ဆာလံ ၆၈:၁-၃၅

  • ‘ဘုရား​သခင်​ရဲ့ ရန်​သူ​တွေ ကွဲ​လွင့်​သွား​ပါ​စေ’

    • “ဖတ​ဆိုး​လေး​တွေ​ရဲ့ ဖခင်” ()

    • တစ်​ကောင်​ကြွက်​ဖြစ်​နေ​သူ​ကို ခို​နား​ရာ​အိမ် ပေး ()

    • သတင်း​ကောင်း ကြေ​ညာ​တဲ့ အမျိုး​သမီး​တွေ (၁၁)

    • လက်​ဆောင်​အဖြစ် လူ​တွေ (၁၈)

    • ‘ငါ​တို့​ရဲ့​ဝန်​ကို ယေဟောဝါ နေ့​စဉ်​ထမ်း​ပေး’ (၁၉)

ဂီ​တ​မှူး​သို့။ ဒါဝိဒ်​စပ်​ဆို​တဲ့ ဆာလံ​သီချင်း။ ၆၈  ဘု​ရား​သခင် ထ​ပါ​စေ။ ရန်​သူ​တွေ ကွဲ​လွင့်​သွား​ပါ​စေ။ ဘု​ရား​ကို​မုန်း​တဲ့​သူ​တွေ ရှေ့​တော်​က​နေ ထွက်​ပြေး​သွား​ပါ​စေ။+ ၂  သူတို့​ကို မီး​ခိုး​ငွေ့တွေ​လို လွင့်​သွား​အောင် လုပ်​ပါ​စေ။ မီး​ရှေ့​မှာ ဖယောင်း​တွေ အရည်​ပျော်​သွား​သလို ဘု​ရား​သခင်​ရှေ့​မှာ လူ​ဆိုး​တွေ ပျက်​စီး​သွား​ပါ​စေ။+ ၃  ဖြောင့်​မတ်​သူ​တွေ​က​တော့ ဝမ်း​မြောက်​ကြ​ပါ​စေ။+ ဘု​ရား​သခင်​ရှေ့​မှာ ရွှင်​မြူး​ကြ​ပါ​စေ။ အား​ရ​ ရွှင်​လန်း​ကြ​ပါ​စေ။ ၄  ဘု​ရား​သခင်​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ​ပါ။ နာ​မတော်​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ​ပါ။+ ကန္တာရ​လွင်​ပြင်​တွေ​ကို ဖြတ်​ပြီး စီးနင်း​သွား​တဲ့ အရှင်​အတွက်* သီချင်း​ဆို​ကြ​ပါ။ အဲဒီ​အရှင်​ရဲ့ နာ​မည်​ဟာ ယေဟောဝါ​လို့ ခေါ်​တယ်။+ ရှေ့​တော်​မှာ ဝမ်း​မြောက်​ကြ​ပါ။ ၅  သန့်​ရှင်း​ရာ​အရပ်​မှာ စံ​မြန်း​တဲ့ ဘုရား​သခင်​ဟာ+ ဖတ​ဆိုး​လေး​တွေရဲ့ ဖခင်၊ မု​ဆိုးမ​တွေ​ကို ကာ​ကွယ်​ပေး​တဲ့​သူ​ပဲ။+ ၆  ဘု​ရား​သခင်​က တစ်​ကောင်​ကြွက်​ဖြစ်​နေ​သူ​တွေ​ကို ခို​နား​ရာ​အိမ် ပေး​တယ်။+ အကျဉ်း​သား​တွေ​ကို လွတ်​မြောက်​စေ​ပြီး ကြီး​ပွား​စေ​တယ်။+ ခေါင်း​မာ​သူ​တွေ​က​တော့ ခြောက်​သွေ့​တဲ့ မြေမှာ နေ​ထိုင်​ရ​တယ်။+ ၇  အို ဘု​ရား​သခင်၊ လူမျိုး​တော်​ကို​ ကိုယ်​တော် ဦး​ဆောင်​သွားတဲ့အခါ+ ကန္တာရ​ကို​ဖြတ်​ပြီး ချီ​တက်​သွား​တဲ့​အခါ၊ (စဲ​လာ) ၈  ကမ္ဘာ​မြေ တုန်​ခါ​သွား​တယ်။+ ဘု​ရား​သခင်​ကြောင့် ကောင်း​ကင်​က​နေ မိုး​တွေ​ရွာ​ကျ​တယ်။ အစ္စရေး​တို့​ရဲ့ ဘု​ရား​သခင်​ကြောင့် ဒီ​ဆိုင်း​နိုင်း​တောင် တုန်​ခါ​သွား​တယ်။+ ၉  အို ဘု​ရား​သခင်၊ ကိုယ်​တော်​က မိုး​တွေ သဲ​ကြီး​မဲ​ကြီး ရွာ​စေ​တယ်။ မော​ဟိုက်​နေ​တဲ့ လူမျိုး​တော်​ကို အား​သစ်​လောင်း​ပေး​တယ်။ ၁၀  ကိုယ်​တော့်​တဲ​စ​ခန်း​မှာ သူတို့​နေ​ထိုင်​ကြ​တယ်။+ အို ဘု​ရား​သခင်၊ ကိုယ်​တော်​က ကောင်းမြတ်​မှု​နဲ့​အညီ ဆင်းရဲ​သား​တွေ​ကို ထောက်ပံ့​ပေး​တယ်။ ၁၁  ယေဟောဝါ​က အမိန့်​ပေး​တယ်။ သတင်း​ကောင်း ကြေ​ညာ​တဲ့ အမျိုး​သမီး​တွေ​ဟာ အတိုင်း​မသိ များ​ပြား​တယ်။+ ၁၂  ဘု​ရင်တွေ​နဲ့ စစ်​သည်​ဗိုလ်​ခြေ​တွေ ထွက်​ပြေး​ကုန်​ပြီ။+ အိမ်​မှာ​နေ​ရစ်​တဲ့ မိန်း​မတွေ​က တိုက်​ရာ​ပါ ဥစ္စာကို ခွဲ​ဝေ​ယူ​တယ်။+ ၁၃  ယောက်ျားတွေ​က တပ်​စ​ခန်း​ရဲ့​ မီးပုံ​တွေ​ကြား​ထဲ* အိပ်​စက်​ရ​ပေမဲ့ ငွေ​ရောင်​တောင်​ပံတွေ၊ရွှေ​ရောင်​ အမွေး​အတောင်​တွေ​ပါ​တဲ့ ချိုး​ငှက်​ကို ယူ​ဆောင်​လာ​လိမ့်​မယ်။ ၁၄  အနန္တ​တန်ခိုး​ရှင်​က ဘု​ရင်တွေ​ကို တ​ကွဲ​တ​ပြား ဖြစ်​စေ​တဲ့​အခါ+ ဇာ​လ​မုန်​တောင်​ပေါ်​မှာ ဆီး​နှင်း​တွေ ကျ​လာ​တယ်။ ၁၅  ဗာရှန်​တောင်​တန်း​ဟာ+ ဘု​ရား​သခင်​ရဲ့ တောင်​တန်း​ပဲ။ ဗာရှန်​တောင်​တန်း​ဟာ အမြင့်​ဆုံးတောင်​တွေ​ရှိ​တဲ့ တောင်​တန်း​ပဲ။ ၁၆  အမြင့်​ဆုံး​တောင်​တန်း​တို့၊ ဘု​ရား​သခင် စံ​မြန်း​ဖို့ ရွေး​ချယ်​ထား​တဲ့ တောင်​တန်း​ကို+ မနာ​လို​စိတ်​နဲ့ ဘာ​လို့ ကြည့်​နေ​ကြ​တာ​လဲ။ ယေဟောဝါ​က အဲဒီ​မှာ ထာ​ဝ​စဉ် စံမြန်း​လိမ့်​မယ်။+ ၁၇  ဘု​ရား​သခင်​ရဲ့ စစ်​မြင်း​ရ​ထား​တွေ ထောင်​သောင်း​မက များ​လှ​တယ်။+ ယေဟောဝါ​က ဆိုင်း​နိုင်း​တောင်​က​နေ သန့်​ရှင်း​ရာ​အရပ်​ဆီ ရောက်​လာ​ပြီ။+ ၁၈  ကိုယ်​တော်​က အထက်​ကို​တက်​သွား​တယ်။+ သုံ့​ပန်း​တွေ​ကို ဖမ်း​ခေါ်​သွား​တယ်။ ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော်​က လက်​ဆောင်​အဖြစ်​ပေး​ဖို့ လူ​တွေ​ကို ဖမ်း​တယ်။+ ခေါင်း​မာ​တဲ့​သူ​တွေ​တောင် ပါ​တယ်။+ သူတို့​အလယ်​မှာ ကိုယ်​တော် စံမြန်း​တယ်။ ၁၉  ငါ​တို့​ရဲ့​ဝန်​ကို နေ့​စဉ်​ထမ်း​ပေး​တဲ့ ယေဟောဝါ၊+ ငါ​တို့​ကို ကယ်​တင်​တဲ့ စစ်​မှန်​တဲ့​ ဘု​ရား​သခင်​ကို ချီး​မွမ်း​ကြ​ပါ။ (စဲ​လာ) ၂၀  စစ်​မှန်​တဲ့ ဘု​ရား​သခင်​ဟာ ငါ​တို့​ကို​ကယ်​တင်​တဲ့ ဘု​ရား​သခင်​ပဲ။+ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​က သေခြင်း​က​နေ လွတ်​မြောက်​စေ​တဲ့​လမ်း​ကို ပြင်​ဆင်​ပေး​တယ်။+ ၂၁  ဘု​ရား​သခင်​က ရန်​သူ​တွေရဲ့ ဦး​ခေါင်း၊အပြစ်​ကို ဆက်​လုပ်​နေ​သူ​တွေရဲ့ ငယ်​ထိပ်​ကို ခွဲ​လိမ့်​မယ်။+ ၂၂  ယေဟောဝါ​က “သူတို့​ကို ဗာရှန်​ပြည်​က​နေ ငါ​ပြန်​ခေါ်​လာ​မယ်။+ နက်​ရှိုင်း​တဲ့​ပင်လယ်​ထဲ​က​နေ ပြန်​ခေါ်​လာ​မယ်။ ၂၃  ဒါ​မှ မင်း​တို့​က ရန်​သူ့​သွေး​နဲ့ ခြေ​ဆေး​နိုင်​လိမ့်​မယ်။+ မင်း​တို့​ရဲ့​ခွေး​တွေ​က ရန်​သူ့​သွေး​ကို လျက်​နိုင်​လိမ့်​မယ်” လို့​ပြော​တယ်။ ၂၄  အို ဘု​ရား​သခင်၊ ကိုယ်​တော် အောင်​ပွဲ​ခံ​ချီ​တက်​လာ​တာ​ကို သူတို့​မြင်​တွေ့​ရ​ပြီ။ သန့်​ရှင်း​ရာ​အရပ်​ဆီ ကျွန်​တော့်​ဘုရား၊ ကျွန်​တော့်​ဘု​ရင် ချီ​တက်​လာ​တာ​ကို သူတို့​မြင်​တွေ့​ရ​ပြီ။+ ၂၅  သီချင်း​သည်​တွေ ရှေ့​က​နေ သွား​တယ်။ ကြိုး​တပ်​တူ​ရိ​ယာ တီး​သူ​တွေ နောက်​က​နေ လိုက်​လာ​တယ်။+ အလယ်​မှာ​တော့ မိန်း​မပျို​လေး​တွေ ချူ​တပ်​ဗုံ​တီး​ရင်း လိုက်​ပါ​လာ​တယ်။+ ၂၆  လူ​စု​လူ​ဝေး​အလယ်​မှာ ဘု​ရား​သခင်​ကို ချီး​မွမ်း​ကြ။ အစ္စရေး​တို့​ရဲ့ ပင်​ရင်း​က​နေ ဆင်း​သက်​လာ​သူတို့၊ ယေဟောဝါ​ကို ချီး​မွမ်း​ကြ။+ ၂၇  အငယ်​ဆုံး​ဖြစ်​တဲ့ ဗင်​ယာ​မိန်​က+ လူ​တွေ​ကို နှိမ်​နင်း​တယ်။ အော်​ဟစ်​မြူး​ထူး​နေ​သူ​တွေ​နဲ့​အတူ လိုက်​ပါ​လာ​တဲ့ ယုဒ​မင်း​ညီ​မင်း​သား​တွေ၊ဇာ​ဗု​လုန် မင်း​ညီ​မင်း​သား​တွေ၊ နဿလိ မင်း​ညီ​မင်း​သား​တွေ​က​လည်း လူ​တွေ​ကို နှိမ်​နင်း​တယ်။ ၂၈  ဘု​ရား​သခင်​က မင်း​တို့ ကြံ့​ခိုင်​သန်​စွမ်း​ရ​မယ်​လို့ မိန့်မှာ​ထား​တယ်။ ကျွန်​တော်​တို့ အကျိုး​အတွက် လုပ်​ဆောင်​ပေး​တဲ့ ဘု​ရား​သခင်၊ အစွမ်း​တန်ခိုး ပြလှည့်​ပါ။+ ၂၉  ဘု​ရင်တွေ​က ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ဗိမာန်​တော်​အတွက်+ ကိုယ်​တော့်​ဆီ လက်​ဆောင်​တွေ ဆက်​သကြ​လိမ့်​မယ်။+ ၃၀  ကျူ​တော​ထဲ​မှာ​နေ​တဲ့ သား​ရဲတွေ၊နွား​ထီး​အုပ်​တွေ၊+ နွား​ပေါက်​တွေ​ကို ဆုံးမ​လိုက်​ပါ။ ဒါ​မှ လူ​တွေ​က ငွေ​စ​တွေ ယူ​လာ​ပြီး* ဦး​ညွှတ်​ကြ​မှာ။ ဒါ​ပေမဲ့ ကိုယ်​တော်​က စစ်​ပွဲ​နှစ်​သက်​သူ​တွေ​ကို ကွဲ​လွင့်​စေ​တယ်။ ၃၁  အီဂျစ်​ပြည်​က​နေ ကြေး​ထည်​တွေ ယူ​ဆောင်​လာ​လိမ့်​မယ်။*+ ကု​ရှ​ပြည်​ဟာ* ဘု​ရား​သခင်​ကို လက်​ဆောင်​တွေ အမြန်​ဆက်​သလိမ့်​မယ်။ ၃၂  ကမ္ဘာ​မြေပေါ်​က တိုင်း​နိုင်​ငံ​တို့၊ ဘုရား​သခင်​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ​ပါ။+ ယေဟောဝါ​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ​ပါ။ (စဲ​လာ) ၃၃  ရှေး​က​တည်း​က တည်​ရှိ​တဲ့ အမြင့်​ဆုံး​ကောင်း​ကင်​ကို စီး​နင်း​တဲ့​အရှင်​အတွက် သီချင်း​ဆို​ကြ​ပါ။+ ဘု​ရား​က တန်ခိုး​သြဇာ​သံ​နဲ့ အကျယ်​ကြီး ပြော​တယ်။ ၃၄  ဘု​ရား​သခင်​ရဲ့ အစွမ်း​တန်ခိုး​ကို အသိ​အမှတ်​ပြု​ကြ​ပါ။+ အစ္စရေးတွေ​အပေါ် ဘုန်း​တန်ခိုး​တော် လွှမ်း​မိုး​နေ​တယ်။ မိုး​ကောင်း​ကင်​မှာ အစွမ်း​တန်ခိုး​တော် တည်​ရှိ​တယ်။ ၃၅  ဘု​ရား​သခင်​က ခမ်း​နား​တဲ့ သန့်​ရှင်း​ရာ ဌာန​တော်​က​နေ ထွက်​လာ​ချိန်​မှာ ရို​သေခန့်​ညား​ဖွယ် ကောင်း​လှ​တယ်။+ ဘု​ရား​သခင်​ဟာ အစ္စရေး​တို့​ရဲ့​ဘုရား၊ လူ​တွေ​ကို အစွမ်း​ခွန်​အား ပေး​တဲ့​အရှင်​ပဲ။+ ဘု​ရား​သခင်​ကို ချီး​မွမ်း​ကြ​ပါ။

အောက်ခြေမှတ်ချက်များ

“မိုး​တိမ်​တွေ​ကို စီး​နင်း​သွား​တဲ့ အရှင်​အတွက်” လည်း​ဖြစ်​နိုင်။
“သိုး​ခြံ​တွေ​ကြား​ထဲ” လည်း​ဖြစ်​နိုင်။
“နင်း​ခြေ​ပြီး” လည်း​ဖြစ်​နိုင်။
“အီဂျစ်​ပြည်​က​နေ သံ​တ​မန်​တွေ ရောက်​လာ​လိမ့်​မယ်” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “အီသီယိုး​ပီးယား​ပြည်​ဟာ။”