အမှုမှာ တရား​မျှတမှုကို ဟန်ပြ​သဘော​လုပ်​နေတာ သိသာ​ထင်ရှားတယ်။” သူ့​ရှေ့နေ​တွေ​က နောက်ထပ် အယူခံ​ဖို့ စဉ်းစား​နေကြပါတယ်။

မစ္စတာ အခါ​မေ​ဒေါ့ဗ်​ကို တရားမဝင်​တဲ့ ဘာသာရေး​လုပ်ငန်း ဆောင်ရွက်တယ်​လို့ စွပ်စွဲ​ပြီး ၂၀၁၇၊ ဇန်နဝါရီ​တုန်း​က အမျိုးသား​လုံခြုံရေး​ကော်မတီက ဖမ်းချုပ်​ထားပါ​တယ်။ ဆာ​ရီ​ယာ​ကင်​စ​ကီ ခရိုင်​တရားရုံး​က ဘာသာရေး မုန်းတီးစိတ် လှုံ့ဆော်မှု​အတွက် ချမှတ်​ရတဲ့ ကာဇက်​စ​တန်​ရဲ့ ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၁၇၄(၂) ကို​အကြောင်း​ပြပြီး မတရား​ပြစ်ဒဏ် ချမှတ်​လိုက်တဲ့ ၂၀၁၇၊ မေလ ၂ ရက်​နေ့​အထိ ချုပ်နှောင်​ခံ​ထား​ရ​ပါတယ်။ မှားယွင်းတဲ့​စွဲချက်​ကို မစ္စတာ အခါ​မေ​ဒေါ့ဗ်​က အပြင်းအထန် ကန့်ကွက်​ပြီး အိမ်နီးချင်းတွေကို မိမိရဲ့​သာ​သာ​ရေး ယုံကြည်ချက်​အကြောင်း ပြောပြ​ရုံ​သာ ဖြစ်ကြောင်း၊ မေတ္တာပြ​ခြင်း​သာ​ဖြစ်ကြောင်း ထုတ်ဖော်​ပြောဆိုပါ​တယ်။ ဘာသာရေး ယုံကြည်ချက်ကို ထုတ်ဖော်ခြင်း​ဟာ ကာဇက်​စ​တန် ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​နဲ့ ကာဇက်​စ​တန်​ကိုယ်တိုင် လိုက်နာ​ရမယ့် အပြည်ပြည်ဆိုင်ရာ လူ့​အခွင့်အရေး​စာချုပ်​စာတမ်း​တွေ​က အာမခံ​ထားတဲ့ အဓိက​ကျတဲ့ အခွင့်အရေး​တစ်ရပ် ဖြစ်ပါတယ်။