မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Thomas Jackson/​Stone via Getty Images

သတိနဲ့ စောင့်နေကြပါ

၂၀၂၄ ခုနှစ်မှာ မျှော်လင့်ချက် ရှာဖွေခြင်း—ကျမ်းစာအဆိုက ဘာလဲ

၂၀၂၄ ခုနှစ်မှာ မျှော်လင့်ချက် ရှာဖွေခြင်း—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၄ ခုနှစ်မှာလည်း ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်း ရှာတွေ့မှာ မဟုတ်ပါဘူးလို့ လူတွေ ထင်ကြတယ်။ ဒါပေမဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ကို ရှာတွေ့နိုင်ပါတယ်။ ဘယ်မှာလဲ။

ကျမ်းစာမှာ မျှော်လင့်ချက်ပေးထား

 ပြဿနာတွေကြောင့် ဘဝမှာ မျှော်လင့်ချက်မဲ့သလို ဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီပြဿနာတွေကို ဘုရားသခင် ဖြေရှင်းပေးမယ်လို့ ကျမ်းစာ အခုလို ကတိပြုတယ်– “ဘုရားသခင်က [ကျွန်တော်တို့] ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”ဗျာဒိတ် ၂၁:၄

အခုအချိန်မှာ သင့်ကို ကျမ်းစာ ကူညီနိုင်ပုံ

 ကျမ်းစာက အနာဂတ်မျှော်လင့်ချက်ရှိစေလို့ စိတ်ဓာတ်ကျစေတဲ့ ခံစားချက်တွေကို တိုက်လှန်နိုင်အောင်၊ အကောင်းမြင်စိတ် ပိုများလာအောင် ကူညီပေးနိုင်တယ်။ (ရော. ၁၅:၁၃) ကျမ်းစာအကြံပြုချက်တွေက ဆင်းရဲမွဲတေမှု၊ မတရားမှု၊ ဖျားနာမှုစတဲ့ ပြဿနာတွေကို လက်တွေ့ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း ကူညီပေးတယ်။

  •   ဆင်းဆင်းရဲရဲ ကြီးပြင်းလာခဲ့သူတစ်ယောက်ကို စိတ်ငြိမ်သက်မှု၊ ပျော်ရွှင်မှု ရအောင် ကျမ်းစာမျှော်လင့်ချက် ကူညီပေးခဲ့ပုံအကြောင်း သိချင်ရင် ဟွမ် ပါဘလို ဇာမန်နို– အဓိပ္ပာယ်ရှိတဲ့ ဘဝကို ယေဟောဝါ ပေးခဲ့ ဗီဒီယိုကို ကြည့်ပါ။

  •   အပြစ်ရှိတဲ့ ခံစားချက်၊ ဝမ်းနည်းစိတ်၊ စိုးရိမ်ပူပန်မှု၊ ချစ်ရသူတစ်ဦး ကွယ်လွန်သွားလို့ ခံစားရတဲ့ ဆုံးရှုံးမှုတွေကို ကျမ်းစာအကူအညီနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ပုံအကြောင်း သိချင်ရင် “ကျမ်းစာထဲမှာ နှစ်သိမ့်စကားတွေ ပါသလား” ဆောင်းပါးကို ဖတ်ပါ။

  •   “သုန်မှုန်ပြီး စာနာစိတ်မရှိ” တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက် ကျမ်းစာကြောင့် မျှော်လင့်ချက်ရှိလာပုံအကြောင်း ကျွန်မ လက်နက်ချလိုက်ပြီ ဗီဒီယိုမှာ ရှုစားကြည့်ပါ။

 ၂၀၂၄ ခုနှစ်ကို သင်နဲ့သင့်မိသားစုအတွက် အကျိုးရှိတဲ့နှစ်တစ်နှစ် ဖြစ်အောင်လုပ်ပါ။ ကျမ်းစာကနေ အကူအညီရနိုင်ပုံအကြောင်း ထပ်လေ့လာကြည့်ပါ။ အခမဲ့ ကျမ်းစာလေ့လာ ကြည့်ပါ။ ဘုရားသခင်က သင့်ကို “ငြိမ်သက်အေးချမ်း” အောင်၊ သင် “မျှော်လင့်တဲ့ အနာဂတ်မျိုး” ရရှိအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာ လေ့လာကြည့်ပါ။—ယေရမိ ၂၉:၁၁