မာတိကာဆီ ကျော်သွား

ဘယ်– ဆက်ကပ်အပ်နှံပွဲ အစီအစဉ်မှာ ဟောပြောနေတဲ့ ညီအစ်ကို ဂေ့ချ် ဖလီဂါလ်။ ညာဘက် အပေါ်– ရိုမေးနီးယားနိုင်ငံ၊ တာဒါမြို့က စည်းဝေးပွဲခန်းမ။ ညာဘက် အောက်– ရိုမေးနီးယား ဌာနခွဲရဲ့ တိုးချဲ့အဆောက်အအုံသစ်တွေကို အမှတ်အသား ပြထား

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်
ရိုမေးနီးယား

ရိုမေးနီးယားနိုင်ငံက စည်းဝေးပွဲခန်းမနဲ့ ဌာနခွဲရုံး တိုးချဲ့အဆောက်အအုံ ဆက်ကပ်အပ်နှံပွဲ

ရိုမေးနီးယားနိုင်ငံက စည်းဝေးပွဲခန်းမနဲ့ ဌာနခွဲရုံး တိုးချဲ့အဆောက်အအုံ ဆက်ကပ်အပ်နှံပွဲ

ရိုမေးနီးယားနိုင်ငံ၊ တာဒါမြို့က စည်းဝေးပွဲခန်းမနဲ့ ဘူခရက်စ်မြို့က ဌာနခွဲ အဆောက်အအုံသစ် သုံးခုကို ၂၀၂၃၊ ဩဂုတ် ၂၆ ရက်နေ့မှာ ဆက်ကပ်အပ်နှံခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂေ့ချ် ဖလီဂါလ်က ဆက်ကပ်အပ်နှံ ဟောပြောချက် ပေးပြီး စည်းဝေးပွဲခန်းမမှာ တက်ရောက်သူ ၁,၇၀၂ ယောက်၊ ဗီဒီယို ချိတ်ဆက်ကြည့်ရှုသူ ၁၄,၁၀၁ ယောက် ရှိတယ်။

ဆက်ကပ်အပ်နှံပွဲ အစီအစဉ်မှာ ရိုမေးနီးယားနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်း သမိုင်းအကြောင်း၊ ညီအစ်ကိုတွေရဲ့ ကြိုးစားလုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီးပေးပုံအကြောင်း တင်ဆက်တယ်။ ဆောက်လုပ်ရေးလုပ်ငန်း အမျိုးမျိုးမှာ ပါဝင်ခဲ့တဲ့ ညီအစ်ကို/မတွေကိုလည်း လူတွေ့မေးမြန်းတယ်။ တာဒါမြို့ စည်းဝေးပွဲခန်းမ ဆောက်လုပ်ရေးမှာ ပါဝင်ခဲ့သူ ညီအစ်မ လေလာ ဒရာဂီးချီက အပ်နှံပွဲအပြီးမှာ အခုလို ပြောပြတယ်– “ယေဟောဝါဘုရားကို ဂုဏ်တင်ချီးမွမ်းတဲ့အနေနဲ့ ဒီအဆောက်အအုံတွေကို ဘုရားဆီ ဆက်ကပ်အပ်နှံလိုက်တာ ကြည်နူးစရာပါပဲ။” ဌာနခွဲ တိုးချဲ့ဆောက်လုပ်ရေးမှာ ပါဝင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း ညီအစ်ကို ဘရုစ် ဒိုင်ယာလည်း အခုလို ပြောတယ်– “ဒီစီမံကိန်းမှာ ပါဝင်ရတဲ့ အခွင့်ထူးကြီးအတွက် ကျေးဇူးတင်လိုက်တာ။ ယေဟောဝါရဲ့ မဟာကရုဏာပါပဲ။”

တာဒါမြို့ စည်းဝေးပွဲခန်းမမှာ ကျင်းပတဲ့ ဆက်ကပ်အပ်နှံပွဲ အစီအစဉ်ကို ညီအစ်ကို/မ ၁,၇၀၂ ယောက် တက်ရောက်

ဌာနခွဲရုံး အဆောက်အအုံသစ်တွေထဲမှာ လက်ရှိအသုံးပြုနေပြီဖြစ်တဲ့ သတင်းကောင်းဟောပြောသူများအတွက်သင်တန်း စာသင်ခန်းတစ်ခု၊ နိုင်ငံတော်ခန်းမတစ်ခု၊ ဌာနခွဲရဲ့ ပင်မဧည့်ခန်း၊ ဗေသလမိသားစု လူနေခန်းတွေနဲ့ ဘာသာပြန်ရုံးခန်းတွေ ပါဝင်တယ်။ အသစ်စက်စက် ဆက်ကပ်အပ်နှံထားတဲ့ စည်းဝေးပွဲခန်းမဟာ အထဲမှာ အယောက် ၁,၂၀၀ ဆံ့ပြီး အပြင်မှာ ၁,၃၅၀ ဆံ့တယ်။ နိုင်ငံအနှံ့က ညီအစ်ကို/မ ၁၅,၀၀၀ လောက်က ဒီစည်းဝေးပွဲခန်းမကို အသုံးပြုသွားမှာပါ။

ဆက်ကပ်အပ်နှံပွဲအပြီး နောက်တစ်နေ့၊ ရိုမေးနီးယားနိုင်ငံ၊ ကလုဂျ် နာပိုကာမြို့က ကလုဂျ် အားကစားရုံမှာ ကျင်းပတဲ့ အထူးအစည်းအဝေးကို ပရိသတ် ၂၃,၉၆၈ ယောက် တက်ရောက်။ အတွင်းပုံ– ရိုမေးနီးယား ဘာသာစကားနဲ့ “ချစ်တယ်” ဆိုတဲ့ ဆိုင်းဘုတ် ကိုင်ထားကြတဲ့ ညီအစ်ကို/မတွေ

အပ်နှံပွဲအပြီး နောက်တစ်နေ့၊ ဩဂုတ် ၂၇ ရက်နေ့မှာ ကလုဂျ် နာပိုကာမြို့က အားကစားရုံမှာ အထူးအစည်းအဝေးတစ်ခု ကျင်းပတယ်။ လူကိုယ်တိုင် တက်ရောက်သူ ၂၃,၉၆၈ ယောက် ရှိတယ်။ အစီအစဉ်ကို အင်္ဂလိပ်၊ ဟန်ဂေရီ၊ ရိုမေးနီးယား လက်သင်္ကေတ၊ ရိုမန်နီ (ရိုမေးနီးယား)၊ ရုရှား၊ ရုရှားလက်သင်္ကေတ၊ ယူကရိန်း စကားတွေနဲ့ ဘာသာပြန်ဆိုပြီး ရိုမေးနီးယားနဲ့ ယူကရိန်းနိုင်ငံက အသင်းတော်အားလုံးဆီ တိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်။ တက်ရောက်သူ စုစုပေါင်း ၁၂၁,၄၁၁ ယောက် ရှိတယ်။

စင်ကြယ်တဲ့ဝတ်ပြုရေးကို မြှင့်တင်ရာမှာ အသုံးပြုသွားမယ့် အဆောက်အအုံသစ်တွေကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံခွင့်ရလို့ ရိုမေးနီးယားနိုင်ငံက ညီအစ်ကို/မတွေနဲ့ ထပ်တူထပ်မျှ ဝမ်းသာပါတယ်။—ဟေရှာယ ၂:၃