မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW.ORG ဝက်ဘ်ဆိုက်

JW.ORG မှာ ဗီဒီယိုများ ကြည့်ရှုခြင်း

JW.ORG မှာ ဗီဒီယိုများ ကြည့်ရှုခြင်း

အုပ်စုမှာပါတဲ့ ဗီဒီယိုတစ်ခု ဒါမှမဟုတ် ဗီဒီယိုအားလုံးကို ကြည့်နိုင်ပါတယ်။ ခေတ္တ ရပ်ပါ၊ ပြန်ရစ်ပါ၊ ရှေ့ကို မြန်မြန်ကျော်ပါ။

 ဗီဒီယိုကို ရှာဖွေ ကြည့်ရှုပါ

JW ရုပ်သံစတူဒီယိုက ရိုက်ကူးမှုတွေအပါအဝင် ဗီဒီယိုတွေကို ရှုစားဖို့ စာကြည့်တိုက်> ဗီဒီယိုများ ကို သွားပါ။

ဗီဒီယိုအမျိုးအစားတစ်ခု ရွေးချယ်ပါ။

အမျိုးအစားတစ်ခုအောက်မှာ ခေါင်းစဉ်တစ်ခုစီရှိတဲ့ ဗီဒီယိုအုပ်စုတွေ ရှိတယ်။ အုပ်စုအတန်းတစ်ခုထဲက ဗီဒီယိုတွေကို ကြည့်ဖို့ ဘယ် (သို့) ညာ ကို နှိပ်ပါ။ ဒါမှမဟုတ် အားလုံးကို ကြည့်ပါ ကို နှိပ်ပါ။

အောက်ပါနည်းတွေကို သုံးပြီး ဗီဒီယိုကြည့်ပါ၊ ဝေမျှပါ-

  • ဗီဒီယိုက Play ခလုတ်ကို နှိပ်ပါ။

  • ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းထဲမှာ ဗီဒီယိုကို သိမ်းချင်ရင် ကူးယူကို နှိပ်ပါ။ (သတိ- တချို့ဖုန်းတွေက ဖိုင်တွေ ဒေါင်းလုတ်ဆွဲဖို့ app နောက်တစ်ခု သုံးမှရတယ်။ ကိုယ့်ဖုန်းထဲမှာ JW Library app ရှိရင်တော့ ဒီ app ကိုသုံးပြီး ကြည့်ချင်တဲ့ ဗီဒီယိုတွေကို ဒေါင်းလုတ်ဆွဲထားပါ၊ offline လုပ်ပြီးနောက် ကြည့်ဖို့ အကြံပြုပါတယ်။)

  • ဗီဒီယိုလင့်ခ်ကို တစ်ယောက်ယောက်ဆီ ပို့ချင်ရင် ဝေမျှပါကို နှိပ်ပါ။ ပိုသိရအောင် “ဆောင်းပါး၊ ဗီဒီယို ဒါမှမဟုတ် စာအုပ်စာစောင်အတွက် လင့်ခ်ကို ဝေမျှခြင်း” ကိုကြည့်ပါ။

  • တခြားဘာသာစကားနဲ့ ဗီဒီယိုကြည့်ချင်ရင် ဗီဒီယိုခေါင်းစဉ်နားက ဘာသာစကားများစာရင်း အကွက်မှာ ကိုယ်ရှာချင်တဲ့ ဘာသာစကားကို ရွေးချယ်ပါ။

 အမျိုးအစားတစ်ခု၊ အုပ်စုတစ်ခုမှာ ပါတဲ့ ဗီဒီယိုအားလုံးကို ဖွင့်ပါ

ဗီဒီယိုအမျိုးအစားတစ်ခုမှာ ပါတဲ့ ဗီဒီယိုတွေကို ကြုံရာကြည့်ချင်ရင် ကြုံရာဖွင့်ပါကို နှိပ်ပါ။

အမျိုးအစားတစ်ခုထဲက အုပ်စုတစ်ခုမှာ ပါတဲ့ ဗီဒီယိုတွေကို ကြည့်နိုင်တဲ့နည်း နှစ်နည်းကတော့-

  • အားလုံး ကြည့်ပါ ကို နှိပ်မယ်ဆိုရင် အုပ်စုထဲက ဗီဒီယိုတွေကို အစဉ်လိုက် ဖွင့်ပေးပါလိမ့်မယ်။

  • ကြုံရာ ဖွင့်ပါကို နှိပ်မယ်ဆိုရင် အုပ်စုထဲက ဗီဒီယိုတွေကို ကြုံသလို ဖွင့်ပေးပါလိမ့်မယ်။

သတိပြုပါ- အမျိုးအစား၊ အုပ်စုထဲက ဗီဒီယိုအားလုံး ဖွင့်ပြီးသွားရင် playback ရပ်သွားမယ်။

 ဗီဒီယို အဖွင့်အပိတ် ထိန်းချုပ်ခြင်း

ဗီဒီယို အဖွင့်အပိတ်ကို အောက်ပါအတိုင်း ထိန်းချုပ်ပါ-

  • မျက်နှာပြင်အပြည့် ဖွင့်ချင်ပိတ်ချင်ရင် ဗီဒီယိုဘားပေါ်က မျက်နှာပြင်ပြည့်ဖွင့်ကို နှိပ်ပါ။

  • ဗီဒီယို ခေတ္တရပ်ဖို့ ခဏရပ် ကို နှိပ်ပါ။

  • ပြန်ဖွင့်ဖို့ ဖွင့်ကို နှိပ်ပါ။

  • Playhead ကို ရှေ့တိုး နောက်ဆုတ် ဆွဲပြီးတော့လည်း ကိုယ်ကြည့်ချင်တဲ့နေရာကို ရွှေ့နိုင်တယ်။

  • အသံကို နှိပ်ပြီး အသံ အတိုးအကျယ် ချိန်ညှိပါ။ ဖုန်းမှာဆိုရင်တော့ audio button ကိုသုံးနိုင်တယ်။

 ဗီဒီယိုဆက်တင် ပြောင်းပါ

ဆက်တင်ကို နှိပ်ပြီး ကိုယ်လိုချင်တဲ့ resolutionကို ရွေးပါ။ (သတိ။ ဘရောက်ဇာတိုင်းမှာ ဒီအစီအစဉ် မပါဘူး။)

ဒီကိန်းဂဏန်းတွေက ဘာကို ဆိုလိုသလဲ။ resolution မြင့်လေ ဗီဒီယို ပုံရိပ် အရည်အသွေး ပိုကောင်းလေ ဖြစ်တယ်။ အင်တာနက် လိုင်းဆွဲအား ပိုမြန်ရမယ်။ အင်တာနက် မြန်နှုန်း၊ မျက်နှာပြင် အကျယ်တို့အပြင် ကိုယ့်ဘတ်ဂျက်ပေါ် မူတည်ပြီး သင့်တော်မယ့် အရည်အသွေးကို ရွေးချယ်ပါ။

ဗီဒီယို အရည်အသွေးတွေကို အောက်ပါဇယားကွက်မှာ ဖော်ပြထားတယ်-

အရည်အသွေး

အမျိုးအစား

240p

အရည်အသွေး အနိမ့်ဆုံး။ ဖုန်းမျက်နှာပြင် အသေးအတွက် အဆင်ပြေတယ်။

360p

အရည်အသွေးနိမ့်။ ဖုန်းမျက်နှာပြင် အသေးအတွက် အဆင်ပြေတယ်။

480p

Standard definition (စံသတ်မှတ်ချက်)။ တက်ဘလက်၊ ကွန်ပျူတာ၊ SD စနစ်သုံးတဲ့ တီဗီမျက်နှာပြင်တွေအတွက် အဆင်ပြေတယ်။

720p

High definition (HD)။ 1024 x 768 ဒါမှမဟုတ် အနည်းဆုံး 1280 x 720 ရှိတဲ့ HDTV မျက်နှာပြင်အတွက် အဆင်ပြေတယ်။

ဗီဒီယို အရည်အသွေးကို ဘာကြောင့် ပြောင်းသင့်သလဲ။ အင်တာနက် ဆွဲအား နှေးမယ်၊ ဗီဒီယို ခဏခဏ ရပ်လိုက်၊ ထစ်လိုက်ဖြစ်မယ်ဆိုရင် အရည်အသွေး နိမ့်တာ သုံးရင် ပိုအဆင်ပြေမယ်။ ကိုယ့်ကွန်ပျူတာ ဒါမှမဟုတ် စက်ပစ္စည်းနဲ့ သင့်တော်မယ့် အမြင့်ဆုံး resolution ချိန်ညှိထားပါ။ အင်တာနက်ဖိုး သက်သာချင်တယ်ဆိုရင်တော့ အရည်အသွေး နိမ့်တာကို ရွေးပါ။

စာတန်းထိုးပါကို နှိပ်ပြီး ဗီဒီယိုပါအသံတွေကို စာတန်းထိုးနိုင်၊ ဖျောက်နိုင်တယ်။

သတိ။ ဗီဒီယိုအားလုံးမှာ စာတန်းထိုး မရနိုင်ပါ။