မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက သူတို့ဘာသာ မှန်ကန်တယ်လို့ ယုံကြည်ပါသလား။

ယေဟောဝါသက်သေတွေက သူတို့ဘာသာ မှန်ကန်တယ်လို့ ယုံကြည်ပါသလား။

 ဘာသာရေးနဲ့ပတ်သက်ပြီး အလေးအနက် သဘောထားတဲ့သူတွေဟာ သူတို့ရွေးချယ်ထားတဲ့အရာက ဘုရားသခင် လက်သင့်ခံတဲ့အရာလို့ ယူမှတ်ကြပါတယ်။ အဲဒီလိုမယူမှတ်ဘူးဆိုရင် သူတို့က ဘယ်လိုလုပ်ပြီး အဲဒီဘာသာမှာ ပါဝင်နေကြမှာလဲ။

 ခရစ်တော်ယေရှုက ကယ်တင်ခြင်းကို ရစေတဲ့ လမ်းတွေအများကြီး၊ ဘာသာတွေအများကြီး ရှိတယ်လို့ယူဆတာကို သဘောမတူပါဘူး။ သူဒီလိုပြောခဲ့တယ်– “အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် ဂိတ်တံခါးမူကား ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့မြင်သောသူ နည်းကြ၏။” (မဿဲ ၇:၁၄) ယေဟောဝါသက်သေတွေဟာ အဲဒီလမ်းကို တွေ့ပြီလို့ ယုံကြည်ကြပါတယ်။ သူတို့ အဲဒီလိုသာ မယုံဘူးဆိုရင် တခြားဘာသာကို ရှာကြတော့မှာပေါ့။