မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ

ဝမ်းနည်းပူဆွေးမှုဒဏ်

ဝမ်းနည်းပူဆွေးမှုဒဏ်

“အိမ်ထောင်သက် ၃၉ နှစ် အကျော်​မှာ နာတာရှည်​ရောဂါ​ကြောင့် ကျွန်တော့်​ဇနီး ဆိုဖီယာ * ဆုံးသွားတယ်။ မိတ်ဆွေ​တွေ​ဆီက အားပေး​ထောက်မမှု အများကြီး ရတယ်။ ကိုယ်တိုင်လည်း အလုပ်များ​အောင် နေ​တယ်။ ဒါပေမဲ့​ တစ်နှစ်လုံးလုံး ဖြေမဆည်​နိုင်​ခဲ့​ဘူး။ စိတ်​တက်​လိုက်​ကျ​လိုက်​နဲ့ က​ယောက်​က​ယက် ဖြစ်နေတယ်။ အခု ဇနီး ဆုံး​သွားတာ သုံးနှစ်​နီးပါး ရှိနေ​တာ​တောင် တစ်ခါတလေ ရုတ်တရက် ဝမ်းနည်း​ကြေကွဲ​နေတုန်းပဲ။”—ကော့စတာ။

ချစ်ခင်​ရသူ ဆုံးပါး​သွားတာမျိုး ကြုံဖူး​သလား။ ကြုံဖူး​ရင် ကော့စ​တာ​လို ခံစား​ရပါလိမ့်မယ်။ အိမ်ထောင်ဖက်၊ ဆွေမျိုး၊ မိတ်ဆွေရင်း​ချာ​တစ်ဦး သေဆုံးခြင်း​လောက် စိတ်ဖိစီး​ကြေကွဲ​စေ​တာ မရှိ​သလောက်ပဲ။ သေကွဲ ကွဲ​ရလို့ ဝမ်းနည်းပူဆွေးမှု​ဒဏ်​အကြောင်း​ လေ့လာတဲ့ ကျွမ်းကျင်​သူတွေလည်း ဒါကို သဘော​တူကြတယ်။ “သေခြင်းဟာ ထာဝရ ဆုံးရှုံးမှု၊ အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်တယ်” လို့ The American Journal of Psychiatry မှာ ဖော်ပြ​ထားတယ်။ ဆုံးရှုံးမှု ဝေဒနာ​ကို ခံစား​နေရ​သူ​တစ်ဦး​က ‘ဘယ်လောက်​ကြာ ဒီလို​ခံစား​နေရမှာ​လဲ။ ပြန်​ပျော်ရွှင်​ရ​ပါဦးမလား။ ဘယ်လို​ ဖြေသိမ့်​နိုင်မလဲ’ ဆိုတာ သိချင်​ကြတယ်။

အဲဒီ​မေးခွန်းတွေကို ဒီ​နိုးလော့! စာစောင်​မှာ သုံးသပ်​ထား​ပါတယ်။ မကြာသေးခင်က ချစ်ခင်​ရသူ ဆုံးပါး​သွားတယ်​ဆိုရင် ကြုံတွေ့​ရမယ့်​အရာတွေ​အကြောင်း​ နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ထားတယ်။ နောက်ဆက်တွဲ ဆောင်းပါးတွေမှာ ပူဆွေးမှု​ဝေဒနာ လျော့ပါး​စေ​နိုင်မယ့်​နည်းတွေကို ဖော်ပြပါ​မယ်။

ပူဆွေးမှု​ဒဏ် ခံစား​နေရ​သူတွေကို နှစ်သိမ့်​ပေးမယ်၊ လက်တွေ့ကျ​အကူအညီ ဖြစ်စေမယ်လို့ ကျွန်တော်​တို့ မျှော်လင့်​ပါတယ်။

^ အပိုဒ်၊ 3 ဒီ​ဆောင်းပါး​မှာ နာမည်​တချို့​ ပြောင်းထား​ပါတယ်။