မာတိကာဆီ ကျော်သွား

ဘာကြောင့် ယေရှုနာမကတစ်ဆင့် ဆုတောင်းရတာလဲ။

ဘာကြောင့် ယေရှုနာမကတစ်ဆင့် ဆုတောင်းရတာလဲ။

သမ္မာကျမ်းစာအဖြေ

 ဘုရားသခင်ဆီ ယေရှုနာမကနေတစ်ဆင့် ဆုတောင်းရမယ်။ ဒါက ဘုရားသခင်ဆီချဉ်းကပ်နိုင်တဲ့၊ ဘုရားသခင်လက်ခံတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်။ ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” လို့ပြောခဲ့တယ်။ (ယောဟန် ၁၄:၆) “ငါအမှန်အကန်ဆိုသည်ကား သင်တို့သည် ခမည်းတော်ထံ ဆုတောင်းသမျှကို ခမည်းတော်သည် ငါ၏နာမကိုထောက်၍ ပေးတော်မူမည်” လို့လည်း သစ္စာရှိတမန်တော်တွေကို ယေရှုပြောခဲ့တယ်။—ယောဟန် ၁၆:၂၃

ယေရှုနာမကနေတစ်ဆင့် ဆုတောင်းသင့်တဲ့ ထပ်ဆင့်အချက်များ

  •   ယေရှုနဲ့ ကိုယ်တော့်ခမည်းတော် ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့ ဂုဏ်တင်တဲ့အတွက်ဖြစ်တယ်။—ဖိလိပ္ပိ ၂:၉–၁၁

  •   ကျွန်ုပ်တို့ကယ်တင်ခြင်းရဖို့ ယေဟောဝါရဲ့ပြင်ဆင်ပေးချက်ဖြစ်တဲ့ ယေရှုရဲ့သေခြင်းကို တန်ဖိုးထားလေးမြတ်တဲ့အတွက်ဖြစ်တယ်။—မဿဲ ၂၀:၂၈; တမန်တော် ၄:၁၂

  •   လူသားတွေနဲ့ ဘုရားသခင်ကြားမှာ ဖျန်ဖြေသူဖြစ်တဲ့ ယေရှုရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အတွက်ဖြစ်တယ်။—ဟေဗြဲ ၇:၂၅

  •   ကျွန်ုပ်တို့ကို ဘုရားသခင်မျက်နှာသာရအောင် ကူညီပေးတဲ့ ယဇ်ပုရောဟိတ်မင်းအဖြစ် ယေရှုအမှုဆောင်တာကို လေးမြတ်တဲ့အတွက်ဖြစ်တယ်။—ဟေဗြဲ ၄:၁၄–၁၆