ဆာလံ ၂၃:၁-၆

  • “ယေဟောဝါ​ဟာ ငါ့​သိုးထိန်း​ပါ”

    • “လို​လေ​သေး​မရှိ ငါ​ပြည့်​စုံ​နေ​တာ” ()

    • “ငါ့​ကို လန်း​ဆန်း​စေ​တယ်” ()

    • “ကျွန်​တော့်​ခွက်​ဟာ ပြည့်​လျှံ​နေ​တယ်” ()

ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၂၃  ယေဟောဝါ​ဟာ ငါ့​သိုးထိန်းပါ။+ လို​လေ​သေး​မရှိ ငါ​ပြည့်​စုံ​နေ​တာ။+ ၂  ငါ့​ကို စိမ်း​စို​တဲ့​စား​ကျက်​တွေ​မှာ နား​နေ​စေ​တယ်။ ရေ​ပေါ​များ​တဲ့​နေ​ရာ​ဆီ* ဦး​ဆောင်​ခေါ်​သွား​တယ်။+ ၃  ငါ့​ကို လန်း​ဆန်း​စေ​တယ်။+ နာ​မတော်​ကို​ထောက်​ပြီး ဖြောင့်​မတ်​ခြင်း​လမ်း​ထဲ ဦး​ဆောင်​ခေါ်​သွား​တယ်။+ ၄  မှောင်​မိုက်​တဲ့ ချိုင့်​ဝှမ်း​ထဲ လျှောက်​ရ​ပေမဲ့+ ကိုယ်​တော်​ရှိ​နေ​လို့+ ဘာ​အန္တရာယ်​မှ မကြောက်​ဘူး။+ နှင်​တံ​နဲ့ တောင်​ဝှေး​တော်​ကြောင့် ကျွန်​တော် စိတ်​အေး​လက်​အေး ဖြစ်​နေ​တယ်။ ၅  ကိုယ်​တော်​က ရန်​သူ​ရှေ့​မှာ စားသောက်​ပွဲ တည်​ခင်း​ပေးတယ်။+ ကျွန်​တော့်​ခေါင်း​ကို ဆီ​လိမ်း​ပေး​တယ်။+ ကျွန်​တော့်​ခွက်​ဟာ ပြည့်​လျှံ​နေ​တယ်။+ ၆  ကောင်းမြတ်​ခြင်း​ကျေး​ဇူး​နဲ့ ခိုင်​မြဲတဲ့​မေတ္တာ​ကိုအသက်​ထက်​ဆုံး ကျွန်​တော် ခံစား​ရ​လိမ့်​မယ်။+ ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ တစ်​သက်​လုံး နေ​ထိုင်​သွား​မယ်။+

အောက်ခြေမှတ်ချက်များ

“အေး​မြတဲ့ ရေ​ပြင်​ဆီ” လည်း​ဖြစ်​နိုင်။