မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄ ရက်
စပိန်

ကက်တလန်စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထုတ်ဝေ

ကက်တလန်စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထုတ်ဝေ

၂၀၂၂ ခုနှစ်၊ ဧပြီ ၂ ရက်မှာ စပိန်ဌာနခွဲကော်မတီ ညီအစ်ကို အယ်ဘာတို ရိုဗီရာက ကက်တလန်စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဒီဂျစ်တယ်အသွင်နဲ့ ထုတ်ဝေခဲ့တယ်။ ကာတာလိုနီးယားဒေသ၊ ဗာလင့်စီယာဒေသ၊ ဘယ်လီအာရစ်ကျွန်းတွေ အပါအဝင် စပိန်နိုင်ငံရဲ့ဒေသများစွာနဲ့ အန်ဒိုးရာဒေသက ကက်တလန်စကားပြော သက်သေခံ ၃,၀၀၀ ကျော်က အထူးအစီအစဉ်ကို JW Stream နဲ့ ကြည့်ရှုခဲ့ကြတယ်။ လအနည်းငယ်အကြာမှာ အသင်းတော်တွေဆီ ပုံနှိပ်ကျမ်းစာအုပ်အသစ် ပို့နိုင်မယ်။

၁၃ ရာစုကတည်းက ကက်တလန်စကားနဲ့ ကျမ်းစာဘာသာပြန်တာတွေ ရှိနေပြီ။ ထူးခြားတဲ့ ကက်တလန်ကျမ်းစာ တစ်အုပ်က ၁၂၈၂ ခုနှစ် ကနေ ၁၃၂၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့တဲ့ ကာရန်ညီကျမ်းစာ ဖြစ်တယ်။ ကျမ်းစောင် ၁၈ စောင်ကို မှတ်မိလွယ်ဖို့ ကာရံနဘေလိုက်အောင် စကားပြေပြန်ထားတယ်။

ဒေသခံနိုင်ငံတော်ခန်းမမှာ ညီအစ်ကို/မတွေ အစီအစဉ်ကို JW Stream ကနေ ကြည့်ရှုနေကြ

ကက်တလန်ဘာသာပြန်ကျမ်းစာ များစွာကို ရှေးဟောင်း အသုံးအနှုန်းတွေနဲ့ ရေးထားလို့ နားလည်ရခက်တယ်။ ဘာသာပြန်ကျမ်းတချို့ကျပြန်တော့ ယေဟောဝါဘုရားရဲ့နာမည် ထိန်ချန်ထားတယ်၊ မတိမကျ ဘာသာပြန်ထားတယ်။

အစီအစဉ်အတွင်း ညီအစ်ကို ရိုဗီရာ အခုလို ရှင်းပြခဲ့တယ်– “ဒီကျမ်းစာဟာ ဘုရားသခင့် အတွေးတွေကို ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကားနဲ့ တိတိကျကျ ပြန်ဆိုထားတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။”

ဘုရားသခင့်နှုတ်ထွက်စကားရဲ့ အစွမ်းတန်ခိုးကနေ ကက်တလန်စကားပြောသူတွေ အကျိုးအပြည့်အဝ ရကြတော့မှာမို့ ဝမ်းသာပါတယ်။—ဟီဘရူး ၄:၁၂