မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတိနဲ့ စောင့်နေကြပါ

ကျောင်းတွင်း ပစ်ခတ်မှု— သမ္မာကျမ်းစာ အဆိုက ဘာလဲ

ကျောင်းတွင်း ပစ်ခတ်မှု— သမ္မာကျမ်းစာ အဆိုက ဘာလဲ

 ၂၀၂၂ ခုနှစ်၊ မေ ၂၄ ရက်တုန်းက အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ယူဗားဒီမြို့ငယ်လေးမှာ ပြောမပြနိုင်လောက်အောင် ဆိုးရွားတဲ့ အဖြစ်ဆိုးတစ်ခုဖြစ်ခဲ့တယ်။ “ရော့ဘ်မူလတန်းကျောင်းမှာ ... သေနတ်သမားတစ်ယောက်က ကလေး ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက်ကို ပစ်သတ်လိုက်တယ်” လို့ နယူးယောက်တိုင်းမ် သတင်းစာက ဆိုတယ်။

 ဝမ်းနည်းစရာက အဲဒီလိုအဖြစ်ဆိုးတွေ မကြာခဏ ဖြစ်လေ့ရှိတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာတင် “မနှစ်က ကျောင်းတွင်းပစ်ခတ်မှု ၂၄၉ ခု ဖြစ်ပွားခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း ကျောင်းတွင်းပစ်ခတ်မှု အများဆုံးနှစ်ပါပဲ” လို့ (USA Today) သတင်းစာမှာ ရေးသားဖော်ပြထားတယ်။

 ဘာကြောင့် ဒီလိုအဖြစ်ဆိုးတွေ ဖြစ်ရတာလဲ။ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။ အကြမ်းဖက်မှုတွေ တစ်နေ့ အဆုံးတိုင်မယ်လို့ မျှော်လင့်နိုင်မလား။ ကျမ်းစာမှာ အဖြေပေးထားပါတယ်။

ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ ဘာလို့ ပိုများလာတာလဲ

 ‘ကျောင်းတွင်း ပစ်ခတ်မှုလို အဖြစ်ဆိုးတွေ မဖြစ်အောင် ဘုရားသခင်က ဘာလို့မတားဆီးပေးတာလဲ’ လို့ လူအများ တွေးကြတယ်။ ကျမ်းစာအဖြေကို သိဖို့ “လူကောင်းတွေ ဘာလို့ အဖြစ်ဆိုးတွေကို ကြုံကြရတာလဲ” ဆောင်းပါးကို ဖတ်ပါ။

အဖြစ်ဆိုးတွေ ကြုံရတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်မလဲ

  •    “ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ... နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက်ရှိစေတယ်။”—ရောမ ၁၅:၄

 အကြမ်းဖက်မှုတွေ ကြုံရတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကျမ်းစာအခြေခံမူတွေက သင့်ကို ကူညီပေးနိုင်ပါတယ်။ ထပ်သိချင်ရင် “အကြမ်းဖက်မှု အဆုံးတိုင်ပါဦးမလား” ဆိုတဲ့ နိုးလော့! မဂ္ဂဇင်းကို ဖတ်ပါ။

 အထိတ်တလန့်ဖြစ်စေတဲ့သတင်းတွေကနေ ကလေးတွေကို မိဘတွေ ကာကွယ်ပေးနိုင်ပုံအကြောင်း သိချင်ရင် “သတင်းဆိုးတွေကြောင့် သားသမီးတွေ စိတ်ထိခိုက်သွားတာမျိုး မဖြစ်အောင် ကူညီပေးပါ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပါ။

အကြမ်းဖက်မှုတွေ အဆုံးတိုင်ပါ့မလား

  •    “သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင်လိမ့်မယ်။”—ဆာလံ ၇၂:၁၄

  •    “ဓားကို ထယ်သွားဖြစ်အောင်၊ လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။ လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။”—မိက္ခာ ၄:၃

 လူသားတွေ မစွမ်းဆောင်နိုင်တာကို ဘုရားသခင် စွမ်းဆောင်နိုင်တယ်။ ဘုရားရဲ့ကောင်းကင်နိုင်ငံတော်က လက်နက်အားလုံးကို ဖျက်ဆီးပြီး အကြမ်းဖက်မှုကို အဆုံးသတ်ပါတော့မယ်။ ဘုရားနိုင်ငံတော် ဘာတွေလုပ်ဆောင်မယ်ဆိုတဲ့အကြောင်း ထပ်သိချင်ရင် “ဘုရားနိုင်ငံတော်မှာ ‘ငြိမ်သက်ခြင်း တိုးများ’” ဆောင်းပါးကို ဖတ်ပါ။