မာတိကာဆီ ကျော်သွား

ဂူအမ်ကျွန်း၊ ဒီဒီဒိုရွာက ပြိုလဲပျက်စီးနေတဲ့ ညီအစ်ကို/မတွေရဲ့ နေအိမ်များ

၂၀၂၃ ခုနှစ်၊ ဇွန် ၁၉ ရက်
ဂူအမ်

ဂူအမ်နဲ့ ရိုတာကျွန်းကို တိုင်ဖွန်းမုန်တိုင်း မာဝါ ဝင်ရောက်တိုက်ခတ်

ဂူအမ်နဲ့ ရိုတာကျွန်းကို တိုင်ဖွန်းမုန်တိုင်း မာဝါ ဝင်ရောက်တိုက်ခတ်

၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ ဂူအမ်နဲ့ ရိုတာကျွန်းကို တိုင်ဖွန်းမုန်တိုင်း မာဝါ ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ အနှစ် ၂၀ အတွင်း တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲမှာ အားအပြင်းဆုံး မုန်တိုင်းပါပဲ။ မိုးရေချိန် ၂၈ လက်မကျော်အထိ ရွာသွန်းခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီကို ၉၉ မိုင် ရှိခဲ့တယ်။ မိုးသည်းလေထန်ခဲ့လို့ ဂူအမ်နဲ့ ရိုတာကျွန်းတစ်ခွင် ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ရတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မရှိ

  • အိမ် ၃ လုံး လုံးဝပျက်စီး

  • အိမ် ၁၂ လုံး ဆိုးရွားစွာ ပျက်စီး

  • အိမ် ၈ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ အသင်းတော် အကြီးအကဲတွေက ဘေးသင့်သူတွေကို နှစ်သိမ့်ပေးပြီး လက်တွေ့ကျကျ ကူညီပေးနေ

  • ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့ ကယ်ဆယ်ရေးကော်မတီ ၂ ခု ဖွဲ့စည်း

သဘာဝဘေးကို ကြောက်လန့်နေရတဲ့ ဘဝနဲ့ မဟုတ်တော့ဘဲ လူတိုင်း “များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရ” တော့မယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—ဆာလံ ၃၇:၁၁